တပါတီစနစ် ရောဂါနှင့် တရုတ်၊ လာအို၊ မြောက်ကိုးရီးယား - ၁

 တပါတီစနစ် ရောဂါနှင့် တရုတ်၊ လာအို၊ မြောက်ကိုးရီးယား - ၁


တပါတီစနစ် (One-party system) ဆိုတာ နိုင်ငံရေးအာဏာကို ပါတီတစ်ခုတည်းကသာ ချုပ္ကိုင္ထားတ့ဲ စနစ်ပါ။ အဲဒီ စနစ်မှာ  တခြား မိတ်ဘက်ပါတီ အချို့တလေက တည်ထောင်ခွင့်ရနိုင် ပေမယ့် တကယ့် အတိုက်အခံပါတီတွေဟာ တည်ထောင်ရပ်တည်ခွင့်မရှိပါဘူး။  ဆိုလိုချင်တာက တပါတီစနစ်ဆိုတာ လူထုရဲ့ အာဏာ၊ နိုင်ငံရေးအာဏာ ကို အဲဒီ ပါတီကလွဲပြီး အခြား အုပ်စုတွေကို ရွေးချယ်ခွင့် မရှိတ့ဲ စနစ်ပါပဲ။


ဗြိတိသျှ သမိုင်းပညာရှင်၊ နိုင်ငံရေးသမား လောဒ့် အက်တွန် ( Lord Acton) က ၁၈၈၇ ခုနှစ်မှာ သာသနာပိုင် ခရစ်ယာန်ဘုန်းတော်ကြီး မင်ဒလ် ကရိုက်တန် ( Mandell Creighton ) ကို  စာတစ်စောင် ရေးပို့ခ့ဲပါတယ္။ လောဒ် အက်တွန်က စာထဲ "အက​ြွင္းမ့ဲ အာဏာဟာ လူကို အက​ြွင္းမ့ဲ ပျက်စီးစေတယ်" ("Power tends to corrupt, and absolute power corrupts absolutely") လို့ ဆိုပါတယ်။  လောဒ် အက်တွန်၏ စကားက လက်ရှိ ၂၀၂၆ ခုနှစ်မှာ နှစ်ပေါင်း ၁၃၉ နှစ်ကြာသွားပါပြီ။ သူစကားက မှန်နေဆဲပါ။


တပါတီစနစ်ဟာ လက်ကိုင်ရိုးမှာ စိန်စီချယ်သထားသလောက် သံသားထည္ညံတ့ဲ ဓားတလက်နဲ့ တူပါတယ်။ ဓားတလက္မှာ အသွားထက်ခြင်းကသာ အရေးပါတာဖြစ်လို့ အသွားဖော္ရတ့ဲ သံကိုယ်ထည်က ညံနေရင် ဘာမှ အဓိပ္ပါယ္မရှိတော့ပါဘူး။ 


တရုတ်တို့ရဲ့ စိန်စီလက်ကိုင်ရိုး


တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၃ မှာ "တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ လူ့အခွင့်အရေးကို လေးစားပြီး အကာအကွယ်ပေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေတွေက သတ္မှတ္ပေးတ့ဲ အခွင့်အရေးကို နိုင်ငံသားတိုင်း ခံစားနိုင်တယ်" ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီ ဥပဒေပုဒ်မ ၃၃ မှာပဲ "တရုတ်ပြည်သူ့ သမ္မတနိုင္ငံသားအဖြစ် ခံယူထားတ့ဲ ဘယ်သူမဆို (မဲသည်၊ ဝါသည်၊ ဖြူသည်၊ ညိုသည် ဖြစ်စေ ဘယ်သူပဲ ဖြစ်ဖြစ်) တရုတ်နိုင်ငံသား ဖြစ်တယ်" လို့ ဆိုထားပါတယ်။ ပုဒ်မ ၃၄ မှာ "ဘယ်တရုတ်နိုင်ငံသား မဆို အသက် ၁၈ နှစ်ပြည့်ပြီးတာနဲ့ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ယောက်ျား မိန်းမ ပဲဖြစ်ဖြစ်၊ ဘယ်အလုပ်အကိုင်ပဲလုပ်လုပ်၊ ဘယ်မိသားစုအဆင်အတန်းကပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲ ကိုးကွယ်တာ ဖြစ်ဖြစ်၊ ပညာအဆင်အတန်းဘယ်လိုပဲရှိရှိ၊ ပစ္စည်းဥစ္စာကြွယ်ဝသည်ဖြစ်စေ မကြွယ်ဝသည်ဖြစ်စေ၊ တရုတ်နိုင်ငံအတွင်း ဘယ်၍ဘယ်မျှ နေထိုင်သည်ဖြစ်စေ မနေထိုင်သည်ဖြစ်စေ မဲပေးခွင့်ရှိတယ်။ ရွေးကောက်ပွဲ ဝင်ခွင့်ရှိတယ်။ ဥပဒေအရ ပေးထားတ့ဲ နိုင်ငံရေး အခွင့်အရေးကို ရယူခွင့် ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၅ မှာဆိုရင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားဖြန့်ချီခွင့်၊ စုဝေးခွင့်၊ မိမိခံစားချက်ကို ဖော်ပြခွင့် ရှိတယ်" လို့ ပြောထားပါတယ်။ ပုဒ်မ ၃၆ က တရုတ်နိုင်ငံသားတိုင်းဟာ ဘာသာရေးအပေါ် လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်။ ဘယ်ဘာသာကိုမှ မယုံကြည်ခွင့်လည်းရှိတယ်။ ဘာသာရေးယုံကြည်တာ၊ မယုံကြည်တာကို လိုက်ပြီး ခွဲခြားဆက်ဆံမှုကို မပြုရဘူး။ ဘာသာရေးအရ သာမန်ထုံးထမ်းအစဉ်အလာတွေကို ခွင့်ပြုတယ်။ ဒါပေမယ့် အဲဒီအစဉ်အလာတွေဟာ တရားဥပဒေစိုးမိုးရေး၊ လူအများရဲ့ ကျမ်းမာရေး၊ ပညာရေးကို မထိခိုက်စေရဘူး၊ ဘာသာရေးအုပ်စုတွေဟာ ပြည်ပက ထိန်းချုပ်ခံ အဖွဲ့တွေ မဖြစ်စေရဘူး၊ ပြီးရင် လူ့တစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို ဥပဒေအရ တရားနည်းလမ်းမကျဘဲ ကန့်သတ်ပိတ်ပင်တားဆီးခွင့်မရှိဘူး။ လူတစ်ယောက်ကို ဥပဒေဆိုင်ရာ တရားနည်းလမ်းကျမှုမရှိဘဲ ဖမ်းဆီးခွင့် မရှိဘူး" လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၈ မှာ နိုင်ငံသားတွေရဲ့ လူ့ဂုဏ်သိက္ခာကို ဘယ်သူမှ ချိုးဖျက်ခွင့်မရှိဘူး။  နိုင်ငံသားတစ်ယောက်ဟာ စော်ကားခံရမှု၊ အသရေဖျက်ခံရမှု၊ မဟုတ်တရားစွပ်စွဲ ခံရမှုတွေ မရှိစေရဘူး" လို့ ပြဌာန်းထားပါတယ်။


မြောက်ကိုးရီးယား၏ စိန်စီလက်ကိုင်ရိုး


မြောက်ကိုးရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄ မှာ "မြောက်ကိုးရီးယား (DPRK) ရဲ့ အချုပ်အခြာအာဏာဟာ အလုပ်သမား၊ လယ်သမား၊ ပညာတတ်အလုပ်သမားနဲ့ အလုပ္လုပ္နတေ့ဲ လူထုတွေဆီမှာ တည်ရှိတယ်၊ အလုပ်လုပ်နေ တ့ဲ လူထုဟာ သူတို့ရဲ့ စီမံခန့်ခွဲမှုအာဏာကို အမြင့်ဆုံး လူထုညီလာခံနဲ့ ဒေသဆိုင်ရာ လူထုညီလာခံ တွေဆီ သူတို့ကို ကိုယ်စားပြုသူတွေကတဆင့် ပေးထားတယ်" လို့ ဆိုထားပါတယ်။ ပုဒ်မ ၆ မှာ နိုင်ငံရဲ့ အလွှာအသီးသီးက အာဏာ အင်္ဂါရပ်အစိတ်အပိုင်းအားလုံးဟာ လူထုရဲ့ ညီမြှတ့ဲ လွတ္လပ္တ့ဲ တိုက်ရိုက် မဲပေးစနစ်နဲ့ တည်ဆောက်ထားတယ်" လို့ဆိုပါတယ်။   အဲဒီလိုမဲပေးစနစ်နဲ့ ရွေးချယ္ခံထားရတ့ဲ ကိုယ်စားလှယ်တွေဟာ မိမိရဲ့ မဲဆန္ဒနယ်နဲ့ လူထုကို တာဝန်ခံရမယ်။ အလုပ်အကျွေးပြုရမယ်။ လူထုဟာ မကြေနပ်ရင် မိမိရွေးချယ္ထားတ့ဲ ကိုယ်စားလှယ်ကို ဖြုတ်ချခွင့်ရှိတယ် လို ပုဒ်မ ၇ က ဆိုထားပါသေးတယ်။ ပုဒ်မ ၆၄ မှာ "နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုပိုင်း၊ ရုပ်ဝတ္ထုပိုင်းတွေရဲ့ လွတ်လပ်ခွင့်ကို မြောက်ကိုးရီးယားနိုင်ငံက အာမခံတယ်။ အဲဒီလွတ်လပ်ခွင့်တွေဟာ မြောက်ကိုးရီးယားရဲ့ လူမှုစနစ်ခိုင်မာ တိုးတက်ဖို့အတွက် ဖြစ်စေရမယ် လို့ဆိုထားပါတယ်။ ပုဒ်မ ၆၅ မှာ နိုင်ငံသားတိုင်းဟာ နိုင်ငံရေးရာကိစ္စရပ်တွေနဲ့ လူထုဆိုင်ရာ ဆောင်ရွက်ခွင့်တွေမှာ တန်းတူ အခွင့်အရေး ရှိတယ်လို့ ဆိုပါတယ်။ ပုဒ်မ ၆၆ မှာ မြောက်ကိုးရီးယားရဲ့ ဘယ်သူမဆို အသက် ၁၇ ပြည့်ပြီးရင် ရွေးကောက်ခံခွင့်၊ မဲ ပေးခွင့်ရှိတယ်။ ဒီအခွင့်အရေးကို သူဟာ အထီးဖြစ်ဖြစ်၊ အမဖြစ်ဖြစ်၊ ဘယ်အလုပ်ပဲလုပ်လုပ်၊ နိုင်ငံအတွင်းမှာ ဘယ်လောက်ပဲနေနေ၊ ပစ္စည်း ဥစ္စာပိုင်ပိုင်၊မပိုင်ပိုင်၊ ပညာအရည်အချင်းရှိရှိ၊မရှိရှိ၊ နိုင်ငံရေးအမြင်ဘယ်လိုပဲ ရှိရှိ၊ ဘယ်သာသာကိုပဲ ယုံကြည်ယုံကြည် ရပိုင်ခွင့်ရှိတယ်၊ တကယ်လို့ တရားရုံးက ဥပဒေအရ တရားနည်းလမ်းတကျ စစ်ဆေးလို့ အရည်အချင်းပျက်ကွက်နေမှသာ  အဆိုပါအခွင့်အရေးတွေကို ရုတ်သိမ်းခွင့်ရှိတယ်" လို့ပြောထားပါတယ်။ မြောက်ကိုးရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၇ မှာ " မြောက်ကိုးရီးယားနိုင်ငံသားတွေမှာ လွတ်လပ်စွာ ပြောကြား ဖော်ထုတ်ခွင့်၊ စုဝေးခွင့်တွေ ရှိတယ်။ ဒီမိုကရက် နိုင်ငံရေးပါတီတွေ လူမှုအသင်းအဖွဲ့တွေရဲ့ လွတ်လပ်ခွင့်ကို အာမခံတယ်" လို့ ဆိုထားပါတယ်။ ပုဒ်မ ၆၈ က "ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံတယ်။ ဘာသာရေးအဆောက်အအုံတွေ အခမ်းအနားတွေ ပြုလုပ်ခွင့်ရှိတယ်။ ဒါပေမယ့် ဘာသာရေးအဖွဲ့တွေဟာ နိုင်ငံခြားရဲ့ ဩဇာခံမဖြစ်ရဘူး။ အခြားသူတွေကို မထိခိုက်စေရဘူး။ တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေရဘူး" လို့ ပြဌာန်းထားပါတယ်။


လာအို၏ စိန်စီလက်ကိုင်ရိုး


လာအိုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ မှာ "လာအိုဟာ ပြည်သူ့ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ လာအိုရဲ့ အာဏာအားလုံးဟာ ပြည်သူ့တွေ ပိုင်တယ်။ ပြည်သူတွေကသာ အကောင်အထည်ဖော်ရမယ်။ အလုပ်သမား၊ လယ်သမား၊ ပညာတတ် တွေပါဝင်နေ တ့ဲ  များပြားလှတ့ဲ လူမျိုးစုတွေရဲ့ အကျိုးစီးပွားအတွက် ဖြစ်စေရမယ်" လို့ပြဌာန်းထားပါတယ်။ ပုဒ်မ (၄) မှာ ပြည်သူတွေဟာ မိမိတို့အခွင့်အရေး၊ အာဏာနဲ့ အကျိုးအမြတ်တွေကို အကောင်အထည်ဖော်ဖို့အတွက် အမျိုးသားညီလာခံနဲ့ ဒေသန္တရ ပြည်သူ့ညီလာခံတွေအတွက် ကိုယ်စားလှယ်တွေကို ရွေးပေးရမယ်။ မဲပေးတ့ဲစနစ္ဟာ တရားမျှတပြီး တိုက်ရိုက်လျို့ဝှက္မဲပေးစနစ်ဖြစ်တယ်။ လူထုဟာ မိမိအကျိုးစီးပွားနဲ့ မအပ္စပ္တ့ဲအခါ မိမိကိုယ်စားလှယ်ကို ဖြုတ်ချခွင့်ရှိတယ်" လို့ ဆိုထားပါတယ်။ ပုဒ်မ (၆) မှာ " လာအိုဟာ ပြည်သူ့တွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အကာအကွယ်ပေးမှာဖြစ်ပြီး အဲဒီအခွင့်အရေးဟာ ဘယ်သူကမှ ချိုးဖျက္ပိုင္ခွင့်မရှိတ့ဲ အချက်ဖြစ်တယ်။ လာအိုရဲ့ အာဏာအစိတ်အပိုင်း အသီးသီးရဲ့ ဆောင်ရွက်ချက်တွေဟာ လူထုရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်စေရမယ်။ ပြည်သူလူထုရဲ့ ဂုဏ်သိက္ခာ၊ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ ဘဝရှင်သန်မှု၊ စိတ်ချမ်းမြေ့မှု၊ ကြွယ်ဝမှု တွေကို ထိခိုက်စေ တ့ဲ အာဏာ ဖြစ်စဉ်တွေကို ပိတ်ပင်ကန့်သတ်တယ်" လို့ ဆိုပါတယ်။ ပုဒ်မ (၇) မှာ လာအိုအမျိုးသားတည်ဆောက်ရေးတပ်ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကုန်သည်အဖွဲ့၊ လာအိုတော်လှန်ရေးလူငယ်အဖွဲ့ ၊ အမျိုးသမီး အဖွဲ့တွေနဲ့ အခြားသော လူမှုအဖွဲ့အစည်းတွေဟာ လူမျိုးစုတွေရဲ့ ညီညွတ်မှု၊ လက်လှမ်းမှီမှုနဲ့ ဖွဲ့စည်းထားတယ်။ တိုင်းပြည်တည်ဆောက်ရေးအတွက် လုပ်ငန်းခွင်များလည်းဖြစ်တယ်။ လူထုရဲ့ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးမှုကို ကာကွယ်ဖို့လည်း ဖြစ်တယ်။ ထိုအဖွဲ့အစည်းနဲ့ အဖွဲ့ဝင်များရဲ့ အခွင့်အရေးကို ကာကွယ်ဖို့လည်း ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေဟာ အမျိုးသားညီလာခံ၊ ဒေသန္တရညီလာခံ နဲ့ အဆိုပါ ညီလာခံ အဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တိုင်းကို စောင့်ကြည့်ဖို့ တာဝန်ရှိတယ်" လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ (၈) က "လူမျိုးစုတွေဟာ တန်းတူညီမျှမှုရှိတယ်၊ လူမျိုးစုများဟာ မိမိတို့ လူမျိုးစုအနွယ်နဲ့ လူမျိုးနိုင်ငံသားဖြစ်မှုရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ကျင့်သုံးခွင့် ထိန်းသိမ်းကာကွယ်ခွင့်ရှိတယ်။ လူမျိုးစုကြားမှာ ခွဲခ​ြားဆက္ဆံမှုနဲ့ စိတ်ဝမ်းကွဲအောင္လုပ်မှုတွေကို ပိတ်ပင်တယ်။ လူမျိုးစုတွေရဲ့ လူမှုစီးပွားဘဝ တိုးတက္မှုတွေကို အကောင်အထည်ဖော်ရမယ်" လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ (၉) က ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထားချက်ဖြစ်ပြီး ပုဒ်မ (၃၄) က လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို တန်းတူညီမျှ ရှိဖို့ကို ပြောထားပါတယ်။ ပုဒ်မ (၃၅) က ဥပဒေ ရှေ့မှောက္မှာ လူတိုင်းဟာ (ဘယ်လို လိင်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လို ရာထူး ရာခံ လူမှုအဆင့်အတန်းပဲရှိရှိ၊ ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ၊ ဘယ်လို ဘာသာရေး နိုင်ငံရေး ခံယူချက်ရှိသည်ဖြစ်စေ၊ ဘယ်လို လူမျိုးစု ဖြစ်သည် ဖြစ်စေ) တန်းတူညီမျှ တရားမျှတမှုကို ရရှိခွင့်ရှိတယ်" လို့ ဆိုပါတယ်။ ပုဒ်မ (၄၄) က လာအိုနိုင်ငံသားတိုင်းဟာ သူတို့ရဲ့ အသက် ဘဝ၊ ခန္ဓာ၊ ဂုဏ်သိက္ခာနဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပိုင်ခွင့်ရှိတယ်၊ ဥပဒေကြောင်းအရ တရားနည္းလမ္းကျတ့ဲ အကြောင်းပြချက် ကိုအ ခြေခံတ့ဲ တရားရုံး သို့မဟုတ် ပြည်သူ့ဆိုင်ရာ စွဲချက် တွေမရှိဘဲနဲ့ အဲဒီ အချက်တွေကို မျက်ကွယ်ပြုပြီး ဖမ်းဆီးထိန်းသိမ်းခွင့်မရှိဘူး" လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ (၄၄) လာအို ပြည်သူ့တိုင်းမှာ ဥပဒေနဲ့အညီ လွတ်လပ်စွာ ထုတ်ပြောပြောဆိုခွင့်၊ ဖော်ပြခွင့်၊ စုဝေး လှုပ်ရှားခွင့်၊ ဆန္ဒပြခွင့် ရှိတယ်လို့ ပြဌာန်းထားပါတယ်။


မရသော ပေးခြင်းဖြင့်


တရုတ်၊ မြောက်ကိုးရီးယား၊ လာအို စတ့ဲ တပါတီ ပုံစံဖြစ်နေ တ့ဲ နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြည့်ရင် "နိုင်ငံ ့အာဏာရဲ့ မူလပိုင်ရှင်ဟာ ပြည္သူဆိုတ့ဲ ပြဌာန်းချက်တွေ၊ ပြည်သူတွေရဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး တွေကို အာမခံချက်တွေ၊ ညီမျှခြင်း၊ တရားမျှတခြင်း၊ တန္းတူညီမျှခြင်းဆိုတ့ဲ လောကပါလ တရားတွေကို ရွှန်းရွှန်းဝေအောင် ဖော်ပြထားတာကို တွေ့ရမှာပါ။ အမှန်က ဒီအချက်တွေဟာ လက်ရှိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရှေ့တန္းတင္ထားတ့ဲ အနောက်ဥရောပ နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှာလည်း ပါနေ တ့ဲ အချက်တွေပါ။ တစ်ခုပဲ ကွာပါတယ်။ အဲဒီ အချက်တွေကို ပေးပါတယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အာမခံပေးထားတာချင်းတူပေမယ့် တကယ့်လက်တွေ့ဘဝမှာ လူထုဟာ အမှန်တကယ် ခံစားခွင့်ရမရ ဆိုတ့ဲ အချက်က ကွာလာပါတယ်။ တရုတ်၊ မြောက်ကိုးရီးယားနဲ့ လာအို တို့မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို အနောက်ဥရောပ နိုင်ငံတွေလောက် မရကြဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ တရားမျှတခြင်း ဆိုတ့ဲ လောကပါလတရားတွေကို ဖော်ပြထားပေမယ့် လူထုမှာ ခံစားခွင့္မရတ့ဲအခါ ဒါဟာ "လက်ကိုင်ရိုးလောက္မှာပဲ စိန်စီချယ်ထားပြီး သံသားညံတ့ဲ အသွားမကောင္းတ့ဲ  ဓားတလက်" ပဲ ဖြစ်သွားပါတော့တယ်။ ပြောချင်တာက လူမြင်ကောင်း ရေးထားတာကလွဲပြီး အပြင်လက်တွေ့မှာ ဘာမှ သုံးစားလို့မရဘူးဆိုတ့ဲ သဘောပါ။ ဒီတော့ မေးခွန်းတစ်ခုက ပေါ်လာပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေါ်တင်ပြဌာန်းထားပါရက်နဲ့ မြေပြင်မှာ ဘာကြောင့် အကျိုးကို မခံစားရတာလဲ"


အဖြေက ရိုးရှင်းပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဘယ်လောက်ပဲရေးရေး အာဏာကို တစ်ခုတစ်ဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်တည်းဆီမှာပဲ ထားလိုက္တ့ဲအခါ လူထုဟာ သူတို့ရဲ့ တရားဝင်ရပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတွေ ဆုံးရှုံး သွားရတာပါပဲ။ ဗြိတိသျှ သမိုင်းပညာရှင်၊ နိုင်ငံရေးသမား လောဒ့် အက်တွန် ( Lord Acton) ပြောခ့ဲသလို အက​ြွင္းမ့ဲအာဏာဟာ လူကို အက​ြွင္းမ့ဲပျက္စီးစေ တယ္ ဆိုတာပါပဲ။


ရယ်စရာကောင်းတာက တရုတ်ပဲ ဖြစ်ဖြစ်၊ မြောက်ကိုးရီးယား ဖြစ်ဖြစ်၊ လာအိုပဲ ဖြစ်ဖြစ်  တပါတီစနစ်နဲ့သွားမယ်၊ အခြားပါတီတွေ မလိုအပ်ဘူး ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဒ့ဲ မရေးထားပါဘူး။ တရုတ်မှာဆိုရင် သူရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁) မှာ "ဆိုရှယ်လစ်စနစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခြေခံစနစ် ဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုဟာ တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ်၏ အဓိကအင်္ဂါရပ် ဖြစ်တယ်" လို့ပဲ ရေးထားတာပါ။ မြောက်ကိုးရီးယားမှာရင်လည်း သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၁) ထဲမှာ "ကိုးရီးယား အလုပ်သမား ပါတီရဲ့ ဦးဆောင်မှုအောက္မှာ မြောက်ကိုးရီးယားရဲ့ အရာခပ်သိမ်းကို ဆောင်ရွက်တယ္" လို့ပဲ ရေးထားပါတယ်။ လာအိုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃) မှာ "နိုင်ငံရဲ့ အရှင်သခင်ဖြစ်တ့ဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို လာအိုပြည်သူ့ တော်လှန်ရေးပါတီက ဦးဆောင် တည်ဆောက်တယ်" လို့ပဲ ရေးထားပါတယ္။ အဲဒီနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေမှာ တပါတီစနစ်သာ ထားရမယ်လို့ ဒ့ဲပေါ်တင္ရေးခြင်းထက္နားလှည့်ပါးရိုက် လုပ္ထားတ့ဲ "စနစ်အပေါ် ဦးဆောင်သူ" ဆိုတ့ဲ သဘောမျိုးပဲ ရေးထားတာပါ။ 


စနစ်အပေါ် ဦးဆောင်သူလော?  ရာသက်ပန် နိုင်ငံရေးတင်ဒါလေလံ အောင်သူလော?


မြောက်ကိုးရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၇ မှာ ဆိုရင် " ဒီမိုကရက်နိုင်ငံရေးပါတီများရဲ့ လွတ်လပ်ခွင့်ကို အာမခံတယ်" လို့တောင် ခပ်တည်တည် ရေးထားပါသေးတယ်။ တရုတ်မှာ ဆိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒန်းပိုင်းတွေမှာ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနောက်ရှိ "အခြားနိုင်ငံရေးပါတီများ" ဆိုပြီး ကွန္မ​ြူနစ္ပါတီမဟုတ်တ့ဲ အခြားပါတီတွေဟာ ဖွဲ့စည်းလှုပ်ရှားခွင့် ရှိနေသလိုမျိုးတောင္ ရေးထားပါတယ်။ လက်ရှိ တရုတ်မှာ ကွန်မြူနစ်ပါတီတွေ အပြင် အခြားသော နိုင်ငံရေးပါတီ ၈ ခု ရှိပါတယ်။ ဒါပေမယ့် အဲဒီပါတီတွေဟာ ဆိုရှယ်လစ်စနစ်ကို သစ္စာမဖောက်ရဘူးလို့ ဆိုထားပါတယ်။ အဲဒီ ဆိုရှယ်လစ်စနစ်ကို သစ္စာမဖောက်ရဘူး ဆိုတ့ဲ အဓိပ္ပါယ္က ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနောက်က လိုက်ရမယ် ဆိုတ့ဲ သဘောပါပဲ။ 


ဒီတော့ လူမှုအသိုင်းအဝန်း ထဲမှာ ဒီမိုကရေစီစံနှုန်းတွေ ကင်းမဲ့ လာပါတော့တယ်။ တပါတီစနစ်မှာ ပြည်သူတွေအနေနဲ့ မိမိတို့ကြိုက်နှစ်သက်တဲ့ ခေါင်းဆောင် ဒါမှမဟုတ် မူဝါဒကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ ရွေးကောက်ပွဲဆိုတာ ရှိခဲ့ရင်တောင် ဒါဟာ ဟန်ပြသဘောသာ ဖြစ်တတ်ပြီး ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်လေ့မရှိပါဘူး။ ပြီးရင် အခြေခံလူ့အခွင့်အရေးတွေကို ထိခိုက်လာပါတယ်။ ပါတီရဲ့ သဘောထားနဲ့ ကွဲလွဲသူတွေကို "ရန်သူ" လို့ သတ်မှတ်ပြီး နှိပ်ကွပ်လေ့ရှိပါတယ်။လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာလည်းမရှိတော့ပါဘူး။ အစိုးရရဲ့ အမှားကို ဝေဖန်ထောက်ပြရင် ဖမ်းဆီးအရေးယူခံရပါတယ်။ သတင်းလွတ်လပ်ခွင့် ပိတ်ဆို့ထားပါတယ်။  သတင်းမီဒီယာတွေကို ပါတီကသာ ထိန္းချုပ္ထားတ့ဲအခါ ပြည်သူတွေဟာ အမှန်တရားကို မသိရဘဲ ဝါဒဖြန့်ချိရေး (Propaganda) တွေကိုပဲ ကြားကြရပါတယ်။ တပါတီ စနစ်မှာ အတိုက်အခံနဲ့ ပြိုင်ဆိုင်မှု မရှိတဲ့အတွက် ပါတီဟာ မိမိကိုယ်မိမိ ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် ခေတ်နဲ့အညီ ဆန်းသစ်ဖို့ စိတ်အားထက်သန်မှု နည်းပါးသွားတတ်ပါတယ်။ ဒါဟာ ရေရှည်မှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာ တိုးတက္မှုကို အဟန့်အတား ဖြစ်စေပါတယ်။ အာဏာအလွဲသုံးစားလုပ်မှုနှင့် အဂတိလိုက်စားမှု တွေဟာ ရှိလာပါတယ်။ အာဏာပိုင်တွေဟာ ဥပဒေအထက်ကို ရောက်လာပြီးနိုင်ငံတော်ဘဏ္ဍာနဲ့ အရင်းအမြစ်တွေကို မိမိတို့ အကျိုးအမြတ်အတွက် အလွယ်တကူ အသုံးပြုတတ်ကြပါတယ်။ ဘက်လိုက္မှုနဲ့ ဆွေမျိုးကောင်းစားရေး (Nepotism) တွေ ပေါများလာတတ်ပါတယ်။ ဒီလိုနဲ့ သူတို့ဖွဲ့စည်းပုံအခြေခံဥပဒေထဲနှာ ဖော္ပ​ြထားတ့ဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ကင်းမ့ဲ သွားပါတော့တယ်။





ဆက်ရန်


ကိုးကား

https://en.wikipedia.org/wiki/Constitution_of_China

https://en.wikipedia.org/wiki/Constitution_of_North_Korea

https://en.wikipedia.org/wiki/Constitution_of_Laos




Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း