Posts

Showing posts from July, 2025

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

 ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ လက်ရှိ ကမ္ဘာအခင်းအကျင်းတွင် မိမိတိုင်းပြည် နေရာဒေသ၏ စီးပွားရေးကို မထိခိုက်စေရန်အတွက် လူထုကိုငဲ့ညှာသောအစိုးရများမှာ အမေရိကန်၏ အခွန်တင်းကြပ်မှုအား ပြန်လည်လျော့ပေါ့ရန် နည်းအမျိုးမျိုးဖြင့်ကြိုးစားနေကြသည်။ လက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အခွန်ကောက်ခံပုံကိုကြည့်ပါက သာမန်လူပိန်းအမြင်ဖြင့်ကြည်လျှင်ပင် အောက်ပါအတိုင်းမြင်နေရသည်။ ၁။ အမေရိကန်မှာ ၎င်းနိုင်ငံထဲကုန်တင်ပို့သော နိုင်ငံများကို အခွန်စည်းကြပ်သူဖြစ်သည်။ ၂။ အမေရိကန်သို့ ကုန်တင်ပို့နေရသော နိုင်ငံတွင် အစိုးရ၊ ပြည်သူ၊ ထုတ်ကုန်၊ အရင်းအနှီး စသည့် factor များရှိသည်။ ၃။ အမေရိကန်သို့ ကုန်တင်ပို့နေရသော နိုင်ငံ၏ အစိုးရအဖို့ သမ္မတထရန့်၏ အခွန်ကြောင့် စားသုံးသူ အမေရိကန်ပြည်သူလူထုကို ကုန်စျေးနှုန်းတက်စေသည်။  ၄။ အမေရိကန် စျေးကွက်တွင် ကုန်စျေးနှုန်းတက်ပါက အဆိုပါကုန်ပစ္စည်းနှင့် အရည်အသွေးတူညီသော ကုန်ပစ္စည်းမျိုးကို မကြာသောအချိန်ကာလအတွင်း ထုတ်လုပ်နိုင်သော နည်းပညာ၊ ငွေကြေး၊ လူသား အရင်းအမြစ်မျိုးက အမေရိကန်လူ့ဘောင်တွင်ရှိနေသည်။ ၅။ စျေးကွက္နှင့္ လူ့ဗီဇသဘောတရားအရ ကုန်ပစ္စည်းတစ်ခုနှင့်တစ်ခု အရည်အသွေးတူန...

အခွန်လျော့ကောက်ရန် ဆွေးနွေးမှုတွင် အမေရိကန်ဘက္မှ လိုက်လျောမှုအချို့ရှိဟု ဘင်္ဂလားဒေရှ့်ဆို

 အခွန်လျော့ကောက်ရန် ဆွေးနွေးမှုတွင် အမေရိကန်ဘက္မှ လိုက်လျောမှုအချို့ရှိဟု ဘင်္ဂလားဒေရှ့်ဆို ဘင်္ဂလားဒေရှ့်နဲ့ အမေရိကန်ကြား အခွန်ကောက်ခံမှုနဲ့ပတ်သက်လို့ ဆွေးနွေးနေကြပါတယ်။ ဘင်္ဂလားဒေရှ့်အပေါ် အမေရိကန်ဘက်က သတ္မှတ်ထားတ့ဲ အခွန်ပမာဏဟာ အဓိကစီးပွားပြိုင်ဘက် ဗီယက်နမ်ထက်ပိုများနေသလို အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် တရုတ်တို့ထက်လည်း ပိုများနေတယ်လို့ ဘင်္ဂလားဒေရှ့်မီဒီယာတွေက အချက်အလက်နဲ့ ဖော်ပြကြပါတယ်။  ဇူလိုင်လ (31) နေ့မှာတော့ ဘင်္ဂလားဒေရှ့်နဲ့ အမေရိကန်ကြားက ဆွေးနွေးမှုတွေဟာ အဆုံးသတ္ခ့ဲပါတယ္။ အထူးသဖြင့်တော့ ဘင်္ဂလားဒေရှ့် အပေါ် အမေရိကန်က ကောက်ခံမယ့် အခွန် ၃၅% ကို လျော့ပေးဖို့ကိစ္စကို ဦးစားပေးပီး ဆွေးနွေးကြတယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေရှ့် ကုန်သွယ်စီးပွား ဝန်ကြီးဌာနအရာရှိတစ်ဦးကတော့ ဆွေးနွေးပွဲကြောင့် ဘင်္ဂလားဒေရှ့်အနေနဲ့ အခွန်ကောက်ခံမှုကို လျော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဒါေပမယ့် ဘင္လားဒေရှ့္ အပေါ်အခွန္ ဘယ်​ေလာက်လျော့​ေပးမယ် ဆိုတ့ဲ ရာခိုင်နှုန်းကိုတော့ သမ္မတထရန့်ကသာ ဆုံးဖြတ်ပေးရမှာပါ။ လက်ရှိမှာတော့ သမ္မတထရန့်ရဲ့ဆုံးဖြတ်ချက်ကိုပဲ စောင့်နေရပါတယ်။  ဧပြီလ ၂...

အမေရိကန်နှင့်ဆက်ဆံရေး‌ကြောင့် တရုတ်နှင့်ဆက်ဆံရေးတွင်အကြပ်ဆိုက်စေမည်မဟုတ်ဟု ဘင်္ဂလားဒေရှ့်ဆို

  အမေရိကန်နှင့်ဆက်ဆံရေး‌ကြောင့် တရုတ်နှင့်ဆက်ဆံရေးတွင်အကြပ်ဆိုက်စေမည်မဟုတ်ဟု ဘင်္ဂလားဒေရှ့်ဆို အိန္ဒိယနှင့် ဗီယက်နမ်တို့ထက် အခွန်ရာခိုင်နှုန်းလျော့ရန် ဘင်္ဂလားဒေရှ့်မျှော်မှန်းနေ အမေရိကန်မှ အခွန် 35% ကောက်ရန်အဆိုပြုချက်ကို ဘင်္ဂလား‌ဒေရှ့်ဘက် မှ နောက်ဆုံးအကြိမ်ညှိ့နှိုင်းရန်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေပါတယ်။ အစောပိုင်းကာလက အမေရိကန်ဘက်က ဘင်္ဂလား‌ဒေရှ့်ရဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် 37% ကောက်မယ်လို့ဆိုထားတာပါ။ ယခင်က 15% နှုန်းအခွန်ဆောင်နေရတဲ့ ဘင်္ဂလားဒေရှ့်ကုန်စည်တွေကို လက်ရှိမှာတော့ ထပ်တိုးအခွန် 35% ကောက်ဖို့ကို ဆွေးနွေးကြမှာပါ။ ဒီနှုန်းထားအတိုင်းဆိုရင် ဘင်္ဂလားဒေရှ့်ရဲ့ကုန်ပစ္စည်းအချို့ဟာ 50% အခွန်ဆောင်ရတော့မှာပါ။ 35%ကိုပဲ အခွန်ကောက်ဖို့အတွက် ဘင်္ဂလားဒေရှ့်ဟာ အမေရိကန်ထံကနေ လေယဉ် 25 စီး ပြန်လည်ဝယ်ယူမယ်လို့ဆိုပါတယ်။ ဒီကိစ္စအပေါ် ဝါရှင်တန်မှာဆွေးနွေးကြမှာဖြစ်ပြီး ဘင်္ဂလားဒေရှ့်ဘက်က ရလဒ်ကောင်းကို မျှော်လင့်နေပါတယ်။ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးဖို့အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်လိုက်ကြောင်း ဘင်္ဂလားဒေရှ့် အခြေစိုက် The Bussinesd Standard သတင်းစာက ဆိုပါတယ်။ အ...

တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေးနှင့် တရုတ်အကျိုးစီးပွာ

 တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေးနှင့် တရုတ်အကျိုးစီးပွား ဇူလိုင်လ (၂၄) ရက်နေ့က ရန်ကုန်တွင်ရုံးဖွင့်ထားသော တီမောနိုင်ငံသံရုံး၏ ယာယီတာဝန်ခံ မစ္စတာ အိုလန်ဒီနို ရူဒီး အန်ဒရဒ် (Mr. Orlandino Rude Andrade)က စကစ၏ နိုင်ငံရေးခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် တွေ့ဆုံခ့ဲသည္။ တွေ့ဆုံပွဲ၏ အဓိကဆွေးနွေးချက္မှာ အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်လာရေးနှင့် ပတ်သက်၍ ဆွေးနွေးကြခြင်းဖြစ်သည်။ စကစ ဒု နိုင်ငံခြားရေးဝန်ကြီးက အရှေ့တီမော ယာယီသံရုံး တာဝန်ခံအား မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် ပွောကွားခ့ဲသည်ဟုဆိုသည္။  အရှေ့တီမောအနေဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အာဆီယံ အဖှဲ့ဝင်​ဖြစ်လာမည်ဟု အရှေ့တီမော၏ အစိုးရမှ ၂၀၂၅ ခုနှစ် မေလ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ လက်ရှိ အနေအထားအရ အထစ်အငေါ့များရှိနေသော်လည်းအရှေ့တီမောမှာ အာဆီယံ အဖွဲ့ဝင် ဖြစ်လာမည်မှာတော့ သေချာနေသည်။ အချိန်ကာလအနေအထားကသာရှေ့တိုးနောက်ဆုတ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ပြီးခ့ဲသော ဇူလိုင်လ (၇) ရက်နေ့က အာဆီယံအစည်းအဝေးတွင် အရှေ့တီမော အဖွဲ့ဝင္ဖြစ်လာရေးအပေါ်စကစ ဘက္မှကန့်ကွက်ခ့ဲသည်။ အရှေ့တီမောအနေဖြင့် အာဆီယံအဖှဲ့ဝင်ဖြစ်ရေးအပေါ် ချောမွေ့ညင်သာရန်အတ...

အမေရိကန်နှင့် ဘင်္ဂလားဒေရှ့်တို့ ကျားမိုးကြိုး (TL- 2025) ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

 အမေရိကန်နှင့် ဘင်္ဂလားဒေရှ့်တို့ ကျားမိုးကြိုး (TL- 2025) ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင် ဒါက္ကာ (25 July 2025)  သောကြာနေ့ ဘင်္ဂလားဒေရှ့်တပ်မတော်နဲ့ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ် [USARPAC- United States Army Pacific Command] တို့ပူးပေါင်းပြီး ကျားမိုးကြိုး-2025 (TL-2025 or Tiger Ligntning-2025) အမည်ရ ပူးတွဲစစ်ရေးလေ့ကျင့်မှုအခမ်းအနားကို ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ စတင်ဖွင့်လစ်တယ်လို့ ဘင်္ဂလားရှေ့်စစ်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအခမ်းအနားကို ဆိုင်လ်ဟတ် (Sylhet) မှာရှိတ့ဲ အထူးကွန်မင်ဒိုတပ် ပါရာ ကွန်မင်ဒိုတပ်ရင်း (Para Commando Brigade) မှာကျင်းပခ့ဲတာပါ။ ဒီအခမ်းအနားမှာ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အစ္စကောတ် အေ ဝင်တာ ( Major General Ascot A. Winter) လည်း အထူးပုဂ္ဂိုလ်အနေနဲ့ တက်ရောက်ခ့ဲတယ်လို့ ဆိုပါတယ်။ ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဘင်္ဂလားဒေရှ့် အထူးကွန်မင်ဒိုတပ်နဲ့ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်လက်အောက်ရှိ နီဗားဒါး ပြည်နယ်အစောင့်တပ်လည်း ပါဝင်တယ်လို့ဆိုပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ ဇူလိုင် 25 ရက်နေ့ကပင် ဇူလိုင် 30အထိ ခြောက်ရက်ကြာမြင့်မှာပါ။ ဒေသတ...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (6) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု A.5. လူ့အခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှုအပေါ်အခြေခံ၍ ချဉ်းကပ်မှု A.5. Support Human Rights-Based and Gender-Sensitive Approaches - ပဋိပက္ခများကိုတားဆီးကာကွယ်ခြင်း (Conflict Prevention) နှင့် ပဋိပက္ခများ၏ အခြေခံစိတ်ခံစားမှုအထာများကိုသိရှိခြင်း (Conflict Sensitivity) များအားကောင်းလာစေရန်အတွက် မြေနှင့်ဆက်နွယ်သော နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းညွှန်ကြားချက်များကို အကျွမ်းတဝင်(Domestication) ရှိရန်လိုအပ်သည်။ ထိုနိုင်ငံတကာစံနှုန်းများက အတင်းအကျပ်ဖိအားပေးမောင်းထုတ်ခံရခြင်း (Forced Evictions)မရှိစေရန်အကာအကွယ်ပေးထားသည်။ ထို့ပြင် ဒုက္ခသည်များ၊နေရပ်စွန့်ခွာသူများနှင့် အမျိုးသမီးများ၏ မြေယာအခွင့်အရေးကိုပြန်လည်ဖော်ထုတ်မှု (Recover Land Rights) များကိုလည်း အကာအကွယ်ပေးထားသည်။ ထိုစံနှုန်းများကို မြေနေရာအကျယ်အဝန်းများစွာလိုအပ်သော ရင်းနှီးမြုပ်နှံမှုများကိုလုပ်ဆောင်ရာတွင်လည်းကျင့်သုံးရန်လိုအပ်သည်။ ဌာနေလူမျိုးစု သို့မဟုတ် ဓလေ့ထုံးတမ်းပုံစံများ (Indigenous/Customary land) ဖြင့် အသ...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (5) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု A.3. Interventions should be strategic, incremental and timely A.3. ဝင်ရောက်စွက်ဖက်မှုမှာ မဟာဗျူဟာမြောက်မှု၊ တဆင့်ချင်းတိုးတက်မှုရှိမှု၊အချိန်အခါညီညွတ်မှု ရှိစေခြင်း - ဒေသခံလူမှုအသိုက်အဝန်းအား မြေကိစ္စရပ်၌ ပိုမိုကောင်းမွန်စွာကူညီထောက်ပံမှုဖြစ်စေသော နည်းပညာဆိုင်ရာလုပ်ငန်းစဉ်များရှိသည်။ နမူနာအားဖြင့် ဆင်းရဲကာအထိအခိုက်မခံနိုင်သောအုပ်စုများအတွက် မြေယာပိုင်ဆိုင်မှုအပေါ် လက်လွဲလက်ပြောင်းလုပ်ပေးနိုင်မှု (Delivery Of Land Documents)များရှိရန်လိုအပ်သည်။ထိုသို့လက်ပြောင်းလက်လွဲလုပ်နိုင်ရန်အတွက် လက်ရှိပိုင်ဆိုင်အသုံးချခွင့် (Tenure Using ) အား အာမခံချက်ရှိရှိလုံခြုံစေရန် တဆင့်ချင်းအလိုက် တိုးတက်ခိုင်မာမှု (Incremental Strength) များရှိရန်လိုအပ်သည်။ -မဟာဗျူဟာမြောက်ရလဒ်များထွက်လာရန် တဆင့်ချင်းအလိုက် လုပ်ငန်းစဉ်များတိုးတက်စေရန်ချဉ်းကပ်မှု (Incremental Approaches)များက မြေယာစနစ် (Land System) အားကောင်းမှုအတွက်လိုအပ်သည်။ ထိုသို့ပြုလုပ်ရန်အတွက်ပင် နိုင်ငံရေးစိတ်ဆန္ဒနည်းမှု (Lack of P...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (4) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု A.2. Ensure Coherence Across the Three Pillars for Land Interventions A.2. မြေယာပြဿနာများအပေါ် ဝင်ရောက်စွက်ဖက်ဆောင်ရွက်ရာတွင် မဏ္ဍိုင်သုံးရပ်နှင့် သဟဇာတဖြစ်စေရန်စီမံခြင်း -မြေနှင့်ဆက်စပ်နေသော ပဋိပက္ခများ (Land- Related Conflict Issues) များကို စေ့စပ်ညှိ့နှိုင်းရာတွင်လည်းကောင်း၊ ပဋိပက္ခ ရေခံမြေခံများအပေါ် သူ့အရပ်သူ့ဇတ်အရ ကွဲပြားသောစတင်ချဥ်းကပ်မှုများ (Entities' Different Entry Points) ပြုလုပ်ရန်ဆုံးဖြတ်ချက်ချမှတ်ရာတွင်လည်းကောင်း၊ ပဋိပက္ခသံသရာ (Conflict Cycle)၏ အဆင့်တိုင်း၊ ဖြစ်စဥ်တိုင်း၊ အခြေအနေအမျိုးမျိုးတိုင်းအတွက် ဖြေရှင်းရန်အစီအစဥ်များဖြင့် ကိုင်တွယ်မှု (Programming Approches) များတွင်လည်းကောင်း၊ ထိုသို့ အစီအစဥ်များဖြင့် ကိုင်တွယ်မှုအတွက် လုပ်ပိုင်ခွင့်ပေးအပ်မှု (Mandates) များတွင်လည်းကောင်း၊ မဏ္ဍိုင်များနှင့် ပဋိပက္ခရေခံမြေခံများကြားတွင် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုများကို ခွဲဝေရာတွင်လည်းကောင်း  ကုလသမဂ္ဂအနေဖြင့် မိမိ၏မဏ္ဍိုင်များအချင်းချင်းကြားတွင် ဟန်...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု-2

 မြေ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (3) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု 3- မြေသည် စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ နှင့်သက်ဆိုင်ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး၊ တိုးတက်ဖွံ့ဖြိုးမှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။ 4- မြေတွင် နိုင်ငံတကာစံနှုန်းများအရ ပိုင်ဆိုင်မှု့အခွင့်အရေး၊ နယ်နိမိတ်နယ်မြေနှင့် တရားဝင်မှုရရှိသော မြေအသုံးချမှု စသည့်အချက်များပါဝင်ပါသည်။ အိုးအိမ် (Housing)၊ မြေ (Land) နှင့် ပိုင်ဆိုင်ရရှိခွင့် (Property) တို့သည် လူသားဆန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပါယ်ထဲမှ ချဉ်းကပ်ရသော အချက်များဖြစ်သည်။ အိုးအိမ် (Housing)၊ မြေ (Land) နှင့် ပိုင်ဆိုင်ရရှိခွင့် (Property) စသည့်အခွင့်အရေးများကို အတိုကောက်အားဖြင့် (HLP) Rights ဟုခေါ်သည်။ မြေအခွင့်အရေး၊ မြေ ကြီးကြပ်ခန့်ခွဲမှု၊ မြေဆိုင်ရာ အုပ်ချုပ်မှု၊ မြေ စီမံခန့်ခွဲမှုနှင့် မြေပြင်ဆိုင်ရာ အစိတ်အပိိုင်းအလိုက် အချက်အလက် စနစ္မ်ားကို အစိုးရမ်ားက ချမှတ်ရာတွင် အဆိုပါ (HLP) အခွင့်အရေးကို ဖေါ်ဆောင်ကျင့်သုံးရန်လိုအပ်သည်။ လူသား သဘာဝအရ မြ...

မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ စာတမ်းအကြောင်းမိတ်ဆက်

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ စာတမ်းအကြောင်းမိတ်ဆက် မြေပြဿနာဟူသည်နှင့် မြေသိမ်းခံရမှု၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းတို့တွင်သာ ဒစ်လည်နေကြသည်။ မြေပြဿနာသည် ထိုနှစ်ခုထက်မက ကျယ်ပြန့်ပါသည်။ မြေသိမ်းခံရမှုကိုပြန်လည်ကုစားခြင်းသည်လည်းကောင်း၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းကို ဖြေရှင်းခြင်းသည်လည်းကောင်း အရေးကြီးသော်လည်း မြေကိစ္စရပ်သည် ထိုဖြစ်စဉ်နှစ်ရပ်အောက်တွင်သာ စီမံခန့်ခွဲမှုအရ လမ်းဆုံးနေသည်မဟုတ်ပေ။ ဆိုလိုချင်သည်က မြေသိမ်းခံရမှုကို ဖြေရှင်းနိုင်ခြင်း၊ မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း စသည့်လုပ်ငန်းစဉ်နှစ်ခုကို ဖော်ဆောင်ယုံဖြင့် မြေပြဿနာ အားကိုင်တွယ်နိုင်ပြီဟူ၍ ထင်မြင်ယူဆနေ၍မရပေ။ လွန်ခ့ဲသောဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်မခံဖူးခ့ဲသော ရခိုင်ဒေသနှင့် ဗမာဒေသအတွက် မြေသိမ်းခံရမှုနှင့် မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်း တို့မှာ မြေပြဿနာ၏ ခေါင်းစည်းပိုင်းအဖြစ်တည် ရှိနေခ့ဲသည်။  အမှန်တကယ်ဥပဒေကြောင်းအရကြည့်လျင်သော်လည်းကောင်း၊ စီမံခန့်ခွဲပိုင်ခွင့်ရှိသော အာဏာ၏ လုပ်ငန်းသဘောသဘာဝအရကြည့်လျှင်သော်လည်းကောင်း မြေသိမ်းခံရမှုနှင့် မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်း ဆိုသည့်အချက်နှစ်ရပ်သည် တရ...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု

  မြေယာ၊ ပဋိပက္ခများနှင့် ကုလသမဂ္ဂ (1) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု အနှစ်ချုပ် နောင်လာမည့်ဆယ်စုနှစ်အတွင်း မြေယာဆိုင်ရာ ပြိုင်ဆိုင်မှုနှင့် ထိပ်တိုက်တွေ့မှု များသည် ဥတုရာသီပြောင်းလဲခြင်း၊ လူဦးရေတိုးတက်မှု၊ စားနပ်ရိက္ခာဆိုင်ရာမလုံလောက်မှု၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု နှင့် မြို့ပြပိုမိုဖွံ့ဖြိုးလာမှု စသည့်အချက်များ၏ ဆက်စပ်လျက်ရှိသည်။ မြေယာ၊ လက်နက်ကိုင်ပဋိပက္ခ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု စသည့် များပြားလာသော အထောက်အထားများက  ကုလသမဂ္ဂ ယန္တယား၏ ပိုမို တာဝန်ယူနိုင်မှုကို အဖွဲ့ဝင်နိုင်ငံများနှင့် ကမ်ဘာလူဦးရေ တို့မှ လိုအပ်နေကြောင်း ဖေါ်ပြနေသည်။ ဤမှတ်စုသည် နိုင်ငံတကာစံနှုန်းစည်းမျဉ်းများ၊ 2030 စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂ၏ အတွေအကြုံများကို အခြေ ခံထားပါသည်။ ထိုသို့ အ ခြေခံထားခြင်းက မြေနှင့် ပဋိပက္ခပြဿနာ မ်ားကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂ၏ ယန္တယားများကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ကုလသမဂ္ဂအတွက် စည်းမျဉ်းများနှင့် အခြေ ခံလုပ်ငန်းစဉ်များကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် မ...

တောင်မင်းကျော်ထွီးမြေ၌ နတ်သစ်ရွက်တို့ ပျောက်ဆုံးခြင်

 တောင်မင်းကျော်ထွီးမြေ၌ နတ်သစ်ရွက်တို့ ပျောက်ဆုံးခြင်း ဟိန္ဒုတို့၏ ကျမ်းဂန်အဆိုအရ နတ်သစ်ရွက် (The Celestial Leaf) အဖြစ် တင်စားသော သစ်ရွက်အား တမ်ဘူလ (Tambula) ဟုခေါ်ကြသည်။ အဆိုပါ တမ်ဘူလမှာကား အခြားမဟုတ်။ ကွမ်းရွက် (Betel) ပင်ဖြစ်သည်။  လွန်ခ့ဲသော နှစ်ပေါင်း (1500) ကျော်ကာလက ရေးခ့ဲသော ဟိန္ဒုပေါရာဏကျမ်းများအဆိုအရ ကွမ်းရွက်သည် ဂန္ဓဝင်ဆန်၏။ ရာဇဝင်ဆန်၏။ ထိုကျမ်းများ၏ အဆိုအရ ကွမ်းရွက်အောက်ပိုင်းတွင် ကာလီစောင့်သည်။ အလယ်တွင် သူရဿတီစောင့်သည်။ အထက်တွင် လက္ခ်မီး စောင့်သည် ဟုဆိုသည်။ အချို့သော ပေါရာဏကျမ်းများတွင်ကား ကွမ်းရွက်၏ ဘယ်ဘက်အခြမ်းတွင် မင်္ဂလာနတ်သမီးစောင့်၍ ညာဘက်တွင်ကား ဘူမိဒေဝီ နတ်သမီးစောင့်သည်ဟု ဆိုကြသည်။  ထူးခြားချက်မှာ ဟိန္ဒု ပေါရာဏကျမ်းများတွင်သာမက ကွမ်းစားသော ဓလေ့ရှိကြသော ကမ်ဘာကြီး၏ နေရာဒေသ တော်တော်များများတွင် ကွမ်းရွက်အား တော်ဝင်မွန်မြတ်သည့် သဘောမျိုးကို ဖွဲ့ဆိုကြသည်။ ထိုပြင် လူမှုယဉ်ကျေးမှုအရ ကွမ်းအား အမျိုးသမီးများနှင့်  ပိုမိုဆက်ဆပ်ပြကြသည်။ ဥပမာ- ရပ္ဓေလ့၊ ရွာဓလေ့များ၌ ကွမ်းတောင်ကိုင် ဟူသော ဘွဲ့ပေးခံရခြင်းသည် နှယ်နှယ်ရရတော့ မဟုတ်ပေ။  လက်ရှိဘဝတွင်လည်း ထိုကွမ်း...