နီပေါ ဝန်ကြီးချုပ်ဟောင်း အိုလီ ရွေးကောက်ပွဲ ရှုံ
နီပေါ ဝန်ကြီးချုပ်ဟောင်း အိုလီ ရွေးကောက်ပွဲ ရှုံး
Gen Z တွေ လမ်းမပေါ်ထွက်ပြီး ဖြုတ်ချခ့ဲတ့ဲ နီပေါဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီ ( K. P. Sharma Oli) ဟာ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ကျင်းပတ့ဲ လူထုလွတ်တော် ပရာတီနီဒီ ဆာဘာ ( Pratinidhi Sabh) ရွေးကောက်ပွဲမှာ ရှုံးနှိမ့်သွားတယ်လို့ နီပေါ သတင်းဌာနတွေက ဆိုပါတယ်။ မတ်လ ၆ ရက်နဲ့ မတ်လ ၇ ရက်နေ့မှာ မဲရလဒ်တွေကို ဆက်တိုက် ရေတွက်နေတာပါ။ ဝန်ကြီးချုပ်ဟောင်းဟာ မက္- လီနင်ဝါဒီ နီပေါ ကွန်မြူနစ်ပါတီရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ ဂျာပါ (Jhapa) အမှတ် ၅ မဲဆန္ဒနယ်မြေမှာ သူဟာဝင်ပြိုင်တ့ဲအခါ ပြိုင္ဘက် ရာစထရိယ ဆွာတန်တရ ပါတီ ( Rastriya Swatantra Party) က ဘာလင် ရှား (Balen Shah) ကို ရှုံးသွားတယ်လို့ ဆိုပါတယ်။ ဘာလင်ရှား က ၆၈၃၄၈ မဲရပြီး ဝန်ကြီးချုပ်ဟောင်း အိုလီက ၁၈၇၃၄ ရခ့ဲတယ္လို့ ဆိုပါတယ်။ ဘာလင်ရှားဟာ အိုလီထက် ၄၉၆၁၄ မဲ အသာရခ့ဲပြီး ဒါဟာနီပေါနိုင်ငံရေးသမိုင်းမှာ သိသာထင္ရှားတ့ဲ မဲရလဒ်ကွာခြားမှု ဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်း အိုလီ ကိုအနိုင္ရခ့ဲတ့ဲ ဘာလင် ရှားဟာ ခေတ္တမန္ဒူရဲ့ မြို့တော်ဝန်ဟောင်းလည်း ဖြစ်ပါတယ်။ သူကို အနာဂတ်မှာ ဝန်ကြီးချုပ်လောင်းအဖြစ်လျာထားတယ်လို့ဆိုပါတယ်။ ဘာလင်ရှားဟာ လူငယ်တွေကြားမှာလည်း ရေပန်းစားသူဖြစ်ပြီး သူရဲ့ တိုးတက္တ့ဲ ခေါင်းဆောင်မှုနဲ့ ကတိကဝတ်တွေကေလည်း လူကြိုက်များပါတယ်။ ဒီရလဒ်က ကွန်မြူနစ်ပါတီ အားကောင္းတ့ဲ ကိုရှီနယ်မြေ ( Koshi Province) ထဲမှာ အပြောင်းအလဲတစ်ရပ်ကို ဖြစ်သွားစေ ခ့ဲပါတယ္။
နီပေါရဲ့ လူထုလွတ်တော် မှာ အမတ်ပေါင်း ၂၇၅ ယောက်ရှိပါတယ်။ အဲဒီထဲက အမတ် ၁၆၅ ယောက်ကို မဲများသူအကုန်ယူစနစ် (FPTP) စနစ်နဲ့ ရွေးကောက်ပါတယ်။ ကျန် ၁၁၀ ဦးကိုတော့ ပါတီကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးချယ်ရပါတယ်။ လက်ရှိ ရွေးကောက်ပွဲမှာတော့ မဲပေးဖို့ လူပေါင်း ၁၈.၉ သန်း မှတ်ပုံတင်ကြတယ်လို့ ဆိုပါတယ်။ ပါဝင္ယှဉ်ပြိုင်တ့ဲ ကိုယ်စားလှယ်လောင်းပေါင်း ၃၄၀၀ ကျော်ရှိပြီး ပါတီပေါင်းက ၆၈ ပါတီ ဝင်ပြိုင်ကြတယ်လို့ ဆိုပါတယ်။
နီပေါဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး လွတ်တော်နှစ်ရပ်ရှိပါတယ်။ လူထုလွတ်တော် ပရာတီနီဒီ ဆာဘာ က ဝန်ကြီးချုပ်ကို တင်မြောက္မှာပါ။ အထက်လွတ်တော် ရာစထရိယ ဆာဘာ (Rriya Sabh) မှာတော့ အမတ် ၅၉ ယောက်ရှိပြီး ပြည်နယ် ၇ ခုက တပြည်နယ် အမတ် ၈ ဦးစီ ရွေးချယ်ပေးရပါတယ်။ ကျန် ၃ ဦးကိုတော့ အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်အရ သမ္မတက ရွေးချယ်ပေးပါတယ်။
မကြာခင်မှာတော့ နီပေါ ရွေးကောက်ပွဲ ရလဒ်တွေက ပိုမိုပီပြင်လာဖို့ရှိနေပြီး အေးအေးဆေးဆေး ပြီးဆုံးသွားမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
(ရုပ်ပုံ - ဘာလင် ရှား)
ကိုးကား
https://en.wikipedia.org/wiki/2026_Nepalese_general_election
Photo sources- Nepals Journal
Comments
Post a Comment