ဘင်္ဂလားဒေရှ့်တွင် အမျိုးသမီးငယ်များ အွန်လိုင်းပေါ်တွင် စော်ကားခံရမှု အရှိန်မြင့်တက်လာဟု ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ဆို

 ဘင်္ဂလားဒေရှ့်တွင် အမျိုးသမီးငယ်များ အွန်လိုင်းပေါ်တွင် စော်ကားခံရမှု အရှိန်မြင့်တက်လာဟု ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ဆို 


 အွန်လိုင်းပေါ်မှာ ကျား/မ ခွဲခြား စော်ကားမှုတွေကို တိုက်ဖျက်ဖို့ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တ့ဲ UN Women နဲ့ UNDP တို့ဟာ ပညာပေးဇတ်လမ်းတွေရိုက်ကူးပြီး လူငယ်တွေကြားမှာ ပညာပေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပါတယ်။


ဘင်္ဂလားဒေရှ့်က ငယ်ရွယ်နုပျိုတ့ဲ အမျိုးသမီးများမှာ ဒီဂျစ်တယ် အကြမ်းဖက္မှု နေစဉ်နဲ့အမျှရှိနေတယ်လို့ ဆိုပါတယ်။ အာရှ ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women Asia and Pacific) ရဲ့ အသစ္ရရှိထားတ့ဲ အချက်အလက်တွေအရ စော်ကားနှိမ့်ချမှု၊ ခြိမ်းခြောက္မှုနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ဘင်္ဂလားဒေရှ့်က အမျိုးသမီးငယ်တွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အမျိုးသမီးငယ်တွေအနေနဲ့ လူမှုကွန်ရက်ကနေ နေ့စဉ်ဘဝအထိ ခြိမ်းခြောက္မှုတွေဟာ မြင့်တက်လာပြီး ဒါဟာ အမျိုးသမီးတွေအတွက် အကြောက်တရားပတ်ဝန်းကျင်ကို ဖြစ်လာစေတယ်လို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က  နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖေ့ဘုတ်ကနေတဆင့် သတင်းစကားပါးပါတယ်။ ဒီလိုအမျိုးသမီးငယ်တွေကို ခြိမ်းခြောက္မှုတွေဟာ ၂၀၂၄ ခုနှစ် နိုင်ငံရေး ကသောင်းကနင်းဖြစ်ပြီးနောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ဒါနဲ့ပတ္သက္လို့ ဘင်္ဂလားဒေရှ့်ဆိုင်ရာ UN Women အဖွဲ့နဲ့ UNDP က ပညာပေးရုပ်သံဇတ်လမ်းတွေကို ရိုက်ကူးနေပါတယ်။ ရံပုံငွေကိုတော့ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက ပေးပါတယ်။ လူငယ်တွေကြားမှာ ဒီဂျစ်တယ် အကြမ်းဖက္မှုတွေ အပေါ် ပြန်လည်တုန်ပြန်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။ လူပေါင္းထောင္ချီပါဝင္တ့ဲ ဆိုရှယ်ပလက်ဖောင်းတစ်ခုကို တည်ဆောက်ထားပြီး အဲဒီပလက်ဖောင်းကနေ  စော်ကားမှုတွေ၊ ခြိမ်းခြောက္မှုတွေကို ပြန်လည်တုန့်ပြန်ဖို့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ဘင်္ဂလားဒေရှ့်အခြေစိုက် Daily Sun သတင်းစာက အဲဒီပလက်ဖောင်းဟာ နိုင်ငံအတွင်း မတရားမှုတွေ၊ ချိုးဖောက္မှုတွေကို သတင်းပေးဖို့အတွက်  အသုံးပြုလို့ရနိုင်တယ်လို့ ဆိုပါတယ်။

UN Women အဖွဲ့ကတော့ အချို့စော်ကားမှုတွေဟာ နေ့စဉ်ဘဝမှာ ထမင်းစားရေသောက်သလို သေးငယ္တ့ဲ အရေးမ ကြီး ပုံရှိနေပေမယ့် ထိခိုက်ခံစားရသူအတွက် နာကျင်နိုင်တယ်လို့ ဆိုပါတယ်။ စော္ကားခံရတ့ဲသူဘက်က ရပ်တည်ပေးဖို့နဲ့ ကောင္းမွန္တ့ဲ အပြောင်းအလဲကို ဦးတည်ဖို့အတွက် အဆိုပါ ပလက်ဖောင်းကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ လူငယ်တော်တော်များများဟာ အွန်လိုင်းပေါ်မှာ စော်ကားမှုနဲ့ ခြိမ်းခြောက္မှုတွေကို အမျိုးသမီးငယ်တွေအတွက် ကျား/မ အခြေပြုအကြမ်းဖက္မှု ဖြစ်တယ်လို့ သိမြင်မှု သိပ်မရှိကြပါဘူး။ အဲဒီလို အခြေအနေတွေကြောင့် အမျိုးသမီးငယ်များဟာ အွန်လိုင်းပေါ်မှာ စော်ကားခံရရင် အကူအညီတောင်းရမှာ၊ စော်ကားမှုကို ပြန်လည်တုန့်ပြန်ရမှာထက် ပုဂ္ဂလိကဆိုင်ရာ အရှက်တရားကြောင့် နုတ်ပိတ်နေကြတာ များပါတယ်။ ဒါဟာ စော်ကားမှုတွေကို ကိုယ်တိုင်က သဘောတူသလိုဖြစ်နေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကျား/မ အခြေပြုအကြမ်းဖက္မှု ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအတွင်းမှာကို အွန်လိုင်းပေါ်က စော်ကားမှု၊ ခြိမ်းခြောက္မှုတွေဟာ ရှိနေပါတယ်။ လက်ရှိမှာ စော်ကားမှု၊ ခြိမ်းခြောက္မှုတွေက နိုင်ငံရေးထဲပါဝင်နေ တ့ဲ အမျိုးသမီးငယ်တွေဆီကို ဦးတည်နေပါတယ်။ ငယ်ရွယ်သော အမျိုးသမီးငယ်တစ်ဦး ရွေးကောက်ပွဲဝင်မယ္ဆိုရင် သူမကို နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ နောက်သလို ပြောင်သလို Trolling ကြပါလိမ့်မယ်၊  ဇတ်လမ်းအတု အချက်အလက်အတုဖြင့် တိုက်ခိုက်ပါလိမ့်မယ်၊ နိုင်ငံရေးအရ ခြိမ်းခြောက်ပါလိမ့်မယ်။ အဲဒီအမျိုးသမီးငယ်ရဲ့ နေ့စဉ်ဘဝကို ရိုက်ခတ်သွားအောင် တိုက်ခိုက်ကြပါလိမ့်မယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ ဒီဂျစ်တယ်နယ်ပါယ်ထဲမှာ တရားမျှတမှုကိုရရှိဖို့၊ ခိုင်မာသော ဥပဒေအကာအကွယ်ရှိလာဖို့ ကို တောင်းဆိုသင့်ပါတယ်။ စော်ကားခြိမ်းခြောက္မှု အချက်အလက်တွေကို စုဆောင်းထားပေးသင့္ပါတယ်၊ ကျူးလွန်သူတွေ ပြန်လည်တာဝန်ခံလာအောင် လုပ်ဆောင်ရကိစ္စရပ်တွေဘက်က ရပ်တည္သင့်ပါတယ္။

ဘင်္ဂလားဒေရှ့်က အမျိုးသမီးငယ်တွေကို ဒီဂျစ်တယ်အကြမ်းဖက္မှုမှ ကာကွယ်ဖို့နဲ့ ဒီဂျစ်တယ်ရပ်ဝန်းမှာ ဘေးကင်းလုံခြုံမှုရှိလာဖို့ ချက်ချင်းလက်ငင်း ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ UN Women အဖွဲ့က ဆော်ဩနေပါတယ်။


မူရင်း

https://bayofbengalpost.com/news/bangladesh_online_abuse_spike_un_women





Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း