ရိုဟင်ဂျာအရေးအပေါ် ခိုင်မာသော နိုင်ငံရေးနှင့် လူသားချင်းစာနာမှုအထောက်အပံများပေးသည့်အတွက် တူရကီအား အလေးအနက်ထားကြောင်း ဘင်္ဂလားဒေရှ့် ဆို
ရိုဟင်ဂျာအရေးအပေါ် ခိုင်မာသော နိုင်ငံရေးနှင့် လူသားချင်းစာနာမှုအထောက်အပံများပေးသည့်အတွက် တူရကီအား အလေးအနက်ထားကြောင်း ဘင်္ဂလားဒေရှ့်ဆို
ရိုဟင်ဂျာအရေးအပေါ်မှာ ခိုင်မာတ့ဲနိုင်ငံရေးရပ်တည်ချက်နဲ့ လူသားချင္းစာနမှုအထောက္အပံတွေပံပိုးပေးတ့ဲအတွက္ တူရကီနိုင်ငံကို ဘင်္ဂလားဒေရှ့်ဘက်က အလေးအနက်ထားတယ်လို့ ဆိုပါတယ်။ ၄ ကြိမ်မြောက် နိုင်ငံရေးနှီးနှောဖလှယ်မှုနဲ့ ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့စွဲနဲ့ နှစ်နိုင်ငံပူးတွဲ ကြေ ငြာချက္မှာ ယခုလိုဖော်ပြထားတာပါ။ တူရကီနိုင်ငံရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ သံကိုယ်စားလှယ် အေ ဘာရ်ရစ် အီကင်စီ (A. Berris Ekinci ) ဦးဆောင္တ့ဲ အဖွဲ့ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် သံကိုယ်စားလှယ် အာဆဒ် အာလမ် ဆီယမ် ( Asad Alam Siam) နဲ့ တွေ့ဆုံခ့ဲတယ္လို့ ဆိုပါတယ်။
အဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အချက် ၁၄ ချက်ကို နှစ္နိုင္ငံပူးတွဲထုတ္ ပြန်ခ့ဲရာမှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ အချက်နှစ်ချက်ပါဝင်ပါတယ်။
ဘင်္ဂလားဒေရှ့်မှာ ဇူလိုင်တော်လှန်ရေးဖြစ်နေတုန်းမှာ တူရကီဘက်က ကော့ဘဇားက ရိုဟင်ဂျာဒုက္ခာသည်စခန်းမှာ ဆေးဝါးကုသရေးစခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေမှာ လက်တွေ့ကျတ့ ပူးပေါင်းဆောင်ရွက္မှုတွေဆက်လုပ်ဖို့ကို နှစ်ဖက်သဘောထားအမြင်တွေ ဖလှယ္ခ့ဲ ကြတယ္လို့ဆိုပါတယ္။
ဒါအပြင် ရိုဟင်ဂျာများအနေနဲ့ သူတို့ရဲ့ မိခင်နိုင်ငံကို ဂုဏ်သိက္ခာရှိစွာ၊ လွတ်လပ်စွာပြန်နိုင်ဖို့ ကိစ္စရပ်နဲ့ပတ်သက်ပြီး လတ်တလော လိုအပ်ချက်တွေအပေါ်မှာလည်း နှစ်ဖက်သဘောထားအမြင် ဖလှယ္ခ့ဲ ကြတယ္လို့ဆိုပါတယ္။ဘင်္ဂလားဒေရှ့်ဘက်ကယူးယောခ့်မှာ ကျင်းပခ့ဲတ့ဲအကြိမ် ၈၀ မြောက်ကုလအထွေထွေညီလာခံ ရိုဟင်ဂျာအရေး အဆင့်မြင့်ဆွေးနွေးပွဲမှာ တူရကီနိုင်ငံဘက်က တက်ကြွစွာ ဆောင်ရွက္မှုတွေကိုလည်း ဝမ်းမြောက်ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက္မှု ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့်ချီမှုတွေကို တန်ပြန်တိုက်ဖျက်ရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးအကြံပေး အမ်ဒီ တူဟစ် ဟူစိန် (Md Touhid Hussain) နဲ့ တွေ့ဆုံရာမှာလည်း တူရကီသံကိုယ်စားလှယ်သံကိုယ်စားလှယ် အေ ဘာရ်ရစ် အီကင်စီ (A. Berris Ekinci ) က ရိုဟင်ဂျာ များနေရပ်ပြန်နိုင်ရေးကိစ္စအပေါ် တူရကီဘက်က အလေးထားတယ်လို့ ပြောကြားခ့ဲပါတယ်။
Source
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာန
Comments
Post a Comment