ရိုဟင်ဂျာအရေးအပေါ် စစ်ဘက်ရေးရာမှ ရှူဒေါင့်အမြင်

 ရိုဟင်ဂျာအရေးအပေါ် စစ်ဘက်ရေးရာမှ ရှူဒေါင့်အမြင်


မိုဟာမက္ မာဖူဇာရ် ရာမန် 

Mohammad Mahfuzur Rahman

Daily Sun သတင်းစာ


ပြဿနာတစ်ခုအားဖြေရှင်းရန် ပထမဆုံးအဆင့်မှာ ထိုပြဿနာအကြောင်းကို နားလည်ရန်လိုသည်။ပုံမှန်အားဖြင့် ပြဿနာဖြင့်လာလျှင် ပြဿနာအားနားလည်ရန်ကြိုးစားမှုထက် ပြဿနာအတွက် အချိန်နဲ့ အရင်းအမြစ်များကိုသာ သုံးပစ်ရင္း အချိန္ကုန္လိုက်တတ်သည်။ ပညာတတ်အဝိုင်းအဝန်းကြား ရိုဟင်ဂျာဆိုင်ရာ မူဝါဒများကို ချမှတ်ရာတွင် အားလုံးပါဝင်စေချင်သည့် စိတ်ဆန္ဒကိုသာ အခြေခံ၍ ပြောနေတတ်ကြသည်။ ဤဆောင်းပါးက ထိုသို့ အားလုံးပါဝင်စေချင်သည့် မူဝါဒအတွက် စစ်ရေးဆိုင်ရာအမြင်ရှူဒေါင့်ကို တင်ပြပါမည်။


ရိုဟင်ဂျာကိစ္စသည် မြန်မာနိုင်၏ လူမှုရေးဆိုင်ရာ ကိစ္စသာဖြစ်သည်။ ဤလူမှုရေးဆိုင်ရာကိစ္စရပ်အပေါ် နိုင်ငံရေးအရဖြေရှင်းရမည့်အစား မြန်မာသည် စစ်ပုံသွင်းလိုက်သည်။ ဆိုလိုချင်သည်က ရိုဟင်ဂျာဆိုသည့် လူမှုပြဿနာကို စစ်သွေးစစ်မာန်ဖြင့် ဖြေရှင်းရန် အာသီသရှိနေ ခ့ဲသည္။ လက်ရှိတွင် ရိုဟင်ဂျာများနှင့်ပတ်သက်၍ မြန်မာ၏ ယဉ်ကျေးမှုလက္ခဏာဘက္မှ ရှိနေသော မဟာဗျူဟာကို နားလည်ထားရန်လည်းလိုလာသည်။


(က). မြန်မာလူ့အဖွဲ့အစည်းသည် လူမျိုးစု သရုပ်လက္ခဏာကို အခြေခံသည်။ မြန်မာအစိုးရအဆက်ဆက်သည် အဆိုပါလူမျိုးစုအားလုံးအပေါ် ကိုယ္စားပြုနိုင္မှုမရှိနိုင်ခ့ဲပေ။အသီးသီးရှိနေသော လူမျိုးစုများတွင် အားလုံးအပေါ်လွမ်းခြုံသော အမျိုးသားရေးက ပုံမပေါ်ခ့ဲဘဲ ကိုယ့်လူမျိုးစုအဝိုင်းအဝန်းထဲတွင်သာ ပိုမိုစည်းလုံးနေကြသည်။ ထိုသို့ တနိုင်ငံလုံးအပေါ်လွမ်းခြုံသည့် အမျိုးသားရေးအယူအဆကသာ အားနည်းလျှင်နည်းမည်၊ ကိုယ့်လူမျိုးစုအဝိုင်းအဝန်းထဲတွင်သာ ပို၍စည်းကပ်ချင်လျှင်စည်းကပ်မည်၊ တူသည်က ထိုသို့ဖြစ်နေသော မြန်မာလူ့အဖွဲ့အစည်းသည် ပါဝါအမာလှိုင်း၊ စစ်ရေးပါဝါကိုသာ အရိုအသေပြုကြသည်က တူကြသည်။ အားလုံးသော လူမျိုးစုနီးပါးလောက်တွင် ကိုယ်စီ ကိုယ်စီလက်နက်ကိုင်တပ်ဖွဲ့ကရှိသည်။ မကြာခဏဆိုသလို မတူကွဲပြားခြားနားမှုများကို ပါဝါအမာလှိုင်းဖြင့်သာ ဖြေရှင်းရန် လက်ယဉ်နေကြသည်။ အငြိမ်ပါဝါစက်ဝန်းထဲတွင်တော့ ဆုံးဖြတ်ချက်ချနိုင်မည့်ခုံပေါ်တွင် နေရာများကရှိနေသည်။ ထိုနေရာများတွင် ဘာသာရေးအုပ်စုများလည်းပါဝင်နေသည်။ ဆုံးဖြတ်ချက္များအပေါ် ဘာသာရေးအုပ်စုများက လွမ်းမိုးမှုရှိသည်။

(ခ). ရိုဟင်ဂျာများနှင့် ပတ်သက်၍ ဖြစ်ပျက်နေသော မြန်မာ့လူ့အဖွဲ့အစည်း၏ တွေးရိုးတွေးစဉ် လုပ်ရိုးလုပ်စဉ်ပုံစံ ယဉ်ကျေးမှု၏ ဗျူဟာသည် အထက်တွင် ဖော္ပ​ြ ခ့ဲသော အချက္များနှင့် သက်ဆိုင်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ အမြင်တွင် ရိုဟင်ဂျာသည် မြန်မာအတွက် လူမျိုးစုမဟုတ်။ ၎င်းတို့သည် မကြာခင်က ဝင်ရောက်လာသူများဟုထင်မြင်သည်။ ထိုသို့ လက္မခံမှုက ရိုဟင်ဂျာများအတွက် ခက်ခဲကြမ်းသော အခြေအနေများကို ပေါ်ပေါက်လာတော့သည်။ ရိုဟင်ဂျာများ၏ မိမိလူ့အဝိုင်းအဝန်းအတွင်း လက်ထပ်မှုပုံစံက လူဦးရေအချိုးအစားကို မြင့်မားလာစေသည်။ ဤအချက်အပေါ်  မြန်မာလူ့အဖွဲ့အစည်း၏ ဘာသာရေးအုပ်စုများက ဘင်္ဂလားဒေရှ့်ကို ရည်ညွှန်းသည့်အနောက်အရပ်ကလာသော  အစ္စလမ္မစ်လိုက်ဇေးရှင်းအဖြစ် ဝါဒဖြန့်စရာဖြစ်လာသည်။ ရိုဟင်ဂျာများ၏ လူဦးရေးအချိုးအစားတိုးပွားမှုသည် သရုပ်လက္ခဏာတစ်ခုကို စုစည်းနေမှုအဖြစ် ရှူမြင်လာသည်။ ဤရှူမြင်မှုက မြန်မာလူ့အဖွဲ့အစည်းအတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုကို ဖြစ်စေသည်။ ဤအချက်က ရိုဟင်ဂျာများ မြန်မာပြည်မှကင်းစင်ရေးအား စစ်ရေးရှူဒေါင့်ဖြင့်ပြုရမည်ဟု မြန်မာလူ့အဖွဲ့အစည်းအတွင်း ယေဘူယျအမြင်ကိုသော်လည်းကောင်း၊ မြန်မာစစ်တပ်၏ အဓိကအမြင်အဖြစ်ရှိနေမှုကိုသော္လည်းကောင်း မြင်သာစေသည်။ စစ်ရေးပုံသဏ္ဍာန်ပြုမှုဖြင့် မြန်မာစစ်တပ်က ထိုအခြေအနေအား အဆုံးသတ်နိုင်မည်ဟုထင်ကြဟန်ရှိသည်။ ၂၀၁၇ခု နှစ်မှစ၍ ယခုအထိ ရိုဟင်ဂျာများ၏ ဒုက္ခသည် ဤအချက်ကြောင့်ဖြစ်သည်။

လက်ရှိပြဿနာအား ဗိုလ်ချုပ်၏သမီးတစ်ဦးနှင့် ဗိုလ်ချုပ်တစ်ဦးတို့မှ ဖန္ တီးခ့ဲသည္။ ယခုမူကား ရိုဟင်ဂျာကိစ္စသည် ဗိုလ်ချုပ်နှစ်ဦးထံတွင် မူတည်နေပြန်သည်။ ထိုနှစ်ဦးကား အေအေဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မြန်မာစစ်တပ်ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ဖြစ်သည်။ အေအေသည်ကား မြန်မာစစ်တပ်၏ မှန္ တချပ္က့ဲသို့ ဖြစ်လာသည်။ မြန်မာစစ်တပ်သည်ကား ခေတ်သစ် မြန်မာနိုင်ငံကို မဖွဲ့စည်းခင်ကပင် ပေါ်ထားသည်။ ထို့ကြောင့် ထိုအချိန်ကပင် ယခုထိ နိုင်ငံရေးထဲတွင် လွမ်းမိုးမှုရှိသည်။ အေအေသည်လည်း သူ၏ နိုင်ငံရေးအဖွဲ့ ယူအဲလ်အေကို မဖွဲ့စည်းမှီကပင် ပေါ်လာသည်။ သို့ဖြစ်၍ နိုင်ငံရေးထဲတွင် လွမ်းမိုးမှုရှိသည်။ အချုပ်အားဖြင့် အဆိုပါစစ်ဘက်အင်စတီကျူးရှင်းနှစ်ခုစလုံးသည် နိုင်ငံရေးတွင်ပါ လွမ်းမိုးမှုရှိသည်။ နိုင်ငံရေးနယ်ပယ်မှ ဆုံးဖြတ်ချက်အား အဆိုပါ အဖွဲအစည်းနှစ်ခုစလုံး နာခံသည်ဆိုခြင်းထက် အဆိုပါအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ကို ၎င်းတို့၏ နိုင်ငံရေးအခင်းအကျင်းက နာခံနေရခြင်းကပိုများသည်။


စစ်ဘက်စိုးမိုးမှုလွမ်းမိုးသော နိုင်ငံရေး အခြေအနေအောက်ရှိ စစ်တပ်တစ်ခုသည် အချိန်ကာလများကိုကျော်ဖြတ်ပြီးနောက် ရက်စက်ကြမ်းကြုတ်မှုဆီကိုရောက်ရှိလာသည်။ ဤအချက်ကို ပြန်လည်အမှတ်ရစေနိုင်ကောင်း၏။ မြန်မာစစ်တပ် (တပ်မတော်)သည်ကား အဆိုပါ ရက်စက်ကြမ်းကြုတ်မှုတွင် ဆိုဖွယ်ရာ ခြွင်းချက့်မရှိ ထိပ်ခေါင်အထိ။  ခြွင်းချက်အဖြစ် အေအေကိုကော ရှူမြင်၍ ရတန်ကောင်းပါမည်လော။ ရက်စက်ကြမ်းကြုတ်သောစစ်တပ်တစ်ခုသည် ရက်စက်သော အခြားစစ်တပ်ကိုသာ အပြန်အလှန်လေးစားကြသည်။ အပြန်အလှန္ရှိန်ကြသည်။ ဥပမာ- အီရန်နှင့် အစ္စရေး တို့ကိုနမူနာအဖြစ်ကြည့်နိုင်သည်။ 


အစောပိုင်းဖော်ပြချက္များအရ ရိုဟင်ဂျာများအပေါ် အကြပ်အတည်းဆိုက်စေသည်အထိ မြန်မာစစ်တပ်၏ ပုံဖော်မှုတွင် အချက်ငါးချက်ရှိသည်။ ထိုအချက်ငါးချက်စလုံးကို မြန်မာစစ်တပ်က ပုံဖော္ခ့ဲသည္။ ခြောက်ချက်မြောက်က ဒေသတွင်း ပထဝီဝင်နိုင်ငံရေး ကစားကွင်းတွင် ဝင်ပါနေသော ဇတ်ကောင်များကြောင့် ပေါ်လာခြင်းဖြစ်သည်။ 


(၁). စစ်ဆင်ရေးပုံဖော်ခြင်း

၂၀၁၁ခု နှစ်မှ စတင်ကာ ဗိုလ်ချုပ်မင်းအောင်လှိုင် ကာကွယ်ရေးတွင် အကြီးအမှုးဖြစ်လာပြီးနောက် မပြီးပြတ်သေးသော လုပ်ငန်းစဉ်များ ရှိသည်ဟု ပြောခ့ဲသည္။ ထိုအချိန်မှစ၍ ရိုဟင်ဂျာနှင့် မူဆလင်ဆန့်ကျင်ရေး ကိစ္စရပ်များအား သတင်းမှားဖြန့်ခြင်း၊ ဝါဒဖြန့်ချီခြင်း၊ မီဒီယာလှုပ်ရှားမှုများပြုခြင်းတို့အပါအဝင် ၉၆၉ လှုပ်ရှားမှုများ မြင့်တက္ ခ့ဲသည္။ ထိုဖြစ်စဉ်များအားလုံးက အဆုံးသတ်တွင် စစ်တပ်အနေဖြင့် စစ်ဆင်ရေးပုံဖော်ရန် အထောက်အကူပေးသော အနေအထားတစ်ရပ်ကို ဖြစ်လာစေ ခ့ဲသည္။ 

(ခ). တင်ကူးကြိုတင် စစ်ဆင်ရေး

အဓိက စစ်ဆင်ရေးတစ်ခုကို အားဖြည့်ရန် တကြိမ်စီ တကြိမ်စီ အကြိမ်ပေါင်းမနည်း ကြိုတင်လှုပ်ရှားမှုများရှိသည်။ ထိုတစ်ကြိမ်စီ တစ်ကြိမ်စီ အခါပေါင်းများစွာက အဓိကစစ်ဆင်ရေးအတွက် အထောက်အကူဖြစ်စေသည်။ ၂၀၁၆ ခုနှစ်အတွင်း လက်နက်ကိုင်ဆူပူမှုကို ရှင်းလင်းရေးအမည်တပ်သော မေယုတောင်တန်းတွင် စစ်ဆင်ရေးသည်လည်း ထိုနည်းအတိုင်းဖြစ်သည်။ ရိုဟင်ဂျာ ကိုးသောင်းလောက်ကို ဘင်္ဂလားဒေရှ့်ဘက် ရောက်လာစေ ခ့ဲသည္။ 

ဤအခြေအနေတွင် နိုင်ငံတကာအသိုင်းအဝန်း၏တုန့်ပြန်မှုကို ယေဘူယျဆန်ဆန်သာ လေ့လာလိုပြီး ဘင်္ဂလားဒေရှ့်၏ တုန့်ပြန်မှုကို အသေးစိတ်လေ့လာရမည်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝန်းသည်လည်း ဒါကာ၏ နိုင်ငံရေး၊ သံတမန်ရေးနှင့် စစ်ရေးဆိုင်ရာအရ ပြန်လည်ရင်ဆိုင်လိုစိတ်တွင် အားနည်းချက္များရှိနေခြင်းကို တွက်ချက္ပုံမှားကာ နားမလည်ခ့ဲပေ။

(ဂ). အဓိက စစ်ဆင်ရေး

၂၀၁၇ အတွင်းတွင် ပြုလုပ်သော အဓိကစစ်ဆင်ရေးက လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးရေးသန့်စင်မှုများအထိ ဖြစ္ခ့ဲပြီးရိုဟင်ဂျာ ၁.၁သန်းလောက် ဘင်္ဂလားဒေရှ့်ကို ထွက္ပြေးခ့ဲရတော့သည်။

(ဃ). လက်စသိမ်းခြင်း

လက်ရှိတွင်တော့ အေအေသည် ကျန်ရှိနေသော ရိုဟင်ဂျာများကို နှင်ထုတ်နေသည်။ နှင်ထုတ်ပုံက တနိုင်တပိုင် အသုတ်လိုက် အသုတ်လိုက် နှင်ထုတ်နေခြင်းဖြစ်သည်။ ရိုဟင်ဂျာကင်းစင်သော ရခိုင်ပြည္ဖြစ်သည်အထိ နိုင်ငံရေးရည်ရွယ်ချက်ပါနေသည်။

(င). ပဋိပက္ခအား အဆုံးသတ်ခြင်း

ဤအပိုင်းတွင်တော့ အရပ်ဘက်နိုင်ငံရေးအာဏာအား ပြန်တည်ဆောက္မှုနှင့် အရပ်သားအုပ်ချုပ်ရေးအားအထိုင်ချခြင်းတို့ပါဝင်သည်။ ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်တွင် ရိုဟင်ဂျာတို့၏ မြေအား ရခိုင်အသိုင်းအဝိုင်းထံ ဖြန့်ဝေပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြေယာနှင့်ဆိုင်သော ပြဌာန်းချက္များတွင် မီးလောင်ပြာကျသွားသော နေရာများနှင့် လူမနေတော့သည့်နေရာလွတ်များသည် လူ/ကယ်/ပြန် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အောက်သို့ ရောက်သွားသည်။ တချိန်ချိန် ရိုဟင်ဂျာများ မိမိရပ္ရွာသို့ ပြန် နိုင္ခ့ဲသော် မိမိမြေအား ပြန်တောင်းရမည့်ကိစ္စသည် ဥပဒေ ကြောင်းအရ တိုက်ပွဲဝင်ရအုံးမည်ဖြစ်သည်။

(ဆ). ဒေသတွင်း ပထဝီဝင်နိုင်ငံရေး

ဤအချက်ကတော့ မြန်မာစစ်တပ်လုပ်ဆောင်သည့်အပိုင်းမဟုတ်ပေ။ ပထဝီဝင်နိုင်ငံရေးအရ နိုင်ငံတကာအဆင့်၊ ဒေသတွင်းနိုင်ငံများအဆင့်နှင့် ရေခံမြေခံနယ်မြေအဆင့်များတွင် INGOများနှင့် NGOများက ပုံဖော်လာသည့် အပိုင်းဖြစ်သည်။ ၎င်းတို့က ရိုဟင်ဂျာကိစ္စအား ဘင်္ဂလားဒေရှ့်လူ့အဖွဲ့အစည်းထဲသို့ အကျိုးအမြတ်အတွက် တွန်းပို့နေကြသည်။ 

ဤသို့ဆိုပါလျှင် ဘင်္ဂလားလူ့အဖွဲ့အစည်းအတွက် မည်သည့်အမြင် မည်သည့်ရွေးချယ်မှုကို မဟာဗျူဟာမြောက် ကိုင်စွဲသင့်သနည်း။ သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေး စသည့်ရွေးချယ်မှုများက စားပွဲဝိုင်းပေါ်တွင်ရှိသည်။ ထိုအရေးများထဲတွင် စစ်ရေးအပေါ် ဘင်္ဂလားဒေရှ့်ရော နိုင်ငံတကာကပါ ဘယ်သူမှ ဆန္ဒမရှိကြ။ ပို၍ရှင်းအောင်ဆိုရပါလျှင် ရိုဟင်ဂျာအရေးအတွက် စစ်ရေးပုံဖော်ရန် ဘင်္ဂလားဒေရှ့်စစ်တပ်တွင် စွမ်းဆောင်ရည်ကွာဟချက်ရှိသည်။ ဘင်္ဂလားဒေရှ့် လူ့အဖွဲ့အစည်းသည်လည်း ထိုက့ဲသို့ စစ်ရေးဖြင့် ဖြေရှင်းမည့် ယဉ်ကျေးမှုနှင့် အကျွမ်းမဝင်ကြ။ အကျွမ်းလည်းဝင်လာစရာလည်းမရှိသလို ဘင်္ဂလားဒေရှ့်စစ်တပ်၏ စွမ်းဆောင်ရည်ကွာဟမှုမှာလည်း အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်စရာလည်းမရှိပေ။


အကယ်၍ ဘင်္ဂလားဒေရှ့်အတွက် စစ်ရေးသည် ရွေးချယ်စရာဟု ပြောကြလျှင် ဤအချက်သည် မြန်မာနှင့် စစ်မက္ပြုရမည်ဟူသော အဓိပ္ပါယ်ဖွင့္ဆိုချက္မျိုးတော့မဟုတ္ပေ။ဤအချက်၏ အဓိပ္ပါယ်မှာ မူလရည်ရွယ်ချက်သည် စစ်ပွဲကိုရှောင်လွဲရန်၊ စစ်ပွဲကို ရပ်တန့်ရန်နှင့် လူမဆန်သော ညင်းပန်းနှိပ်စက္မှုများကိုရပ်တန့်ရန်သာဖြစ်သည်။ (မြန်မာသည် ဘင်္ဂလားဒေရှ့် ပိုင်နက် ဝေဟင်ထဲသို့ ၁၉ ကြိမ်ထက္မနည်း ဝင္ရောက္ ချိုးဖောက္မှုရှိခ့ဲသည္။အနည္းငယ်သောအကြိမ်ရေများအတွက် တာဝန်ယူ တာဝန်ခံမှုမှ လွတ္ခဲ့ဲသည္။ထိုသို့ရှိနေသော်လည်း ဘင်္ဂလားဒေရှ့်ဘက်က တာဝန္ယူမှု၊ တာဝန္ခံမှုအတွက် အရေးဆိုနေမှုက ရှိနေပါသည်။) 

လက်ခံနိုင်လောက်သော ဟန့်တားမှုအား အထက်ဖော်ပြပါ အပိုဒ် (ဃ) တွင် "ဖြစ်ပွားနေမှု (လက်စသိမ်းခြင်း) မျိုး"ကို ရပ်တန့်စေရန်အတွက္ အဓိပ္ပါယ္ဖွင့္ဆိုနိုင္ပါလိမ့္မည်။ဤအချက်သည် ဘင်္ဂလားဒေရှ့်အနေဖြင့် စစ်ရေးရွေးချယ်မဟုတ်ဘဲ ဆောင်ရွက်နိုင်သည်။ သို့သော် နယ်ပါယ်တိုင်း ရှူဒေါင့်တိုင်းအတွက် လိုအပ်သော စွမ်းဆောင်ရည်များ ကွင်းဆက်လိုက်ဖြင့် ဆောင်ရွက်နိုင္ရန္လိုသည္။

အကယ်၍ စစ်ရေးသည် ရ​ွေးချယ္စရာများထဲမှ တစ်ခုဆိုလျှင် ထိုက့ဲသို့ ဆိုနေသူများအနေဖြင့္ မြန်မာဘက်အခြမ်းတွင် ဖြစ်နေသော စစ်ရေးပဋိပက္ခတစ်ခုအပေါ် မည်သို့ရှူမြင်ပါသနည်း။  သို့မဟုတ် စိတ်ရှည်စွာ မဟာဗျူဟာမြောက် အခြေအနေကို စောင့်ကြည်နေမှုသည်အကျိုးရှိသည်ဆိုလျှင်တောင် ထိုအနေအထားကို မနှစ်မြို။ သို့ဖြစ်၍  မြန်မာ၏ စစ်ဘက်အင်စတီကျူးရှင်းများထံ သတင်းစကားတစ်ခုပေးပို့စေချင်သည်ဆိုလျှင် ထိုပေးပို့စေချင်သည့် သတင်းစကားတွင် မည်သည့်အချက္များပါသင့်သည်သနည်း။အဆိုပါအချက္များကိုလည်းထိုသို့ အရေးဆိုနေသူများက ချပြ ပေးသင့္သည်။


ဘင်္ဂလားဒေရှ့် အနေဖြင့် မည်သို့ပင်ဖြစ်စေ မိမိသဘောထားကိုတော့ ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ ထို ဆုံးဖြတ်ချက်အတွက် သက်ရောက်လာမည့်အရာများရှိနေမည်။ အားတက်စရာများလည်းရှိနေမည်။ လှုပ်ရှားဆောင်ရွက်စရာများလည်းရှိနေမည်။ ထိုရှိနေမည့် အရာများသည် အေအေ၊ မြန်မာစစ်တပ်၊ မြန်မာလူ့အဖွဲ့အစည်း ဆိုသည့် အဓိက အစိတ်အပိုင်း သုံးရပ်နှင့် ဆက်စပ်နေမည်ဖြစ်သည်။ "ဘင်္ဂလားဒေရှ့်အနေဖြင့် ထိုအစိတ်အပိုင်းသုံးရပ်နှင့် ဆက်စပ်နေသည့် ရွေးချယ်မှုကို လိုလည်းလိုအပ်နေသည်။"


ထိုအစိတ်အပိုင်း သုံးရပ်လုံးအပေါ် ရှင်းလင်းသော နိုင်ငံရေး သတင်းစကားတစ်ခုတော့ ပါးရမည်ဖြစ်သည်။ မြန်မာလူ့အဖွဲ့အစည်းနှင့် အေအေ အနေဖြင့် အချက် (ဃ) ပါ လက်စသိမ်းခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်လိုအပ်ကြောင်း သတင်းစကားပါးရမည်ဖြစ်သည်။ အကယ်၍ လက်စသိမ်းခြင်းအား ဆက်လက်ဖော်ဆောင်နေပါက ပြန်လည်သက်ရောက်လာမည့် အကျိုးတရားသည် လက်စသိမ်းခြင်းမှ ရရှိသည့် ရလဒ်ထက် ပို၍ ကြီးမားမည်ကိုလည်း သတင်းစကားပါရမည်ဖြစ်သည်။ လက်ရှိ အခင်းအကျင်းတွင် ရခိုင်လူထု အဝိုင်းအဝန်းသည် ယေဘူယျအားဖြင့် ဖယ်ကျဉ်ထားခံနေရသည်။ အေအေ သည်လည်း အဓိကအားဖြင့် ဖယ်ကျဉ်ထားခံနေရသည်။ ရခိုင်လူထုသည်လည်းကောင်း၊ အေအေသည်လည်းကောင်း အရင္းအမြစ် ချို့တ့ဲသော စီမံခန့်ခွဲမှုအောက်တွင် အခက်အခဲနှင့် ဒုက္ခများကို ရင်ဆိုင်နေရသည်။ "အကယ်၍ အချက် (ဃ) ပါ လက်စသိမ်းခြင်း ကို ရပ်တန့်ပါက ရခိုင်လူထုနှင့် အေအေ အတွက်အသက်ရှူရှောင်စေသည့် အရင်းအမြစ်များ၊ လူသားချင်းစာနာထောက်ထားမှုများက ဘင်္ဂလားဒေရှ့် ဘက်ကမှ ပိုမိုရောက်လာနိုင်သည်။ "


ပရော်ဖက်ဆာ အီမ်တီယဇ် အာမတ် (Professor Imtiaz Ahmed) အဆိုအရ မာရှယ်စီမံကိန်းအငယ်စား ( miniMarshall Plan) စီမံကိန်းတစ်ခုသည် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများရှိ မိတ်ဘက္များနှင့် ပူးပေါင်းဖော်ဆောင်ပါက အလုပ်ဖြစ်လာစရာရှိသည်။ ထိုစီမံကိန်းတွင် စီးပွားရေးဆိုင်ရာ အတားအဆီးများမှ လွတ္မြောက္ခြင်း၊ ဖွံ့ဖြိုးတိုးတက္မှုနှင့်ကောင်းမွန်သော လူမှုဘဝအတွက် အကောင်အထည်ဖော်ခြင်းများပါဝင်သည်။ ထိုစီမံကိန်းမျိုးကသာ ဘင်္ဂလားဒေရှ်- အိန္ဒိယ- မြန်မာ သုံးပွင့်ဆိုင်နယ်စပ်နေရာများမှ ပြည်သူလူထုအတွက် အဆင်ပြေ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ ဤက့ဲသို့ စီမံကိန်းမျိုးက ပဋိပက္ခရပ်ဝန်းရှိ ပြည်သူလူထုများအတွက် တစ်ဦးနဲ့တစ်ဦးပြန်လည်ပေါင်းစည်းရန်လည္း အထောက်အကူဖြစ်လာမည်ဖြစ်သည်။


မိုဟာမက္ မာဖူဇာရ် ရာမန် 

Mohammad Mahfuzur Rahman

ဤဆောင်းပါးသည် Daily Sun သတင်းစာတွင် ဖော်ပြထားသော မိုဟာမက္ မာဖူဇာရ် ရာမန် Mohammad Mahfuzur Rahman ၏ Understanding the Rohingya Issue: Military Dimension သဘောထားအမြင် ဆောင်းပါးအား ဘာသာပြန်ဆိုတင်ပြခြင်းသာဖြစ်သည်။ ဤဆောင်းပါးပါအချက္ များသည်မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး BNA အာဘော်မဟုတ်ပါ)

မိုဟာမက္ မာဖူဇာရ် ရာမန် Mohammad Mahfuzur Rahman သည္ ဒုတိယဗိုလ်မှူးကြီးအငြိမ်စား Phd ဘွဲ့ရထားသူဖြစ်သည်။

ဆောင်းပါး မူရင်းလင့်

https://www.daily-sun.com/post/831370





Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း