ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၃

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၃


ဘင်္ဂလားဒေရှ့်၏ ရိုဟင်ဂျာဒုက္ခသည်စခန်း၏ အုပ်ချုပ်ရေးအာဏာ စီးဆင်းမှုကို ကြည့်ပါက CiC အဖွဲ့၊ APBn ရဲတပ်ဖွဲ့နှင့် မာဂျီအဖွဲ့ ဟူ၍ သာရှိသည်။ 


CiC အဖွဲ့သည် RRRC မှ ဘင်္ဂလားဒေရှ့် ဗြူရိုကရေစီဝန်ထမ်းများကို အလှည့်ကျခန့်အပ်ထားခြင်းဖြစ်သည်။ ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ ကိုကိုင်တွယ်သည်။ APBn အဖွဲ့က ရဲတပ်ဖွဲ့ဖြစ်သည်။ မာဂျီက ဒုက္ခသည်များထဲမှ စခန်းတာဝန်ခံတစ်ယောက်ကို CiC မှ ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်က ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းထဲရှိ ရိုဟင်ဂျာများအား ဘင်္ဂလားဒေရှ့်အစိုးရ၏ ကိုင်တွယ်စီမံနေမှုဖြစ်သည်။


ဘင်္ဂလားဒေရှ့်၏ ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ မူဝါဒ


ဘင်္ဂလားဒေရှ့်၏ အမြင်တွင် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်သို့ တစ်နေ့ပြန်သွားရမည့်သူများ ဖြစ်သည်။ လက်တလောတွင် ဘင်္ဂလားဒေရှ့်၌ ခိုလုံနေသူများဖြစ်သည်။ "ခိုလုံနေသူများဖြစ်၍ မိမိနေရပ်သို့ တချိန်တွင် ပြန်သွားရမည်သူ" ဆိုသည့်သဘောသည် အိမ်ရှင်မဟုတ်သောဧည့်သည်များ၊ နိုင်ငံခြားသားများ ဆိုသည့် အဓိပ္ပါယ်ဖြစ်သည္။ သာမန်တွေးထင်နေသက့ဲသို့ ယဉ်ကျေးမှု ဘာသာစကားဆက်နွယ်သည့်အတွက် ကိုယ့်အမျိုးနေရာတွင် ရှိနေသည်ဟူသော သဘောမျိုးတော့မဟုတ်ချေ။


နိုင်ငံခြားသားများသည် နိုင်ငံသားများနှင့် ဥပဒေကြောင်းအရ မတူ၊ အခွင့်အရေးမတူချေ။ နိုင်ငံတစ်နိုင်ငံ၏ စီမံခန့်ခွဲရေး ဆိုင်ရာဝန်ဆောင်မှုတိုင်းကို နိုင်ငံခြားသားတစ်ယောက်သည် နိုင်ငံသားတစ်ယောက်နှင့် အတူတူခံစားပိုင်ခွင့်မရှိပေ။ သို့ရာတွင် နိုင်ငံခြားသားဧည့်သည်သည် မိမိရောက်ရှိရာနိုင်ငံ၏ ဥပဒေကို လေးစား လိုက်နာရမည်ဖြစ်သည်။ ဤအချက်က သဘာဝသာဖြစ်၍ နားလည်ရန်မခက်ပေ။ နိုင်ငံတကာ ဥပဒေအရ ဖြစ်စေ၊ ပြည်တွင်းဥပဒေအရဖြစ်စေ (အထူးသဖြင့် Common law) ပုံစံတွင် နိုင်ငံခြားသားတစ်ဦးသည် ၎င်းရောက်ရှိရာနိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင်လည်း ရှိနေသလို ၎င်း၏ သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်လည်း သက်ဆိုင်နေသူဖြစ်သည်။ ရောက်ရှိရာနိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာအရ နိုင်ငံခြားသားကို ဝန်ဆောင်မှုအခွင့်အရေးများ ပေးလိုလျှင် ပေး၍ရ သေးသည်။ 


ဘင်္ဂလားဒေရှ့်၏ ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာမူဝါဒတွင် ရိုဟင်ဂျာများကို "နိုင်ငံ၏ဝန်ဆောင်မှုများကို ကန့်သတ်ထားပါသည်။" ရိုဟင်ဂျာ တစ်ဦးသည် ဒုက္ခသည်စခန်းအတွင်း ပြုကျင့်ခံရသော မတရားမှုအတွက် ဘင်္ဂလားဒေရှ့် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးထံ တိုင်ကြားခွင့်မရှိပေ။ CiC ကသာ ဆုံးဖြတ်သွားသည်။ CiC ထံမရောက်ခင် မာဂျီ ထံသို့ရောက်သည်။ CiC ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ရှိမရှိကို APBn လက်နက်ကိုင် ရဲတပ်ဖွဲ့က တာဝန်ယူရသည်။


ဤ အချက်က စာရွက်ပေါ်တွင် မဟာဗျူဟာအရ ကောင်းမွန်ပါသည်။ သို့သော် လက်တွေ့မြေပြင် အရှိတရားတွင် စာရွက်ပေါ်က မဟာဗျူဟာသဘောတရားနှင့် ဆန့်ကျင်ဘက် ဖြစ်လာပါက မည်သို့ လုပ်ပါမည်နည်း။


"ရိုဟင်ဂျာ တစ်ဦးသည် ဒုက္ခသည်စခန်းအတွင်း ပြုကျင့်ခံရသော မတရားမှုအတွက် ဘင်္ဂလားဒေရှ့် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးထံ တိုင်ကြားခွင့်မရှိပေ။" သာမန် ဒုက္ခသည်အချင်းချင်း မတရားမှု ပြုကျင့်ခြင်းကိုတောင်မှ တိုင်ကြားခွင့်မရှိသော အခြေအနေတွင် အကယ်၍  "CiC၊ APBn နှင့် မာဂျီ" တို့က ပြုကျင့်လာလျှင် ဆိုဖွယ်ရာမရှိတော့ပေ။ မည်သည့်စောင့်ကြည့်မှု ယန္တယားမှ မရှိချေ။ 


ရိုဟင်ဂျာ ဒုက္ခသည်စခန်းသည် နိုင်ငံတကာထောက်ပံမှုများ လာရောက်စုဝေးရာ ဒေသဖြစ်သည်။ ဒုက္ခသည်စခန်းသည် ငွေထုတ်ဖြစ်သည်။ ငွေထုတ်၊ ဥပဒေ ဟောင်းလောင်း၊ အသံမထွက်နိုင်သော ဒုက္ခသည် ဆိုသည့်အခြေအနေများက ခြစားအကျင့်ပျက်မှုအတွက် ရေခံမြေခံဖြစ်သည်။ ထိုရေခံ မြေခံက  "ပြန်ပေးဆွဲခြင်း၊ ငွေညစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ မူးယစ်ဆေးဝါး၊ မုဒိမ်းမှု၊ လိင်အမြတ်ထုတ်မှု " ဆိုသည့် အချက္များကို လက်ယပ်ခေါ်လာသည်။


ဤအခြေအနေများနှင့် ပတ်သက်၍ ဘင်္ဂလားဒေရှ့်အစိုးရ  တုန့်ပြန်ပုံက စီမံခန့်ခွဲရေးနှင့် လုံခြုံရေးအပိုင်း ဝန်ထမ်းအင်အား၊ အထောက်အကူပစ္စည်း၊ နည်းပညာ၊ ရံပုံငွေများ မလုံလောက်၍ မနိုင်မနင်းဖြစ်နေရသည်ဟု ဆိုထားသည်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဘင်္ဂလားဒေရှ့် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် အောက်ပါ အချက္များကို ဖော်ပြထားပါသည်။


၁။

ဘင်္ဂလားဒေရှ့် အရာရှိတချို့ကိုယ္တိုင္ ရိုဟင်ဂျာများအား လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေသည်ဟု လေ့လာသူများက ဆိုသည်။ ဒုက္ခသည်စခန်းများမှ ကညာပျို သတို့သမီးများကို ရရှိရန် လူကုန်ကူးသူများနှင့် ခြိတ်ဆက်ကြသည်။ ထိုဖြစ်စဉ်မျိုးများတွင် ဘင်္ဂလားဒေရှ့်အရာရှိတချို့သည် ကျင့်ဝတ်ပျက်ယွင်းစွာ အဂတိလိုက်စားမှုများဖြင့္ပါဝင်နေသည်။ ဘင်္ဂလားဒေရှ့် ပတ်စ်ပိုစ့် ရရှိရန်အတွက် နယ်စပ်ဖြတ်ကျော်သူများသည် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှ ကညာပျိုများအား ဘင်္ဂလားအရာရှိများထံ သတို့သမီးအဖြစ် ဆက်သရသည့်အချက္များက့ဲသို့ လူကုန်ကူးမှုများသည် ဖြစ်ပေါ်နေသည်။ 


၂။ 

ဘင်္ဂလားဒေရှ့် ကောစ်ဘဇားနှင့် ဘာဆန်ချာရ်ကျွန်းတွင် ဒုက္ခသည်စခန်း ၃၃ ခုရှိပြီး ရိုဟင်ဂျာပေါင်း တစ်သန်းကျော်ရှိနေသည်။ လက်နက်ကိုင် အုပ်စုများ၊ စစ်ဘက်အဖွဲ့အစည်းများ၊ ဂိုဏ်းစတားများများသည် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများရှိ ကလေးငယ်များကိုပါ စစ်သားစုဆောင်းမှုရှိနေသည်။ ဒုက္ခသည်များ၏ အခြေအနေမှာ လူကုန်ကူးခံရနိုင်သော အန္တရာယ်၊ စစ်သားစုဆောင်းခံရနိုင်သော အန္တရာယ်များရှိနေသည်။ စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်းများ မရရှိ၊ ထောက်ပံမှုများလည်းမလုံလောက်ပေ။ အကျင့်ပျက်နိုင်ငံရေးနှင့် ခြစား အဂတိများကြောင့် အစိုးရအပေါ် ယုံကြည်မှုနည်းနေကြသည်။ ရိုဟင်ဂျာများအား လိင်ကုန်ကူးမှု၊ လူကုန်ကူးမှုတို့သည် ဘင်္ဂလားဒေရှ့်ကို ကျော်လွန်၍ နိုင်ငံဖြတ်ကျော်မှုများ ဖြစ်နေသည်။ ရိုဟင်ဂျာမိန်းကလေးငယ်များအား ဘင်္ဂလားဒေရှ့်တွင် အလုပ်အကိုင်အခွင့်အလမ်းများပေးမည်၊  အိန္ဒိယ၊ မလေးရှားနှင့် နီပေါတို့တွင် အလုပ်အကိုင်များရှိသည်၊ လက်ထပ်လိုသူများရှိသည်ဟု ဆိုကာ လိင်ကုန်ကူးမှုကို ပြုလုပ်နေကြသည်။ ဘင်္ဂလားအစိုးရ၏ ရိုဟင်ဂျာများအား အလုပ်အကိုင်ကန့်သတ်မှုက ဤအကျိုးဆက္များကို ဖြစ်လာစေသည်။ အစိုးရ၏ ထင်သာမြင်သာမျက်စိအောက်တွင်ပင် ဘင်္ဂလားအရာရှိတချို့သည် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ၌ထိုကိစ္စများ၊ စော်ကားမှုများတွင် ပါဝင်ပတ်သက်နေကြသည်။ စခန်းအတွင်းမှ ရိုဟင်ဂျာ မိန်းကလေး၊ ယောက်ျားလေးများကို စုဆောင်းပြီး လက်ထမ်းစျေးဆိုင်များ၊ တံငါလုပ်ငန်းများ၊ လန်ခြားဆွဲခြင်း၊အိမ်ဖော်လုပ်ငန်းများတွင် အတင်းအကြပ်ခိုင်းစေနေကြသည်။ နိုင်ငံခြားခရီးသွားများကြောင့်လည်း ဘင်္ဂလားဒေရှ့်  နိုင်ငံအပြင်ဘက်ထိ ကောစ့်ဘဇားအနီးတဝိုက္မှ ရိုဟင်ဂျာ အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အသုံးချ ညှင်းဆဲခြင်းကို ခံနေရသည်။


sources

https://www.state.gov/reports/2025-trafficking-in-persons-report/bangladesh/?hl=en-GB




















Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း