အမေရိကန်TIP အစီရင်ခံနောက်ပိုင်း ဘင်္ဂလားဒေရှ့် လူကုန်ကူးအချို့ကို ဖမ်းဆီးပြလာ

 အမေရိကန်TIP အစီရင်ခံနောက်ပိုင်း ဘင်ျဂလားဒေရျှ့ လူကုန်ကူးအချို့ကို ဖမ်းဆီးပြလာ


ဘင်ျဂလားဒေရှ့်နိုင်ငံရဲ့ လူကုန်ကူးခံရမှု အစီရင်ခံစာ (TIP) ကို အမေရိကန် နိုငျငံနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါအစီရင်ခံစာထဲမှာ ၂၀၂၄ခု နှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဘင်ျဂလားဒေရျှ့က လူကုန်ကူးခံမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေ ပါပါတယ်။ အဆိုပါအစီရင်ခံစာထွက်လာပြီးနောက်ပိုင်း ဘင်ျဂလားဒေရျှ့ အာဏာပိုင်တွေဘကျက လူကုန်ကူးခံရမှုတွေကို တိုက်ဖျက်မှုအချို့ရှိလာပါတယ်။ အောက်တိုလာလထဲမှာ လူကုန်ကူးခံရသူ ၁၀၉ လောကျကို ဘင်ျဂလားဒေရှ့်အာဏာပိုင်တွေက ကယ်တင်ထားနိုင်တယ်လို့သိရပါတယ်။


အဆိုပါအစီရင်ခံစာထွက်လာပြီး အောက်တိုဘာလ ၃ ရက်နေ့က ဘင်ျဂလားကမ်းခြေ ​စောင့်တပ်နဲ့ ရေတပ်တို့ပူးပေါင်းပြီး ဘဟာရ် ခဟြာရာတောင်ကုန်းတဝိုက်မှာ ရိုဟင်ဂျာ ၃၉ ယောကျကို လူကုန်ကူးသူတွေလက်ထဲက ကယျခဲ့ပါတယျ။ အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့  ဘင်ျဂလားဒေရှ့် ကမ်းခြေစောင့်တပ်က ရိုဟင်ဂျာ အပါအဝင် ဘင်ျဂလားဒေရှ့်နိုင်ငံသား ၄၄ ယောက်နဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ရိုဟင်ဂျာ ၂၆ ယောက် ကို ကယ်ခ့ဲပါတယ်။ ကယ်တင်ခံရတ့ဲ လူဦးရေဟာ ၁၀၉ ယောက်ရှိပြီး ထိုအထဲမှာ ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်းပါဝင်နေပါတယ်။  ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက လူကုန်ကူးမှုတွေထဲမှာ ရာဇဝတ်ဂိုဏ်းတွေ၊ ရိုဟင်ဂျာလက်နက် ကိုင်တွေနဲ့ ဘင်ျဂလားဒေရှ့်အာဏာပိုင် အချို့ပါဝင်ပတျသကျ​နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ခက်ြတွေမှာ ဖော်ပြထားပါတယ်။


လူကုန်ကူးခံရမှုတွေကို ကယ်တင်ရာမှာ လူကုနျကူးသမားတွေကို ဖမ်းဆီးရမိမှုနဲ့ အပစ်ပေးအရေးယူမှုဖြစ်စဉ်တှေက အားနည်းနေဆဲပါ။ ဘင်ျဂလားဒေရှ့်အစိုးရဘကျက လူကုန်ကူးမှုတွေကို လျော့ကလြာအောင် အားထုတ်မှုမရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ TIP အစီရင်ခံစာ ဆိုထားပါတယ်။


ဘင်ျဂလားဒေရှ့် နိုင်ငံရဲ့ ဥပဒေ


ဘင်ျဂလားဒေရှ့်ရဲ့ ရေပွငျနဲ့ ပင်လယ်ပြင်ဇုန် နယ်နိမိတ်ဥပဒေ ပြင်ဆင်ချက်  (၂၀၂၁) ခုနှစ် ( Territorial Waters and Maritime Zones (Amendment) Act, 2021) အရ ပုဒ်မ (၁၀) အရ ပင်လယ်ပြင်ထဲမှာ လူကုန်ကူးမှုဖြစ်ရင် ဘင်ျဂလားဒေရှ့် နိုင်ငံရဲ့ ၂၀၁၂ခု နှစ် လူကုန်ကူးမှု တားဆီးနှိမျနင်းရေး အက်ဥပဒေအရ အရေးယူရမယ်လို့ ဆိုပါတယ်။ ပင်လယ်ရေကြောင်းမှ လူကုန်ကူးခြင်းကို အဲဒီပုဒ်မ (၁၀)မှာ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

"၁၀။ ပင်လယ်ရေကြောင်းမှ လူကုန်ကူးခြင်း။ ပင်လယ်ရေကြောင်းမှ လူကုန်ကူးမှု ဖြစ်ပွားပါက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေ၊ ၂၀၁၂ ခုနှစ် (၂၀၁၂ ခုနှစ်၊ အက်ဥပဒေ အမှတ် ၃) ၏ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်စေရမည် လို့ဆိုထားပါတယျ။

ရှင်းလင်းချက်

(လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေ၊ ၂၀၁၂ ခုနှစ်၊ အက်ဥပဒေ အမှတ် ၃) တွင် မည်သို့ပင် ပါရှိစေကာမူ၊ ဤပုဒ်မ၏ ရည်ရွယ်ချက်အတွက် ပင်လယ်ရေကြောင်းမှ လူကုန်ကူးခြင်း ဆိုသည်မှာ၊

လိင်ပိုင်းဆိုင်ရာ အ​မွတျထုတ်ရန်၊

နှောင့်ယှက်ရန်နှင့်

လုပ်အားခေါင်းပုံဖြတ်ရန်

ဟူသော ရည်ရွယ်ချက်များဖြင့်၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်း သို့မဟုတ် အခွားပုံစံဖွင့် အနိုင်အထက်ပြုခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ စည်းရုံးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ အကြမ်းဖက်ခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း သို့မဟုတ် အားနည်းချကျကို အခှငျ့​ကောင်းယူခြင်း သို့မဟုတ် အခွားသူတစ်ဦးအပေါ် ထိန်းချုပ်မှုရှိသူ၏ သဘောတူညီချက်ရရှိစေရန်အတွက် ငွေပေးချေမှုများ သို့မဟုတ် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်များကို ပေးအပ်ခြင်း သို့မဟုတ် လက်ခံခြင်း ဟူသည့် နည်းလမ်းများဖြင့်၊

လူတစ်ဦးအား စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း၊ လဲလှယ်ခြင်း၊ နှင်ထုတ်ခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာပြုလုပ်စေခြင်း သို့မဟုတ် ကျွန်ပြုခွငျး၊ ပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် အခွား တရားမဝင်သော လုပ်ရပ်တစ်ခုခုတွင် ပါဝင်ပတ်သက်စေခြင်း တို့ကို ဆိုလိုသည်" လို့ ဖော်ပြထားပါတယ်။


အဆိုပါဥပဒေရဲ့ ပုဒ်မ (၂၄)နဲ့ ပုဒ်မ (၂၅)မှာ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ လည်းဖော်ပြထားပါတယ်။

ပုဒ်မ ၂၄။ ပင်လယ်ပြင်တွင် ပင်လယ်ဓားပြမှု၊ လက်နက်ကိုင်ဓားပွမှု၊ ရေကြောင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ခိုးမှုတို့အတွက် ပြစ်ဒဏ်။

(၁) မည်သူမဆို ပင်လယ်ဓားပြမှု သို့မဟုတ် ရေကြောင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ပါက တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး၊ ထို့အပွငျ ခုံရုံးသည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော သင်ျဘောသို့မဟုတ် ပစ္စည်းကို ပြန်လည်ပေးအပ်စေရန်နှင့် သိမ်းဆည်းရန် အမိန့်ချမှတ်နိုင်သည် လို့ဆိုပါတယျ။

(၂) မည်သူမဆို ပင်လယ်ဓားပြမှု သို့မဟုတ် ရေကြောင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြံစည်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ပြုလုပ်ပါက ၁၄  နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ဒဏ်ငွေ ကိုလည်း ခ်မှတ်နိုင္သည် လို့ဆိုပါတယ်။

(၃) မည်သူမဆို ပင်လယ်ပြင်တွင် လက်နကျကိုငျ ဓားပြမှု ကျူးလွန်ပါက ၁၀ (ဆယ်) နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ဒဏ်ငွေ ကိုလည်း ချမှတ်နိုင်သည် လို့ဆိုပါတယျ။

(၄) မည်သူမဆို ခိုးမှု ကျူးလွန်ပါက ၃ (သုံး) နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ ဖြင့် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့် ဖြစ်စေ ချမှတ်ခံရမည် လို့ဆိုပါတယျ။

(၅) မည်သူမဆို ဓားစာခံဖမ်းဆီးခြင်း၊ ပင်လယ်ဓားပြမှု၊ ရေကြောင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ပင်လယ်ရေကြောင်း သွားလာမှု၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆန့်ကျင်သော အခွားပြစ်မှုများ နှင့် သက်ဆိုင်သည့် နယ်ကျော်၍ စနစ်တကကျြူးလွန်သော ရာဇဝတ်မှု လုပ်ရပ်တစ် စုံတစ်ရာကို ကျူးလွန်ပါက (၂၀ ) နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ၅ (ငါး) နှစ်အောက် မနည်းရ၊ သို့မဟုတ် တကာ (၁၀ ) ကုဋေအောက် မနည်းသော ဒဏ်ငွေ ချမှတ်ခံရမည်ဖြစ်ပြီး တကာ ၄၀  ကုဋေအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြင့် ဖြစ်စေ ချမှတ်ခံရမည် လို့ဆိုပါတယျ။


ပုဒ်မ၂၅။ ပုဒ်မ ၂၄ အရ ပြစ်မှုကျူးလွန်စဉ် သေဆုံးမှုဖြစ်စေခြင်းအတွက် ပြစ်ဒဏ်။

ဤအက်ဥပဒေ၏ ပုဒ်မ ၂၄ အရ ပြစ်မှု သို့မဟုတ် ပြစ်မှုကြံစည်မှု ကျူးလွန်စဉ်တွင် မည်သူမဆို သေဆုံးမှု ဖြစ်စေပါက၊ ထိုသူအား ရာဇသတ်ကြီး၊ ၁၈၆၀ ခုနှစ် (၁၈၆၀ ခုနှစ်၊ အက်ဥပဒေ အမှတ် XLV) တွင် သေဆုံးမှုဖြစ်စွေခင်း သို့မဟုတ် သေဆုံးမှုဖြစ်စေရန် ကြံစည်ခြင်းအတွက် သတ္မှတ်ထားသော ပြဋ္ဌာန်းချက်များအရ အပွဈ​ပေးခံရမည် လို့ဆိုပါတယ်။


ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ၂၀၁၂ခု နှစ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေ ပုဒ်မ ၃ မှာ တော့ လူကုန်ကူးမှုကို အခုလို ဖွင့်ဆိုထားပါတယ်။

(၁) "လူကုန်ကူးမှု" အဓိပ္ပာယ်

(၁) "လူကုန်ကူးမှု" ဆိုသည်မှာ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်အတွင်း သို့မဟုတ် အပြင်ဘက်သို့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် သို့မဟုတ် ဖိနှိပ်ရန်၊ အလုပ်သမား အမြတ်ထုတ်ရန် သို့မဟုတ် အခြားသော ပုံစံမျိုးစုံဖြင့် အမြတ်ထုတ်ရန် သို့မဟုတ် ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် လက်ခံခြင်း၊ နှင်ထုတ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊ ပို့ဆောင်ခြင်း သို့မဟုတ် ချုပ်နှောင်ထားခြင်း သို့မဟုတ် ခိုလှုံခွင့်ပေးခြင်း တို့ကို အောက်ပါနည်းလမ်းများ တစ်ခုခုဖြင့် ပြုလုပ်ခြင်းဖြစ်သည် လို့ဆိုထားပါတယ်။

(က) ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်း၊ သို့မဟုတ်

(ခ) လှည့်ဖြားခြင်း၊ သို့မဟုတ် ထိုသူ၏ လူမှု-စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် အခြားသော နစ်နာလွယ်မှုအခြေအနေ (vulnerability) များကို အလွဲသုံးစားပြုခြင်း၊ သို့မဟုတ်

(ဂ) ထိုသူအား ထိန်းချုပ်ထားသော ပုဂ္ဂိုလ်၏ ခွင့်ပြုချက်ကို ရယူရန် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်များကို ပေးအပ်ခြင်း သို့မဟုတ် လက်ခံခြင်း။

(၂) ကလေးသူငယ် သားကောင်များအတွက် အထူးသတ်မှတ်ချက်

(၂) လူကုန်ကူးခံရသူသည် ကလေးသူငယ် ဖြစ်ပါက၊ ပုဒ်မခွဲ (၁)၊ အပိုဒ် (က) မှ (ဂ) တွင် ဖော်ပြထားသည့် ပြစ်မှုကျူးလွန်သည့် နည်းလမ်းများ တစ်ခုခုကို အသုံးပြုသည်ဖြစ်စေ၊ မအသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ (ဆိုလိုသည်မှာ ကလေးဖြစ်နေသည်နှင့် လူကုန်ကူးမှု မြောက်သည်။) လို့ ဖွင့်ဆိုထားပါတယ်။

ရှင်းလင်းချက် (Explanation)

ဤပုဒ်မ၏ ရည်ရွယ်ချက္များအတွက်၊ မည်သည့်ပုဂ္ဂိုလ်မဆို အခြားသူတစ်ဦးအား လှည့်ဖြား၍ မကောင်းသော ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်အတွင်း သို့မဟုတ် အပြင်ဘက်သို့ အလုပ် သို့မဟုတ် ဝန်ဆောင်မှုအတွက် ရွှေ့ပြောင်းရန်၊ ရွှေ့လာရန် သို့မဟုတ် ပြည်ပသို့ ရွှေ့ပြောင်းသွားရန် သွေးဆောင်ခြင်း သို့မဟုတ် အကူအညီပေးခြင်း ပြုလုပ်ပါက၊ ထိုသူသည် ယင်းပုဂ္ဂိုလ်ကို ပုဒ်မ ၂၊ ပုဒ်မခွဲ (၁၅) တွင် ဖော်ပြထားသည့်အတိုင်း အစေခံကျွန်ကဲ့သို့ အမြတ်ထုတ်ခံရသည့် အလုပ်သမား အခြေအနေမျိုး သို့မဟုတ် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းမျိုး သို့မဟုတ် အခြားသော ဖိနှိပ်မှု၊ အမြတ်ထုတ်မှု ပုံစံများသို့ ရောက်ရှိစေမည်ကို သိလျက်နှင့် ပြုလုပ်ပါက၊ ထိုပြုလုပ်မှုသည် ပုဒ်မခွဲ (၁) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် "လူကုန်ကူးမှု" အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်သော အပြုအမူအဖြစ် ထည့်သွင်းစဉ်းစားမည်ဖြစ်သည် လို့လည်းဆိုပါတယ်။


ပုဒ်မ (၂) ထဲမှာ

အပိုဒ် (၁၀)အရ "လူကုန်ကူးမှုခံရသူ" သို့မဟုတ် "သားကောင်" ဆိုသည်မှာ ဤအက်ဥပဒေအရ လူကုန်ကူးမှုကျူးလွန်ခြင်းခံရသော ပုဂ္ဂိုလ်ကို ဆိုလိုပြီး၊ ထိုသူ၏ ဥပဒေအရ အုပ်ထိန်းသူများ နှင့် အမွေဆက်ခံသူများ ကိုပါ ပါဝင်သည် လို့ဆိုပါတယ်။

အပိုဒ် (၁၁) အရ

"လိမ်လည်မှု" ဆိုသည်မှာ အခြားသူများကို အလိုတူသည်ဖြစ်စေ၊ ပေါ့ဆသည်ဖြစ်စေ၊ မည်သည့် စကားလုံး၊ အပြုအမူ၊ စာချုပ်စာတမ်း သို့မဟုတ် စာရွက်စာတမ်းဖြင့်မဆို အမှန်တရား သို့မဟုတ် ဥပဒေနှင့်ပတ်သက်၍ လိမ်လည်ခြင်း သို့မဟုတ် သွေးဆောင်ခြင်း နှင့် လိမ်လည်သူ သို့မဟုတ် အခြားသူတစ်ဦး၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ လှည့်ဖြားခြင်း ကို ဆိုလိုသည်။ ထို့ပြင် ၁၈၇၂ ခုနှစ်၊ စာချုပ်ဥပဒေ (Act No. 9 of 1872)၊ ပုဒ်မ ၁၇ တွင် သုံးနှုန်းထားသော "လိမ်လည်မှု" အသုံးအနှုန်း၏ အဓိပ္ပာယ်ကိုပါ ထည့်သွင်းစဉ်းစားသည် လို့ဆိုပါတယ်။

အပိုဒ် (၁၆)အရ "ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်း" ဆိုသည်မှာ မည်သည့်နိုင်ငံသားဖြစ်စေ၊ မည်သည့်နေရာတွင် ရှိစေကာမူ၊ လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အဖွဲ့အစည်း ကို ဆိုလိုပြီး၊ ယင်းအဖွဲ့အစည်းသည် သတ်မှတ်ထားသော ကာလတစ်ခု အတွက် တည်ရှိကာ၊ အဖွဲ့ဝင်များသည် ဤအက်ဥပဒေအောက်ရှိ ပြစ်မှုများကို ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည် လို့ဆိုပါတယ်။

အပိုဒ် (၁၇) အရ "သဘောတူညီချက်" ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦး၏ လွတ်လပ်စွာ၊ သတိရှိစွာ ပေးအပ်ထားသော သဘောတူညီချက် ကို ဆိုလိုပြီး၊ ယင်းသဘောတူညီချက်သည် ထိုသူ၏ အားနည်းသော အခြေအနေ (arising out of his or her weak position) မှ ဖြစ်ပေါ်လာသော လွှမ်းမိုးခြင်းခံရခြင်း မရှိသည့် အခြေအနေဖြစ်သည်လို့ ဆိုပါတယ်။


ဘင်္ဂလားအစိုးရ၏ မူဝါဒ

ဥပဒေအရ ဘယ်သူမဆို (နိုင်ငံသား ဟုတ်ဟုတ်၊ မဟုတ်ဟုတ်) အကာအကွယ်ကိုပေးထားပေမယ်​့ ဘင်္ဂလားဒေရှ့်အစိုးရရဲ့ မူဝါဒထဲမှာ ရိုဟင်ဂျာတွေကို တရားရုံးရဲ့ ဝန်ဆောင်မှုကိုရယူခွင့်က ပိတ်ပင်ခံထားရဆဲပါ။ နှစ်စဉ် ပွင့္လင်းရာသီကိုရောက်လာရင် ဘင်္ဂလားပင်လယ်အော်မှာ ရိုဟင်ဂျာတွေဟာ (Boat People) အဖြစ် အာဆီယံနဲ့ ဒေသတွင္းနိုင္ငံတွေကို ထွက်ခွာလျက်ရှိနေကြပြီး ပင္လယ်ပြင်ထဲမှာ ေဘးအန္တာရယ်ကျရောက္မှု၊နှိပ္စက်ခံရမှု၊ အသက်ဆုံးရှုံးမှုတွေကိုလည်း ရင္ဆိုင်နေရပါတယ်။ အဆိုပါ (Boat People) ဖြစ်စဉ်တွေမှာလည်း ရာဇဝတ်မူးယစ်မှောင်ခို ဂိုဏ်းတွေနဲ့ လက်နက်ကိုင်အုပ်စုတွေ ပါဝင်ပတ်နေတယ်လို့ ဆိုပါတယ်။


Sources


https://bdnews24.com/bangladesh/ea1d03273d57


https://rohingyakhobor.com/39-rohingya-trafficking-victims-rescued-in-teknaf-hills/


https://www-dhakatribune-com.cdn.ampproject.org/v/s/www.dhakatribune.com/amp/bangladesh/nation/395152/26-rohingya-rescued-from-malaysia-boundbound


Territorial Waters and Maritime Zones (Amendment) Act, 2021

http://bdlaws.minlaw.gov.bd/act-print-1394/section-print-50714.html



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း