နီပေါအစိုးရသစ် အခု ဘာတွေလုပ်နေလဲ
နီပေါအစိုးရသစ် အခု ဘာတွေလုပ်နေလဲ
နီပေါ၏ လွတ်လပ်သော အမျိုးသားပါတီ (National Independent Party) ဟု အဓိပ္ပါယ္ရသော ရက်စ်ထရီယ ဆွာတန်တရာ ပါတီ ( Rastriya Swatantra Party- RSP) က လက်ရှိတွင် အစိုးရဖွဲ့ခဲ့ပြီ။ လေ့လာဆန်းစစ်သူများက နီပေါ၏ RSP ပါတီအား "လာခြင်းကောင်း၍ တက်ကြွစွာ စတင္နိုင္ခ့ဲသူ" အဖြစ်မြင်ကြ၏။ သို့သော် နိုင်ငံရေးအစဉ်အလာအရ ငါလူ့ ငါသစ္စာတော်ခံ ငါမြှောက်စား စနစ် (patronage-driven politics) ကို ပြန်မသွားမိရန်လိုသည်ဟု နိုင်ငံရေးလေ့လာဆန်းစစ်သူများက ဆိုနေကြသည်။
ဝန်ကြီးချုပ်သစ် ဘာလင်ဒရာ ရှား (Balendra Shah) က ပွီးခ့ဲသည့္ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံခြား သံတမန် ၁၇ ဦးအား တစ်စုတည်းတွေ့ဆုံကာ နီပေါ၏ သမရိုးကျ နိုင်ငံရေး အစဉ်အလာတစ်ခုကို ချိုးဖျက်ပြလိုက်သည်။ ဤသည်က ယခင် နီပေါအစိုးရအဖွဲ့များနှင့် ကွဲပြားမှုလည်း ဖြစ်သည်။
ဘာလင်ဒရာ ရှား က စကားပြောလျှင် နည်းနည်းသာပြောပြီး များများနားထောင်တတ်သူ၊ မိတ်ဆွေများ၏ ယုံကြည်မှုကို ရထားသူ ဖြစ်သည်။ သို့သော် နိုင်ငံခြား သံတမန်များကို တပြိုင်နက်တည်းတွေ့ဆုံမှုက ဘာလင်ဒရာရှား၏ သံခင်တမန်ခင်း အမြင်မူဘောင်ကို ပြသနေသည်။ ထိုမူဘောင်က " နီပေါသည် အိန္ဒိယ နှင့် တရုတ်ကြားတွင် ဟန်ချက်ညီအောင် အချိန်မည်မျှ နေနိုင်မည်နည်း" ဆိုသော ဇစ်မြစ်ကို အခြေခံထားသည်။ ဘာလင်ဒရာရှား၏ အမြင်မှာ " ထိုဟန်ချက်ကို ညီနိုင္သမျှညီအောင် နီပေါသည် အချိန်ကြာကြာ ရပ်တည်နိုင်မည် မဟုတ်" ဟူသော အမြင် ဖြစ်သည်။ သို့သော် နီပေါ သည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် မဟာဗျူဟာမြောက် အရေးပါမှုအတွက်တော့ မိမိကိုယ်ကို ယုံကြည်မှုရှိရန် လိုသည်။
ရက်သတ္တပတ် နှစ်ပတ်အတွင်း (RSP) က အချက် (၁၀၀)၊ ရက် (၁၀၀) စီမံကိန်း (100 point, 100 days action plan) ကို အရှိန်အဟုန်ဖြင့် အကောင္အထည္ဖော္လာခ့ဲသည္။ ထို စီမံကိန်းများတွင် လက်ရှိ ပင်လယ်ကွေ့ စစ်ပွဲကြောင့် ရိုက်ခတ်ခံရမှုများမှ သက်သာရန် ကာလတို အစီအမံများ ပါသည်။ ဗြူရိုကရေစီ ယန္တယား၏ ချောမွေ့လည်ပတ်မှု (streamline) အတွက် ကာလ လတ်၊ ကာလရှည် အစီအမံများလည်း ပါသည်။ ဗြူရိုကရက္များ ပြည်သူအပေါ် အာဏာပြနေမှုကို သည်းခံမည်မဟုတ်ကြောင်း သတင်းစကားကို (drive the message home) အဖြစ် ကွင်းကွင်းကွက်ကွက် ပြသည့်အနေဖြင့် လူမလိုင် အဆီစား ဗြူရိုကရက် အချို့အား နမူနာပြ အရေးယူပြထားသည်။
နမူနာမြား အပြခံရသော ဗြူရိုကရက္များ
ပွီးခ့ဲသော ရက်သတ္တပတ်အတွင်း နီပေါအစိုရသစ်က နိုင်ငံရေးအရ အရေးပါသော သံတမန် ခြောက်ဦးကို ပြန်ခေါ်လိုက်သည်။ ထိုသို့ ပြန်ခေါ်ခံရသော သံတမန်များထဲတွင် သက်တော်ရှည် အိန္ဒိယဆိုင်ရာ နီပေါသံအမတ် ရှန်ကာ ရှာမာ ( Shankar Sharma) လည်းပါသည်။ ခေတ္တမန္ဒူ ခရိုင်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှားရ် ဗဟာဒူရ် ဒျူဘာ ( Sher Bahadur Deuba) နှင့် ၎င်း၏ ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း အာရ်ဇူ ရာနာ (Arzu Rana) တို့အား လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှု တို့ဖြင့် အမှုဖွင့်ကာ ဝရမ်းထုတ်လိုက်သည်။
အမြစ်ကနေ ဆွဲနုတ်သလား
လက်ရှိတွင်တော့ နီပေါ၏ အစိုးရဝန်ကြီးဌာနတစ်ခုချင်းစီတွင် ကုန္ခ့ဲသည့္ ဆယ်စုနှစ် ၃ ခုအထိ နောက်ကြောင်းပြန်နေရသည်။ လွန္ခ့ဲသည့္ နှစ်ပေါင်း ၃၀ အတွင်း စားခ့ဲသောကျခ့ဲ ဝါးခ့ဲ မျိုဆို့ခ့ဲသော အကျင့်ပျက္မှု အပုတ်အဆွေး (Accumulated Rot) များကို တူးဖော်နေပြီ။ အထူးသဖြင့် အသေးစားငွေကြေး (microfinance)၊ ပညာရေး၊ ကျမ်းမာရေးနှင့် ပြည်သူ့ရေးရာအတွက် အစိုးရဝန်ဆောင်မှု စသည့်နယ်ပါယ်များကို နောက်ကြောင်းပြန်နေသည်။ ထိုဌာနများတွင် စည်းမျဉ်း စည်းကမ်း များကို အလုံးစုံ ပြောင်းလဲမှု (Regulatory overhaul ) များ ကို ဖော်ဆောင်နေသည်။ ဗြူရိုကရက္များအား ပြုပြင်ပြောင်းလဲမှု ဇတ်ရှိန်က မြင့်လျှက် TikTok ၊ ယူကျူ ပေါ်တွင်ပင် လူထု လှုပ်ရှားမှု အသွင်ဆောင်လျက် ရှိနေသည်။ ဤအချက်က (RSP) ပါတီကို အမှန်တကယ် လက်တွေ့လုပ်ပြသူ (means business) အဖြစ် လူထု မျှော်လင့်ချက် ပိုစေသည်။
ပြန်လည်တုန့်ပြန်မှုများ (Backlash)
သို့သော် အရိုးစွဲ အမြစ်တွယ်နေသော နိုင်ငံရေးယဉ်ကျေးမှုတစ်ခု (long-entrenched political culture) အား အလုံးစုံပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုများတွင္ အတိုက်အခံပြုမှုများနှင့် ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ဝန်ကြီးချုပ် ဘာလင်ဒရာ ရှား ၏ ဝန်ကြီးအချို့မှာ လုပ်ငန်းများကို အမြန်ဆုံးပြီးမြောက်လိုသည့် စိတ်အားထက်သန်မှု ( enthusiasm) နှင့် စိတ်မရှည်မှု (impatience) များကြောင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်မှု (over-reached) များ ရှိခဲ့သည်။
ပင်မသတင်းမီဒီယာများတွင် အစိုးရက ငွေပေး၍ ကြော်ငြာခြင်းသည် လာဘ်ပေးလာဘ်ယူမှုဖြစ်စေသော နောက်ပြန်လည်မှု (kickback-driven) အဖြစ် အများသိပြီးသားကိစ္စဖြစ်သည်။ ဝန်ကြီးချုပ်ရုံးက အစိုးရအရာရှိများအား ၎င်းတို့၏ ဆောင်ရွက်ချက္များကို နိုင်ငံပိုင်မီဒီယာများတွင်သာ ထုတ်လွှင့်ရန် ဝန်ကြီးချုပ်ရုံး၏ ညွှန်ကြားချက္မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ အထူးသဖြင့် မီဒီယာလုပ်ငန်းများ ရပ်တည်ရန် ရုန်းကန်နေရချိန်တွင် ယင်းသို့ဖြစ်လာခြင်းဖြစ်သည်။
အသေးစိတ် မလွတ်တမ်းစောင့်ကြည့်ခံမှုအောက် (Under scrutiny) က အစိုးရအဖွဲ့
ထို့ထက်ပို၍ ဆိုးဝါးသည်မှာ ဝန်ကြီးများက ၎င်းတို့၏ ဆွေမျိုးသားချင်းများနှင့် RSP ပါတီနှင့် နီးစပ်သူများကို အဓိကရာထူးနေရာများတွင် မကြာသေးမီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် လူထုကို စိတ်ပျက်ဒေါသထွက်စေခဲ့သည်၊ အကြောင်းမှာ ထိုပါတီသည် ငါအုပ်စု/ငါ့ဆွေမျိုးကောင်းစားရေးဝါဒ နှင့် အဂတိလိုက်စားမှုများကို အဆုံးသတ်ရန်ဟူသော ကြွေးကြော်သံဖြင့် နိုင်ငံရေးအရ အခြေတည်လာခဲ့သောကြောင့်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး ဆူဒန် ဂုရန် (Sudan Gurung) သည် ဖိုခါရာ (Pokhara) ရှိ အင်းအိုင်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ထားသည့် ငှားရမ်းမြေအတွက် မြေငှားခ ပေးဆောင်ခြင်းမရှိဟု ထွက်ပေါ်လာသော သတင်းများကလည်း အခြေအနေကို ပိုမိုဆိုးဝါးစေခဲ့သည်။
ဝန်ကြီးချုပ် ဘာလင်ဒရာ ရှား ကိုယ်တိုင်သည်လည်း ခတ္တမန္ဒူမြို့တော်ဝန် ဖြစ်ခဲ့စဉ်ကတည်းက ရင်းနှီးခဲ့သည့် အမျိုးသား မိတ်ဆွေအပေါင်းအသင်းများကိုသာ "အနီးကပ်အကြံပေးအဖွဲ့" (Kitchen Cabinet) အဖြစ် ခန့်အပ်ခဲ့မှုကြောင့် ဝေဖန်စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။ ထိုဝေဖန်မှုများကို လျော့ပါးသွားစေရန်အတွက် ယခင်အစိုးရညွန့်ပေါင်းအဖွဲ့များ၏ ထိပ်တန်းအဂတိလိုက်စားမှုများကို ဖော်ထုတ်ခဲ့သူ စုံစမ်းထောက်လှမ်းရေး သတင်းထောက် ဒီပါ ဒါဟယ်လ် (Deepa Dahal) ကို အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။
ဝန်ကြီးချုပ် ရှာ က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းအဖွဲ့၏ အကြီးအကဲအဖြစ် အခြားနိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ အာဆင်းမ် ရှာ (Asim Shah) ကို ခန့်အပ်ခဲ့ခြင်းမှာလည်း ပြဿနာရှိနေသည်ဟု မြင်ကြသည်။ ၎င်းသည် ရုပ်ရှင်ရိုက်ကူးသူနှင့် လွှတ်တော်အမတ်ဟောင်းတစ်ဦး ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေရေးရာတွင် အတွေ့အကြုံ နောက်ခံမရှိပေ။
ပို၍ အငြင်းပွားဖွယ်ကောင်းသည်မှာ RSP ပါတီဥက္ကဋ္ဌ ရာဘီ လာမီချာနေး (Rabi Lamichhane) ၏ ဥပဒေအကြံပေး နာရာယန် ကန်ဒဲလ် (Narayan Kandel) ကို ရှေ့နေချုပ်အဖြစ် ခန့်အပ်ရန် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်သည်။ ကန်ဒဲလ်သည် ယခင်က ဗြိတိန်တွင် အမြဲတမ်းနေထိုင်ခွင့်ရထားသူဖြစ်ပြီး နီပေါနိုင်ငံတွင် ဥပဒေ လိုက်နာကျင့်သုံးမှု အတွေ့အကြုံ များများစားစား မရှိပေ။
ကန်ဒဲလ်ကို ခန့်အပ်မှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက္မှုများ ထွက်ပေါ်လာခဲ့သည်။ လာမီချာနေးအပေါ် တရားစွဲဆိုထားသည့် အမှုများမှာလည်း မပြီးပြတ်သေးသဖြင့် ယခုခန့်အပ်မှုသည် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှု (Conflict of Interest) ကို သိသိသာသာ ပြသနေပါသည်။
ကျန်းမာရေးဝန်ကြီး နီရှာ မေတာ (Nisha Mehta) သည်လည်း ယခင်က ရာထူးမှ ခေတ္တရပ်ဆိုင်းခံထားရဖူးသည့် အလုပ်သမားဝန်ကြီး ဒီပတ် ကူးမား ရှာ (Dipak Kumar Shah) ၏ ဇနီးဖြစ်သူ ဂျူနူး ရွှေရက်စတာ (Junu Shrestha) ကို ကျန်းမာရေးအာမခံဘုတ်အဖွဲ့ဝင်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်းကြောင့် မျက်နှာလိုက္မှုဖြင့် စွပ်စွဲခံခဲ့ရသည်။ အင်္ဂါနေ့က ပြုလုပ်သော ဘုတ်အဖွဲ့အစည်းအဝေးတွင် အလုပ်သမားဝန်ကြီး၏ အစီအစဉ်မကျဘဲ ဒေါသတကြီး ပြောဆိုမှုများကလည်း RSP ပါတီ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။
(နောက်ဆုံးရသတင်း - ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဘာလင်ဒရာ ရှား က အလုပ်သမားဝန်ကြီးကို ရာထူးမှ ထုတ်ပယ်လိုက်သည်။ RSP ပါတီက ၎င်းအား ပါတီ၏ ကျင့်ဝတ်နှင့် စည်းကမ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် အစိုးရအဖွဲ့တွင် ၁၄ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး နီပေါနိုင်ငံသမိုင်းတွင် သက်တမ်းအနည်းဆုံး ဝန်ကြီးများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။)
ဝန်ကြီးချုပ် ဘာလင်ဒရာ ရှာ (Balendra Shah) ဘာတွေးနေသည်ကို သိရန်ခက်ခဲသလို၊ ရာဘီ လာမီချာနေး (Rabi Lamichhane) အနေဖြင့်လည်း ဤလုပ်ရပ်အချို့ကို မည်သို့ ဆင်ခြေပေးကာကွယ်မည်နည်း ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာယန္တရားများကို အရည်အချင်းအခြေပြုစနစ် (Meritocracy) ဖြစ်အောင် လုပ်ဆောင်ခြင်းသည် RSP ပါတီ၏ အဓိကမူဝါဒဖြစ်ရာ၊ ယခုကဲ့သို့ မှားယွင်းမှုများ ဆက်လက်ရှိနေပါက အဓိကထောက်ခံသူများဖြစ်သည့် လူငယ်ထုနှင့် ဝေးကွာသွားမည့် အန္တရာယ်ရှိနေသည်။
သို့သော် အနည်းဆုံးတော့ ယခုအချိန်အထိ RSP ထောက်ခံသူအများစုသည် ပါတီအပေါ် သံသယရှိနေသော်လည်း အခွင့်အရေးပေးကာ ဆက်လက်စောင့်ကြည့်နေကြဆဲ ဖြစ်ပုံရသည်။
မူရင်း
https://nepalitimes.com/news/nepal-s-new-government-springs-into-action?
Comments
Post a Comment