ဆွေးနွေးပွဲ မအောင်မြင်လျှင် စစ်ပွဲအတွက်အသင့်ဟု ပါကစ္စတန်က တာလီဘန်ကို အသိပေး
ဆွေးနွေးပွဲ မအောင်မြင်လျှင် စစ်ပွဲအတွက်အသင့်ဟု ပါကစ္စတန်က တာလီဘန်ကို အသိပေး
ပါကစ္စတန်နဲ့ တာလီဘန်တွေဟာ ပြီး ခ့ဲတ့ဲ ရက်သတ္တပတ်က ဒိုဟာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခ့ဲပါတယ္။ လက်ရှိမှာတော တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ဆက်ပြီးဆွေးနွေးနေကြတာပါ။ အစ္စတန်ဘူလ် ဆွေးနွေးပွဲ အတွင်းမှာပဲ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အစ်ဆီဖ် ( Khawaja Muhammad Asif )ရဲ့ သတိပေးချက်က ပေါ်ထွက်လာတာပါ။ ဒီလိုပြောကြားမှုကြောင့် လက်ရှိဆွေးနွေးပွဲအပေါ် ထိခိုက်နိုင်တယ်လို့လည်း ဝေဖန်သူတွေရှိပါတယ်။
ပါကစ္စတန်နဲ့ တာလီဘန်တို့ကြား အပစ်အခတ်ရပ်စဲရေး သေချာစေဖို့အတွက် ဘယ်လိုရှေ့ဆက်ဆောင်ရွက္မယ်ဆိုတာတွေကို အစ္စတန်ဘူလ်မှာ ဆွေးနွေးနေတာပါ။
ကာတာနဲ့တူရကီက ကြားဝင်စေ့စပ်ပေးမှုအရ ဆွေးနွေးပွဲတွေဟာ အောက်တိုဘာ ၂၅ ရက် စနေနေ့က စပြီး တနင်္ဂနွေနေထိ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နဲ့ တာလီဘန်တွေအုပ်ချုပ်နေ တ့ဲ အာဖဂန်နှစ်နိုင်ငံကြား နယ်နိမိတ်တိုက်ပွဲတွေမှာ သေဆုံးမှုက ဒါဇင္နဲ့ချီခ့ဲ ပြီး ထိခိုက်ဒဏ်ရာရမှုက လူတရာကျော္ရှိခ့ဲပါတယ္။
"ဆွေးနွေးပွဲမအောင်မြင်ရင် စစ်ပွဲက ရှိနေမယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေရှိပါတယ်" လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ပါကစ္စတန်အရှေ့ပိုင်းက ဆီးယယ်ကုတ် (Sialkot) မြို့မှာ ပြောဆိုလိုက်ပါတယ်။ "ဒါပေမယ့် သူတို့တွေလည်း ငြိမ်းချမ်းရေးလိုချင်တာကို ကျွန္တော်မြင်ခ့ဲတယ်" လို့လည်း သူကဆိုပါတယ်။
အစ္စတန်ဘူလ်က အဲလ်ဂျာဇီးယားသတင်းထောက် အစီရင်ခံချက်အရ တူရကီဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြား စိတ္ချရတ့ဲ အဖြေအတွက် လမ်းခင်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းဆိုပါတယ်။
တာလီဘန်ဘက်က လက်ထောက်ပြည်ထဲရေးဝန်ကြီး ဟာဂျီ နာဂျစ်ဘ် (Haji Najib) က ဦးဆောင္တ့ဲ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးနေပြီး ပါကစ္စတန်ဘက်ကတော့ သူရဲ့ကိုယ်စားလှယ်အဖွဲ့ကို မထုတ်ပြန်ပါဘူး။
သောကြာနေ့တုန်းက ပါကစ္စတန်စစ်တပ်ရဲ့ နိုင်ငံခြားရေးရာဌာန ပြောခွင့်ရသူက ဆွေးနွေးပွဲတွေမှာ အာဖဂန်မြေပေါ်က အကြမ်းဖက်မှုတွေဟာ ပါကစ္စတန်ဘက်ကို ဦးတည်နေတာ တွေအတွက် ဆွေးနွေးရမယ်လို့ ပြော ဆိုခ့ဲပါတယ္။
အာဖဂန်ဟာ ပါကစ္စတန် တာလီဘန် (TPP) ကိုလက်ခံထားတယ်လို့ ပါကစ္စတန်က ဆိုပါတယ်။ ဒါကို အာဖဂန်က ငြင်းဆန်ပါတယ်။ ပါကစ္စတန်ရဲ့ စစ်ဘက်ဆိုင်ရာလုပ်ရှားမှုဟာ အာဖဂန်ရဲ့ အချုပ်အခြာကို ချိုးဖောက်တယ်လို့လည်း ရှုတ်ချပါတယ်။
အာဖဂန် ကုန်သွယ်ကူးသန်းနဲ့ စက္မှုအသင်းက နှစ်နိုင်ငံကုန်သွယ်ရေးရပ်တန့်နေတာကြောင့် ကုန်သည်တွေရဲ့ ဆုံးရှုံးမှုဟာ တရက္မှာ ဒေါ်လာသန်းရာနဲ့ချီရှိနေတယ်လို့ဆိုပါတယ်။
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ရဲ့ အာဖဂန်အရေးလေ့လာသူ အီဘရာဟင် ဘာဟိစ် (Ibraheem Bahiss) က အစ္စတန်ဘူလ်ဆွေးနွေးပွဲဟာ လက်နက်ကိုင်အုပ်စုတွေအပေါ် စုံစမ်းထောက္လှမ်းတ့ဲ အချက်အလက်တွေ မျှဝေကြဖို့အတွက်ပဲ အဓိကဆွေးနွေးလိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။ ပါကစ္စတန်ဘက်က TTP အဖှဲ့တှရှေိတ့ဲ နေရာတွေလို့ ယူဆတ့ဲနေရာတွေမှာ စစ်ဆင်ရေးတွေကို ညှိ့နှိုင်းဆောင်ရွက်ချင်နေတယ်။ ဒါပေမယ့် တာလီဘန်ဘက်က ဒါဟာ သူတို့ကိုဆန့်ကျင္တ့ဲ သဘောအဖြစ်မြင်နေတယ် လို့ သူကဆိုပါတယ်။
ပြီး ခ့ဲတ့ဲ နှစ်ပတ် သုံးပတ်အတွင်း အာဖဂန်ဘက်က အလုံးအရင်းနဲ့ တိုက်ခိုက္မှုတွေ မရှိဘူးလို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး တာဟာ အန်ဒရာဘီ ( Tahir Andrabi) က ပြောပါတယ်။ ဒိုဟာ ဆွေးနွေးပွဲက အလုပ်ဖြစ်ခ့ဲပါတယ္။ လက်ရှိ အစ္စတန်ဘူလ် ဆွေးနွေးပွဲနဲ့ ဆွေးနွေးပွဲအလွန် အခင်းအကျင်းတွေကိုလည်း အဲဒီလိုမျိုးမျှော်လင့်ပါတယ် လို့ သူက ဆိုပါတယ်။
မူရင်း
https://www-aljazeera-com.cdn.ampproject.org/v/s/www.aljazeera.com/amp/news/2025/10/25/pakistan-minister-warns-of-open-war-with-afghanistan-if-peace-talks-fail
Comments
Post a Comment