တရုတ်အပေါ် ဖိအားပေးရန် သမ္မတထရန့်ကို Fortify Rights အဖွဲ့တောင်းဆို
တရုတ်အပေါ် ဖိအားပေးရန် သမ္မတထရန့်ကို Fortify Rights အဖွဲ့တောင်းဆို
တရုတ်ဟာ မြန်မာရဲ့ ဒီမိုကရေစီကိုအားပေး ထောက်ခံရမယ့်အစား စီးပွားရေးနဲ့ နိုင်ငံရေးအရလွမ်းမိုးမှုကိုသာ လုပ်နေပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာအရေးယူခံရမှုက ကာကွယ်နေတယ်လို့ Fortify Rights ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အခုရက်သတ္တပတ်နောက်ဆုံး ဆိုးလ်မှာကျင်းပမယ့် အေပက် (APEC) အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက္မှု အစည်းအဝေးမှာ အမေရိကန် သမ္မတထရန့် အနေနဲ့ တရုတ်သမ္မတ အပါအဝင် အာရှခေါင်းဆောင်တွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဖိအားပေးသင့်တယ်လို့ Fortify Rights (အခွင့်အရေးခံတပ်) အဖွဲ့က ၂၀၂၅ခု နှစ် အောက်တိုဘာလ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
တရုတ်ပြည်ထဲက ဝီဂါမူဆလင်၊ တိဘက်ဗုဒ္ဓဘာသာ၊ခရစ်ယန်၊ ဟောင်ကောင်နဲ့ တိုင်းပြည်တနံတလျားတလျှောက် ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့အတွက် သမ္မတထရန့်ဟာ ရှီကျင့်ပင်ကို ဖိအားပေးဖို့လိုပါတယ်။ တရုတ်အနေနဲ့ မြောက်ကိုးရီးယားက ထွက်ပြေးလာသူတွေကိုလည်း ပြန့်ပို့နေတယ်။ ပြီးရင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်အကြမ်းဖက္မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေ တ့ဲ မြန်မာ့စစ်တပ်ကိုလည်း ထောက်ပံပေးနေပါတယ်။ ဒါတွေကိုရပ်တန့်ဖို့အတွက် သမ္မတထရန့်ဟာ အမေရိကန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဩဇာကိုသုံးပြီး ရှီကျင်ပင်ကို ဖိအားပေးသင့်တယ်လို့ Fortify Rights ရဲ့အကြီးတန်း ဒါရိုက်တာ ဘင်နီဒခ်(တ်) ရော်ဂျာစ် (Benedict Rogers) ကဆိုပါတယ်။
မြန်မာလူထုဟာ ၂၀၂၁ခု နှစ် စစ်တပ်ကအာဏာသိမ်းယူပြီးနောက္မှာ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးနေပြီး လူသားချင်းစာနာမှုအကူအညီတွေကို လိုအပ်နေပါတယ်။ ရာဇဝတ္မှုတွေကျူးလွန်ထားတ့ဲ ဗိုလ်ချုပ်မှှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဘက်ခေါင်းဆောင်တွေဟာ အရေးယူခံရမှုကလွတ်ကင်းနေဆဲပါ။ တရုတ်ဟာ မြန်မာရဲ့ ဒီမိုကရေစီကိုအားပေး ထောက်ခံရမယ့်အစား စီးပွားရေးနဲ့ နိုင်ငံရေးအရလွမ်းမိုးမှုကိုသာ လုပ်နေပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာအရေးယူခံရမှုက ကာကွယ်နေတယ်လို့ Fortify Rights ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သမ္မတထရန့်က ဟောင်ကောင် ဒီမိုကရေစီအရေးထောက်ခံသူ ဂျင်မီလှိုင် လွတ်မြောက်ရေးအတွက် ရှီကျင်ပင်ကို ဖိအားပေးမယ်လို့ ပြောဖူးထားပါတယ်။ ပြီး ခ့ဲတ့ဲ ရက်သတ္တပတ်က အမေရိကန်အထက်လွတ်တော်အမတ် ၃၀ ဦးက ထရန့်အပေါ် ဂျင်မီလှိုင်ကိစ္စဆောင်ရွက်ဖို့အတွက် စာရေးသားပြီး တောင်းဆိုထားပါတယ်။ ထရန့်အနေနဲ့ ဇီယွန္ဘုရားကျောင္းကွန္ရက္နဲ့ပတ္သက္တ့ဲ တရားဟောဆရာ အီဇ်ရာ ဂျင်မင်ဂရီ ( Pastor Ezra Jin Mingri ) နဲ့ ခရစ်ယန် ၃၀ ဦးကို ပြီး ခ့ဲတ့ဲလက တရုတ်အစိုးရဖမ်းထားတာကိုလည်း ဖိအားပေးသင့်တယ်လို့ Fortify Rights က ဆိုပါတယ်။
မြန်မာလူထုအနေနဲ့ သူတို့ရဲ့နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်နိုင်အောင် သမ္မတထရန့်အနေနဲ့ အမေရိကန်ရဲ့ ဩဇာအာဏာကိုသုံးပြီး အကူအညီပေးသင့်တယ်လို့လည်း Fortify Rights က ဆိုပါတယ်။
အာရှရဲ့ ဒီမိုကရစေီနိုင္ငံတွေဖြစ်တ့ဲ ဂျပန်နဲ့ တောင်ကိုးရီးယားတို့ဟာ မြန်မာ၊ တရုတ်၊ မြောက်ကိုးရီးယားနဲ့ အာရှအာဏာရှင်တွေကို ဖိအားပေးရာမှာ ပိုပြီးအသံထွက်လာဖို့ကိုလည်း သမ္မထရန့်က တိုက်တွန်းသင့်တယ်။ အေပက်ဟာ မူလအားဖြင့် စီးပွားရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက္မှုဆိုပေမယ့် လူ့အခွင့်အရေးကိုမျက်ကွယ်ပြုထားလို့မရဘူး။ စီးပွားရေး ရေရှည်တည်တံဖို့အတွက်ကို လူ့အခွင့်အရေးကလိုတယ် လို့ ဘင်နီဒခ်(တ်) ရော်ဂျာစ် က ပြောပါတယ်။
Sources
https://www.fortifyrights.org/reg-inv-2025-10-29/
Comments
Post a Comment