ဝင်ရိုး သုံးခု အားစမ်းပွဲကြားက နီပေါ
ဝင်ရိုး သုံးခု အားစမ်းပွဲကြားက နီပေါ
ဝါရှင်တန်နှင့် နယူးဒေလီ တို့တွင် နီပေါနှင့် ပတ်သက်၍ တူညီသော အမြင်တစ်ခုက ရှိသည်။ ထိုအမြင်က ယခု ဂျင်ဇီတော်လှန်ရေးကြောင့် နိုင်ငံရေးအခင်းအကျင်းသစ် ဖြစ်နေသော နီပေါ နှင့် ပတ်သက်၍ ဘေကျင်း ထံတွင် ဆုံးဖြတ်ချက်ချနိုင်သော အာဏာများကို ကန့်သတ်ရန်၊ နီပေါအနေဖြင့် ဘေကျင်းထံတွင် မှီခိုနေရမှုများကို လျော့နည်းရန် ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးက မ သေချာ မရေရာ တင်းမာခက်ခဲမှု ကာလ (fraught period) ဖြစ်နေချိန် ဂျင်ဇီတော်လှန်ရေးအလွန် ရက်စထရီယ ဆွာတန်တရ ပါတီ Rastriya Swatantra Party (RSP) က ပွီးခ့ဲသည့္လ ရွေးကောက်ပွဲတွင် အနိုင္ရခ့ဲသည္။ အာရှတိုက်၏ အနောက်ဘက်က စစ်ပွဲက ကမ္ဘာကြီး၏ ဩဇာလွမ်းမိုးမှု (world order) ကို ကျိမ်းသေ ပုံဖော်လာမည်။ ထိုသို့ ဖြစ်ထွန်းလာသော ကမ္ဘာကြီး၏ ဩဇာလွမ်းမိုးမှု (world order) အနေအထားက နီပေါနှင့် တောင်အာရှ ဒေသတခွင်၏ မဟာဗျူဟာ အသေးစိတ်ကျလွန်းမှုကို မျက်ကွယ်ပြုနေမည်မဟုတ်။ ဤသို့ဖြင့် နီပေါနှင့် တောင်အာရှ တစ်ခွင်တွင် ပါဝါကြီးများ (အမေရိကန်၊ တရုတ်၊ အိန္ဒိယ)တို့၏ မဟာဗျူဟာ ခြေဆန့်မှုများက ရှိလာမည်။ ထိုခြေဆန့်မှုများက ဒေသတစ်လုံး၏ စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှု တသီတသန်းက ဖြစ်လာမည်။
သာမန် ရုန်းကန်နေရသောနိုင်ငံတစ်ခု၏ နိုင်ငံခြားရေးမူဝါဒ ဆိုသည်မှာ လက်ရှိ နိုင်ငံတကာ စနစ်ယန္တယား၏ လက်ကျန်တည်ရှိဆဲ အင်္ဂါရပ်များ (the extant structural features) ပေါ်တွင်သာ အကြီးအကျယ် မှီခိုနေရသည်မဟုတ်လော။ နီပေါ၏ စီးပွားရေးက ပြည်ပရောက် အလုပ်သမားများ၏ လွဲငွေ ကိုမှီခိုနေရသော စီပွားရေး ( remittance-driven economy) သာ ဖြစ်သည်။ ထိုစီးပွားရေးက အိန္ဒိယနှင့် တရုတ်ကြားတွင် ရောက်နေသော နီပေါ၏ ပထဝီဝင် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ကြောင့်ပင် စိန်ခေါ်ချက် အခက်အခဲများက ပြည့်နေသည်။ အကျိုးအမြတ်များလည်း ရှိနိူင်သည်။
နိုင်ငံတကာမျက်နှာစာတွင် သမ္မတထရန့် မည်သို့ပင် လုပ်နေစေကာမူ အမေရိကန်၏ အနေအထားသည် ယခုအချိန်ထိ ပြိုင်ဘက်ကင်း (Unrivalled) ပုံစံ ဖြစ်နေသေးသည်။ ဤအချက်ကပင် အမေရိကန်၏ ပစ္စုပ္ပါန္အခြေအနေကို မျက္မြင်သိရှိရန် အရေးပါလာသည်။ အင်အားကြီးသထက် ကြီးလာသော တရုတ်၏ ဩဇာ ရိုက်ခတ်မှုကို နီပေါသည် ခံရမည်။ တရုတ်တို့ထံမှာ လာမည်အရာကို ကနဦး နားမလည်နိုင်ရင်လည်း ရပါသေးသည်။ သို့သော် နီပေါအတွက်ကား လက်ရှိအချိန်တွင် အိန္ဒိယ၏ ဒေသလုံးဆိုင်ရာ ကြီးကြီးမားမား လွမ်းမိုးမှု (regional hegemonic influence) က ဆက်ရှိနေအုံးမည်။
ဓနကြွယ်ဝသော ၅ ရာခိုင်နှုန်း
ကမ္ဘာလူဦးရေ၏ ၅ ရာခိုင်နှုန်းက ကမ္ဘာစီးပွားရေး၏ ၂၀ ရာခိုင်နှုန်းကို အထောက်အပံပေးထားသည်။ ထို ၅ ရာခိုင်နှုန်းကပင် စစ်ဘက်ဆိုင်ရာအတွက် ၅၀ ရာခိုင်နှုန်းကို တည်ဆောက်ထားသည်။ ထိုဓနကြွယ်ဝသော ၅ ရာခိုင်နှုန်းဆိုသည်က အမေရိကန် နိုင်ငံကို ဆိုလိုခြင်းဖြစ်သည်။ အမေရိကန်ဆိုသော ဖိအားကြီးသည် ကမ္ဘာကြီး၏ နေရာတိုင်းသို့ သက်ရောက်နိုင်သည်။သို့ဖြစ်၍ နီပေါ အပေါ်တွင်လည်း သက်ရောက်နိုင်သည်။ နီပေါ ဆိုသည်က အမေရိကန်အတွက် အားအင်ဆူဖြိုးလာသော ပြိုင်ဘက်တရုတ်၏ အနီးတွင် ရှိနေသော နေရာဖြစ်သည်။ ထိုနေရာကား မဟာဗျူဟာမြောက် နီးကပ်ခြင်း (strategic proximity) က ရှိလွန်းနေသည့် နေရာပင္ မဟုတ်လော။
အမေရိကန်ဘက်က နီပေါနိုင်ငံတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး အတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံမည့် Millennium Challenge Corporation (MCC) စီမံကိန်း နှင့် လုံခြုံရေး စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက္မှု အစီအစဉ် State Partnership Program (SPP) တို့ရှိသည်။ ထိုစီမံကိန်း နှစ်ခုနှင့် ပတ်သက်၍ နီပေါတွင် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် လူထုအုံကြွမှုဖြင့် ကန့္ကွက္မှုများရှိခ့ဲသည္။ သို့သော် လက်ရှိ သမ္မတ ထရန့်ကသာ ထိုစီမံကိန်းနှစ်ခုအား နီပေါတွင် မရအရ အကောင်အထည်ဖော်မည်ဆိုပါက ထရန့်ကို မည်သူမှ မတားနိုင်ပေ။ ဤအချက်တွင် နီပေါဘက္မှ တတ်နိုင်သော အချက်တစ်ခုမှာ ဤစီမံကိန်းများမှာ ရေရှည်တွင် ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရပါမည်လားဟု မေးခွန်းထုတ်ခြင်းသာ ရှိတော့သည်။ ဤစီမံကိန်းများနှင့် ပတ်သက်၍ ရှေ့ဆက် မည်သို့ဖြစ်မည်ဆိုသည်က ဝါရှင်တန်၏ ဆုံးဖြတ်ချက်တစ်ခုအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေပါသည်။
နီပေါအတွက် အမေရိကန်က့ဲသို့ ဖိအားပေးနိူင်သော သူ နောက်တစ်ယောက်ရှိသေးသည်။ ထိုသူကား အိန္ဒိယ။ အခြေအနေတိုင်း ကိစ္စတိုင်းက မည်မျှလောက်ထိ ထပ်တူကျ၏၊ မကျ၏ ကိုတော့ မပြောနိုင်တော့ပြီ။ အိန္ဒိယ၏ ခေတ္တမန္ဒူကို ဦးတည်ထားသော မူဝါဒ က နီပေါအပေါ်သက်ရောက္မည်ဖြစ်သည်။ ဤအချက်က နောင်ကာလတွင် ဝါရှင်တန်နှင့် နယူးဒေလီ ကြား ခိုင်မာသော ဆက်ဆံရေး အပေါ်တွင်လည်း ရိုက်ခတ်လာမည်ဖြစ်သည်။
ဝါရှင်တန်နှင့် နယူးဒေလီ ကြားက ကိစ္စတစ်ပိုင်းတစ်စ အပေါ်တွင်တော့ နီပေါ့အနေဖြင့် အများကြီး ခေါင်းအခြောက်ခံနေစရာ မလိုသေးပေ။ နယူးဒေလီအတွက်မူကား အိန္ဒိယ၏ အလုံးစုံ လုံခြုံရေး (grand security structure) ဘက်မှ ကြည့်လျှင် ခေတ္တမန္ဒူ၏ လုံခြုံရေးကိုလည်း ကျွဲကူးရေပါ အစိတ်အပိုင်း (part and parcel) အဖြစ် စဉ်းစားကာ လုံခြုံရေးအာမခံပေးနေသည်ပင်။ ဤသို့ စဉ်းစားကာ လုံခြုံရေးချည်နှောင်မှုက ယခုမှမဟုတ်။ ဗြိတိသျှလက်အောက် ကိုလိုနီဘဝ ဘုရင်ခံ ဗစ်ဆာရိုင်း ဂျော့ ကာဇွန် ( Viceroy George Curzon) တို့လက်ထက်ကပင် လုပ်ရိုး လုပ်စဉ်တစ်ခုသာ။
တရုတ်တို့အဖို့ နီပေါအပေါ် စိစစ်အကဲဖြတ်ချက်က တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ (Tibet Autonomous Region) တည်ငြိမ်လုံခြုံရေးသာ ဖြစ်သည်။ စူပါပါဝါ နိုင်ငံများနှင့် ပတ်သက်၍ မှန်တမ်းတစ်ခုရှိသည်။ ထိုမှန်တမ်းက စူပါပါဝါဟူသည် ဩဇာကို သူနယ်နိမိတ်ကို ကျော်လွန်၍ ဖြန့်ကျက်ချင်သော ဆန္ဒရှိသည်ဟူ၏။ ယခုကား တရုတ်ဟူသည် ၎င်းကိုကိုယ့် ကမ္ဘာ့ပါဝါ (global power) တစ်ခု အဖြစ် အထင်ရောက်သူ ဖြစ်ခ့ဲ ပြီ။ တရုတ်တို့တွင် အင်ဂျင်နီယာ၊ ဘဏ္ဍာရေး စွမ်းဆောင်ရည်က မြင့်နေပြီ။ နီပေါ၏ စီးပွားရေးအလုံးအထည်က တရုတ်နဲ့ယှဉ်လျှင် အဆ ၄၀၀ ကျော် သေးသိမ်ကြုံလှီသည်။ တရုတ်တို့၏ စွမ်းဆောင်ရည်များက နီပေါက့ဲသို့ အိမ်နီးချင်းများတွင် ရင်းနှီးမြုပ်နှံအကျိုးစီးပွား စိုက်ထူရန် အာသာငမ်းနေသည်။
ဤတွင် အိန္ဒိယထံမှ မျက်စီပါးမွှေးမစူးမိရန် ဇက်ပိုးပြန်သတ်ရပြန်သည်။ တရုတ်တို့ နီပေါတွင် ဩဇာလွမ်းလာသည်ဆိုခြင်းက "လျှမ်းတောက်သော သမိုင်းလက္ခဏာ ကိစ္စရပ်" အဖြစ်မျှသာ ပုံဖော်ပြရသည်။ အိန္ဒိယ၏ ဩဇာရိပ်ကိုခိုကာ ထိုအခက်ချိုး ပြ၍ မရပေ။ အိန္ဒိယ ဩဇာက တောင်အာရှ နိုင္ငံများတွင္ လျော့တွက်ခံရဖူးသည်။ လက်ရှိ၌ကား အိန္ဒိယ ကိုယ်တိုင်ပင် အာရှ၌ ပါဝါတဆူ ဖြစ်လာသည်က ပစ္စုပ္ပါန္ သမိုင်းပင်ဖြစ်သည်။ နီပေါအတွက်ကော တရုတ်သည် အလိုလျှောက် အိန္ဒိယ လို ဖြစ်လာစရာတော့ မရှိပေ။
ဟန်ချက်ထိန်းခြင်း (COUNTERWEIGHT)
စူပါ ပါဝါများက ၎င်းတို့၏ ပါဝါကို နိုင်ငံတကာ ယန္တယားစနစ်ထဲသို့ မျှဝေ လာမည်လား။ ဤအချက်က လုံးဝ မဖြစ်နိုင်သောအရာ (improbable thing)ဖြစ်သည်။ လက်တွေ့တွင် မမြင်ရနိုင္သောအရာ (impractical thing) လည်းဖြစ်သည်။ အမေရိကန်က နီပေါအတွက် အဝေးကွင်းမှ ပါဝါ ထိန်းညှိ့သူ (off-shore power balancer) ဖြစ်သည်။ အမေရိကန်က တိကျသော အကန့်အသတ်များမှလွဲ၍ နီပေါအနေဖြင့် တရုတ်၏ ဩဇာထီးရိပ်ကို ခိုကပ်မည်ကို ကြိုက္မည်မဟုတ်ပေ။
အိန္ဒိယ ဟူသည်ပင်လျှင် ဒီမိုကရေစီနောက်ကို လိုက်သူ မဟုတ်ပေ။ သို့သော် ယူရေးရှားဒေသ တဝိုက်သို့ တရုတ်ဩဇာ ဖြန့်မလာစေရန် အမေရိကန်အတွက် ဟန်ချက်တစ်ခုအဖြစ် အိန္ဒိယက ကိုယ်ထင်ပြတတ်သည်။ ဝါရှင်တန်ဘက်က ပတိပြတ် မျှော်လင့်ချက္မှာ နီပေါထဲတွင် တရုတ်ဆုံးဖြတ်ချက္များ လွမ်းမိုးမှု မရှိမှုပင် ဖြစ်သည်။
ဘေကျင်းအနေဖြင့်လည်း နီပေါ၏ ရောင်စုံ နိုင်ငံရေး ကားချပ် (political tapestry) ထဲတွင် အမေရိကန်က လက်ကုန်နှိုက်နေချိန် ၎င်းအနေဖြင့် ဟိမဝန္တာနယ်စပ် တစ်လျှောက် ပရိယာယ်ကြွယ်ဝသူ (manoeuvre) အဖြစ်သာ ရှိနေချင်ပုံမရပေ။ ထိုထက္မက အရေးပါအရာရောက် ချင်ပုံရသည်။
အဆိုပါ စူပါပါဝါများ၏ အကွက္များက နီပေါကို ပေါက်ကွဲထွက်သော နိုင်ငံ (combustible state) အထိဖြစ်စေနိုင်သည်။ ပေါက်ကွဲရန် တင်းမာမှု (friction points) များက နီပေါ အတွက် စီမံအုပ်ချုပ်ရေး လမ်းကြောင်းထက်တွင် အသင့္ ရှိနေသည်။ တောင်အာရှ ဒေသတခွင်၏ တည်ငြိမ် အေးချမ်းကို ပျက်သွားစေနိုင်လောက်အထိ ခေါင်းခဲစရာများက နီပေါ အုပ်ချုပ္ရေးတွင် အမှန်တကယ်ရှိနေသည်။
တောင်အာရှတွင် ဖြစ်နေသော ပါဝါအားပြိုင်မှုများထဲတွင် မိမိ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကျန်ရှိနေအောင် လက်ရှိ နီပေါအစိုးရသစ် ဘာလုပ်မည်နည်း။ ဤ မေးခွန်း၏ အဖြေကလည်း "ဘာဖြစ်လာမည်ကို ေစာင့်ကြည့်ကြပါစို့" ဟူသော အပိုင်းလောက်တွင် သာ ဒစ်လည်နေမည်။ ဘာကြောင့်ဆို ဖြစ်တန်ရာ များက ကိန်းရှင် (variables) ဆန်လွန်းသည်။ ယိုပေါက္မရှိသော တွက်ချက္မှု (watertight prognostications) များဖြင့်တော့ ပစ္စုပ္ပါန် အခင်းအကျင်းကို သတ်မှတ်၍ မရသေးပေ။
နိုင်ငံတကာ အပြောင်းအလဲများကပင် နီပေါပြည်တွင်းနိုင်ငံရေးကို ပုံဖော်နေသည်။ ၂၁ ရာစု၏ ပထမပိုင်း လေးပုံတစ်ပုံ အချိန်ကာလများကို ကြည့်ပါက မရေရာ မသေချာမှုများဖြင့် အပြန်အလှန် မှီခိုသက်ရောက်နေ ခ့ဲသည်။ ညောင်ဦးကမ်းပါးပြို စန္ဒာဂိုရ်နွားမ ပေါင်ကျိုး (interplay of interdependent variables) ဖြင့် မရေရာမှုဖြင့် ဆက်စပ်နေရသည်။
ပထဝီဝင်နိုင်ငံရေး တွေးခေါ်ပညာရှင် ရောဘတ် ကပ်ပလင် ( Robert Kaplan) ဥပမာ ပေးခ့ဲသလိုမျိုးပင်၊ အခြေအနေများက တူရိယာတစ်ခု၏ ကြိုးများလို တင်းဆွဲနေသည်။ ကြိုးတစ်နေရာကိုသာ ဖိအားပေးလိုက်ပါက ကြိုးတပင် ပြတ်လျှင် တူရိယာ တစ်ခုလုံး ပျက်သွားနိုင်သည်။ ထိုနည္းအတိုင်းပင္ နီပေါ နိုင်ငံရေး၌ စူပါပါဝါများကြား ဟန္ချက် ပျက်ပါက စနစ်တစ်ခုလုံး ခန့်မှန်းမရနိုင်သော ဖြစ်စဉ်များဖြင့် ရိုက်ခတ်သွားစေနိုင်သည်။
နီပေါနိုင်ငံ၏ အခြေအနေမှာ နိုင်ငံအတွင်း အရပ်ဘက်- စစ်ဘက် ခေါင်းဆောင်မှုများကြားက ဆက်ဆံရေး၊ ဒေသတွင်းရှိတဲ့ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု သုံးပွင့်ဆိုင် အားပြိုင်မှုများတွင် မူတည်နေ ခ့ဲပြီဖြစ်သည်။
(ဆောင်းပါးရှင် ဘတ်စကာ ကိုအီရာလာ (Bhaskar Koirala) ၏ Tripolar contestation over Nepal ဆောင်းပါးအား ဘာသာပြန် ဆိုထားခြင်းဖြစ်သည်။ ဘတ်စကာ ကိုအီရာလာ မှာ ပီကင်းတက္ကသိုလ်နှင့် ဆက်စပ်သော လွတ်လပ်စွာ လေ့လာဆန်းစစ်သူတစ်ဦး ဖြစ်သည်။)
မူရင်းဆောင်းပါး
https://nepalitimes.com/opinion/guest-editorial/tripolar-contestation-over-nepal
Comments
Post a Comment