Posts

Showing posts from September, 2025

ဘင်္ဂလားဒေရှ့်၏ ဘာဆန်ချာရ်ကျွန်း ပုံပြင် သို့မဟုတ် လူသားဆန်မှု အမြင် ကျဆုံးသွားခြင်း

 ဘင်္ဂလားဒေရှ့်၏ ဘာဆန်ချာရ်ကျွန်း ပုံပြင် သို့မဟုတ် လူသားဆန်မှု အမြင် ကျဆုံးသွားခြင်း HM Nazmul Alam ၏ BHASAN CHAR Failure of humanitarian spectacle ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ၂၀၂၀ ခုနှစ်တွင် ရိုဟင်ဂျာများအား ပထမဆုံးအသုတ် ဘာဆန်ချာရ်ကျွန်းသို့ ရွှေ့ပြောင်းခ့ဲသည္။ ထိုအချိန်တုန်းက လှပသော စကားလုံးများ အာမခံချက္များက ဘင်္ဂလားပင်လယ်အော်ထဲသို့ ထိုးထွက်နေသော ထိုကျွန်းသည် ရိုဟင်ဂျာများအတွက် ဘေးကင္းလုံ ခြုံ ကောင်းကင်ရိပ်မြုံတစ်ခုပဏာ။ ကွန်ကရစ် အဆောက်အအုံများ၊ ဒီရေကာ တာတမံများ၊ ဆိုင်ကလုံးကာကွယ်ရေးစခန်းများ၊ စာသင်ကျောင်းနှင့်ဆေးပေးခန်းများ စသဖြင့် လူသားဆန်မှုရုပ်ထွက်လှလွန်းသည့် သက်သေတစ်ခုအဖြစ် ထင်မှတ်စရာ။ ဘာဆန်ချာရ်ကျွန်းကား ရိုဟင်ဂျာဒုက္ခသည်များကို နေရာချထားမည့် ပရိုဂျက်တစ်ခုသာမဟုတ်။ ဘင်္ဂလားဒေရှ့်၏ နိုင္ငံရေးကြေ ငြာချက္တစ္ခုလည္းဖြစ်ခ့ဲသည်။ထိုကြေ ငြာချက်၏ အဓိပ္ပါယ်က ဘင်္ဂလားဒေရှ့်သည် ဤပုံ ဤနည်းဖြင့် ဒုက္ခသည်အရေးကို ဖြေရှင်းနေ ခ့ဲရဖူးပြီ။ အနည်းဆုံးတော့ ဖြေရှင်းမှု လုပ်ငန်းစဉ်အရေအတွက်လောက်ကိုတော့ ချပြနိုင်မည်ဆိုသည့် သဘောပင်။ သို့သော်....... ငါးနှစ်ခန့်အကြာတွင် ဘေးကင်းလုံခြုံ ကောင်...

အိုဘယ့်ရယ်တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၄

 အိုဘယ့်ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၄ ဆိုဗီယက်-အာဖဂန် စစ်ပွဲမတိုင်မှီ အာဖဂန်၏ နိုင်ငံရေးအလှည့်အပြောင်းအချိုးအကွေ့များကို ကြည့်ပါက  ၁-ဘုရင်စနစ်ကို ထောက်ခံသူများ အုပ်စု ၂-လက်ဝဲဝါဒ၊ ကွန်မြူနစ်ဝါဒရှိသူများ အုပ်စု ၃-အစ္စလာမ်ဘာသာရေး အုပ်စုများ ၄-မျိုးနွယ်စုအုပ်စုများ ဆိုသည့် နိုင်ငံရေးအထိုင်များကြား မညီညွှတ်နိုင်မှုနှင့် အားပြိုင်မှုအခြေအနေက အမြဲတန်းရိုက်ခတ်နေမည်ကို တွေ့ရမည်ဖြစ်သည်။ ဘုရင် ဇာဟာရ်ရှား (Zahir Shah) ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် နိုင်ငံရေးအထိုင်အုပ်စုများ မညီညွှတ်မှု အားပြိုင်မှုများကြောင့် အစိုးရအဖွဲ့သည် လုပ်ရပ်ခရီးမတွင်ပေ။ ဘုရင်က အပြောင်းအလဲကို စိုးရိမ်မှုဖြင့် အကန့်အသတ်ဘောင်အတွင်းမှ ပြုလုပ်ခ့ဲသည်။ ထိုအကန့်အသတ်က အစိုးရအတွက် ပေးထားချက် မူရင်းသတ်မှတ်ချက်ဖြစ်သည်။ မြေပြင်အရှိတရားတွင် နိုင်ငံရေးအထိုင်အုပ်စုများဖြင့် မတည်ငြိမ်မှုက ရှိနေသည်။ တဖက်တွင် အာဏာကိုဆုတ်ကိုင်ထားသူအချင်းချင်းထဲတွင် မိမိလုပ်ပိုင်ခွင့်ကို ချဲ့ထွင်လိုသော  ပုဂ္ဂလိက အမြင်ကရှိနေသည်။ ဤအချက္များက ဘုရင် ဇဟာရ်ရှား (Zahir Shah) နှင့် ဝန်ကြီးချုပ် ဒါယုတ်ခန်း (Daoud Khan) ကြားတွ...

အိုဘယ့်ရယ်တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၃

 အိုဘယ့္ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၃ ဝန်ကြီးချုပ် ဒါယုတ်ခန်း မှ သမ္မတ ဒါယုတ်ခန်းဘဝသို့ ဒါယုတ်ခန်း (Daoud Khan) အနေဖြင့် သမ္မတဖြစ်လာသောအခါ ကနဦးအစပိုင်းတွင်တော့ ပြုပြင်ပြောင်းလဲမှုအချို့ကိုတော့ ဆောင္ရွက္ ခ့ဲသည္။ သို့သော် သူ့အား အာဏာသိမ်းရာတွင် ကူညီခ့ဲသည့္ လက်ဝဲအင်အားစုများနှင့် တဖြေးဖြေး သဘောထားကွဲလာကြပြန်သည်။ ဒါယုတ်ခန်း (Daoud Khan) က အာဖဂန်၏ စီးပွားရေးအား လက်ယာပုံစံဆန်ဆန် ပြောင္းလဲလိုသည္။ ၎င်းကိုယ်တိုင်ကပင် ဘာရက်ဇိုင်းမင်းဆက်၏ မိသားစုဖြစ်သည်။ ၎င်းဝန်ကြီးချုပ်သက်တမ်းတွင် လုပ်ပိုင်ခွင့်အကန့်အသတ်များကြောင့် ဆောင်ရွက်ချင်သည်များကို မဆောင္ရွက္နိုင္သော အခင်းအကျင်းမျိုးကို အစာကြေလှသည်မဟုတ်ပေ။ ထိုကြောင့်လည်း ဘုရင္အားဖြုတ်ချအာဏာသိမ်းခ့ဲခြင်းဖြစ်သည်။ အာဖဂန်၏ စီးပွားရေးအစီအစဉ်အတွက် ရံပုံငွေအထောက်အပံများကို အနောက်အုပ်စုနှင့် အာရတ်ရေနံနိုင်ငံများထံမှ မျှော်လင့်သည်။ ဤသို့ဖြင့် ဆိုဗီယက်နှင့် တဖြေးဖြေးဝေးကွာလာသည်။ ထိုအနေအထားမျိုးက သူ့အား အာဏာသိမ်းရာတွင် အကူအညီပေးခ့ဲသော လက်ဝဲသမားနှင့် ဆက်ဆံရေးအဆင်မပြေတော့ပေ။ လက်ဝဲသမားများကလည်း ဒါယုတ်ခန်းနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်...

အိုဘယ့္ရယ္တ့ဲသင္းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၂

 အိုဘယ့္ရယ္တ့ဲသင္းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၂ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းမှ အာဖဂန် ကမ္ဘာ့ကြီး၏ အခြေအနေများ ပြောင်းလဲမှုက အာဖဂန်ကိုလည်း ရိုက်ခတ္ခ့ဲသည္။ ၁၉၆၀ ပြည့်လွန်ကာလများအတွင်းက အာဖဂန်၏ နိုင်ငံရေးကိုကြည့်ပါက လူမျိုးစုကိုအခြေခံသော နိုင်ငံရေးအယူအဆလည်းရှိသည်။ လက်ဝဲအယူအဆကို အခြေခံသော နိုင်ငံရေးအယူအဆလည်းရှိသည်။ အာဏာကိုယူထားသော ဘာရက်ဇိုင်းမင်းဆက် (Barakzai Dynasty)ကလည်း ရှိသည်။ ဘာသာရေးကို အခြေခံသော နိုင်ငံရေးအယူအဆလည်းရှိသည်။ အယူအဆများအားသရုပ်ခွဲခြင်း လူမျိုးစုနိုင်ငံရေးက ကိုယ့်လူမျိုးစုအပေါ်တွင်သာ ဗဟိုပြုထားသည်။ အဓိက လူများစု ပါရှ်တွန် (Pashtun) များ၏ လွမ်းမိုးမှုကို မကြေနပ်ကြပေ။ သို့သော် ထိုလူမျိုးစုအချင်းချင်းကြားတွင် ကော ညီညွှတ်ကြသလားဟုဆိုလျှင်လည်း ညီညွှတ်ပါသည်ဟု ပြော၍မရပေ။ အပြန်အလှန်ယှဉ်ပြိုင်မှုနှင့် အသာစီးယူလိုမှုကရှိသည်။ ဤအခြေအနေမျိုးက လူမျိုးစုများအတွက် ကိုယ့်အဝိုင်းအဝန်းကိုသာ ပို၍ဗဟိုပြုလာစေသည်။ မဟာမိတ်ဖွဲ့ခြင်း၊ ဘုံသဘောထားရပ်တည်ချက္များကိုဖော်ထုတ်ခြင်း၊ ဘုံအင်စတီကျူရှင်းများတည်ထောင်ခြင်းဟူသော လူမျိုးစုအဝိုင်းအဝန်းထက် ပိုကျယ်ပြန့်သော နိုင်ငံရေးကွင်းပြင်...

အိုဘယ့္ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၁

 အိုဘယ့္ရယ္တ့ဲ သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သော သင်္ခန်းစာ-၁ မွှေးရနံသင်းထုံရာမြေ သို့မဟုတ်  ဂန္ဓာရတိုင်း၊ မိလိန္ဒလို အင်ဒို ဂရိဘုရင်တွေရှိခ့ဲတ့ဲနေရာ၊ တရုတ်ပြည် အနောက္မြောက်ပိုင်းက စုန္ဆင္းလာတ့ဲ ဆံပင်နီနီ မျက်လုံးပြာပြာ အင်ဒို ဥရောပအနွယ် ယွဲ့ကျိ (Yuezhi)လူမျိုးတွေ ထူထောင္ခ့ဲတ့ဲ ကူရှန်မင်းဆက်တွေ ရှိခ့ဲတ့ဲနေရာ၊ နိုင်ငံရေးပထဝီဝင်ပညာရှင်တွေက အာရှရဲ့ နှလုံးသား (Heart of Asia) လို့ သတ္မှတ် ထားတ့ဲနေရာ......သို့မဟုတ် အာဖဂန်နစ္စတန်။  ဤအချက္များကား အာဖဂန်နစ္စတန်၏ သမိုင်းထဲက ခန့်ထည်အားကျစရာ ဂုဏ်ဒြပ် အချို့ဖြစ်သည်။ အာဖဂန်နစ္စတန် ဟုဆိုလိုက်သည်နှင့် ထိုဂုဏ်ဒြပ်တို့ထက် တာလီဘန်များအာဏာပြန်ရလာမှုကိုသာ ပိုမြင်ကြမည်ဖြစ်သည်။ ဤဆောင်းပါးကလည်း တာလီဘန်များ အာဏာပြန်ရသွားသည့် အချက္များကို နှိုင်းယှဉ်သုံးသပ်လိုရင်းသာဖြစ်သည်။ အဘယ်ကြောင့် တာလီဘန်များအာဏာပြန်ရသွားရသနည်း။ တော်တော်များများကတော့  -အမေရိကန်တပ်များရုတ်သိမ်းမှု -အာဖဂန်နစ္စတန်အစိုးရအားနည်းမှု -တာလီဘန်များ၏ နည်းဗျူဟာ -လူမျိုးစုအခြေပြုစစ်ဘက်ခေါင်းဆောင်များ မညီညွှတ်မှု စသဖြင့်ပြောကြသည်။ ဤအကြောင်းတရားများက မြင်သာသောအစိတ်အပိုင်း (Im...

ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးအတွက် လမ်းကြောင်းတစ်ခုအား ရှာဖွေရန် ဘင်္ဂလားဒေရှ့်က ကုလသမဂ္ဂကို တောင်းဆို

 ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးအတွက် လမ်းကြောင်းတစ်ခုအား ရှာဖွေရန် ဘင်္ဂလားဒေရှ့်က ကုလသမဂ္ဂကို တောင်းဆို ဘင်္ဂလားဒေရှ့်မှာ လာမယ့်နှစ် ဖေဖော်ဝါရီမှာ ပြုလုပ်မယ့် ရှေးကောက္ပွဲနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအကြီးတန်းအရာရှိတွေဟာ ဘင်္ဂလားဒေရှ့်ကို ရောက်နေကြပါတယ်။ အကြံပေးပုဂ္ဂိုလ် ပရော်ဖက်ဆာ မိုဟာမက္ယူနွတ် ဟာ ကုလသမဂ္ဂ ဌာနေညှိ့နှိုင်းရေးအရာရှိ ဂွင်လူဝစ် (Gwyn Lewis)နဲ့တွေ့ဆုံခ့ဲသလို နိုင်ငံခြားရေးဆိုင်ရာ အကြံပေး အမ်ဒီ တောဟစ် ဟူစိန် (Md Touhid Hossain) ကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် အီဗိုဖရီးဂျင် (Ivo Freijsen)နဲ့ တှေ့ဆုံခ့ဲတယ္လို့ ဘင်္ဂလားဒေရှ့် သတင်းဌာနတွေက စက်တင်ဘာ ၄ ရက်နေ့က ဖော်ပြကြပါတယ်။ အကြံပေးပုဂ္ဂိုလ် မိုဟာမက္ယူနွတ်နဲ့ ကုလဌာနေညှိ့နှိုင်းရေးအရာရှိ ဂွင်လူဝစ်တို့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေရှ့်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးဆွေးနွေးကြသလို ရိုဟင်ဂျာ အရေးအပေါ်မှာလည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ ပြီးခ့ဲတ့ဲလက ကျင်းပခ့ဲတ့ဲ ရိုဟင်ဂျာကွန်ဖရင့်နဲ့ နယူယောက်ခ့္မှာကျင်းပမယ့် ကုလအထွေထွေညီလာခံအတွက် ပြင်ဆင်ထားမှုတွေကိုလည်း ဆွေးနွေးကြပါတယ်။ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ...

မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၅

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၅ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု ဂ. မြေယာကိစ္စရပ်တွင် ကုလသမဂ္ဂ စနစ်လည်ပတ်ပုံ  C. UN SYSTEM ARRANGEMENTS ကုလသမဂ္ဂ ယန္တယားအတွင်း မြေယာပဋိပက္ခအပေါ် ချဉ်းကပ်ရာတွင် ခိုင်မာသေချာမှုရှိစေရန် ဤလမ်းညွှန်ချက်များက အထောက်အကူဖြစ်မည်ဖြစ်သည်။ ကုလသမဂ္ဂ၏ စဉ်ဆက္မပြတ်ဖွံဖြိုးမှုဦးတည်ချက္များကို အကောင်အတည်ဖော်ခြင်း၊ ထိုသို့အကောင်အထည်ဖော်ရန် လုပ်ငန်းအဖွဲ့များဖွဲ့ခြင်း၊ ပဋိပက္ခ၏ အထိုင်များအသွင်ပြောင်းလဲမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း စသည့်အချက္များသည် ကုလသမဂ္ဂ၏ ယန္တယားများ၏ အစည်းအဝေးများတွင် ဆွေးနွေးနေရမည်ဖြစ်သည်။ အဆိုပါဆွေးနွေးမှုများတွင် မြေယာနှင့် ပဋိပက္ခအပေါ် လွမ်းခြုံရှူဒေါင့်စုံ သုံးသပ်ချက္များပါရှိရမည်ဖြစ်ပြီး လက်ရှိလည်ပတ်နေသော ကုလသမဂ္ဂ၏ ယန္တယားများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများနှင့်လည်း ဆက်စပ်နေရမည်ဖြစ်သည်။  -  တရားဥပဒေဆိုင်ရာ ညှိ့နှိုင်းရေးအဖွဲ့များနှင့် တရားမျှတမှု၊ ညီမျှမှုဆိုင်ရာ သုတေသနအဖွဲ့များ  မြေနှင့် ပဋိပက္ခကိစ္စရပ်တွင် တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်၍ တရားဥပဒေဆိုင...

မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၄

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၄ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု ခ.၈. မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကို ဖြေရှင်းရန် မြေပြင်တွင်အလုပ်ဖြစ်သော လက်တွေ့ကျသော လုပ်ငန်းစဉ်နည်းလမ်းများကို သုံးစွဲခြင်း B.8. Develop and Use Practical Tools that Address the Land-Conflict Nexus ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှာ မြေယာပဋိပက္ခနှင့် ပဋိပက္ခ ဆက်နွယ်မှုများကိုကိုင်တွယ်ရန် မြေပြင်တွင် အလုပ်ဖြစ်ကာ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် လက်ရှိကျင့်သုံးနေဆဲနည်းလမ်းများ အလေ့အထများသည် ကုလသမဂ္ဂ၏ မဏ္ဍိုင်သုံးရပ်နှင့် အံဝင်ဆီလျှော်မှုရှိစေရန်လည်း လိုအပ်သည်။ လုပ်ကိုင်ဆောင်ရွက်နိုင်သော နည်းလမ်းအသစ်များသည် ပဋိပက္ခ၏ အစိတ်အပိုင်းများကို ကိုင်တွယ်နိုင်ရန် ယခင်လုပ်နည်းကိုင်နည်းများမှ ပြောင်းရပြုရလွယ်ခြင်း၊  တိုးတက်သောလက္ခဏာရှိခြင်း၊ နည်းလမ်းဟောင်းများထဲမှ ကောင်းမွန်သော အချက္များနှင့် အံဝင်ဆီလျှော်ခြင်း စသည့်အချက္များနှင့် ပြည့်စုံရမည်ဖြစ်သည်။ - အချက်အလက္မျှဝေခြင်း၊ အချက်အလက်စုဆောင်းခြင်း...

မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၃

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၃ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု B.7. Expand Partnerships with Non-UN Entities and Actors ခ.၇. ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နယ်မြေများ၊ အဖွဲ့အစည်းများနှင့် မိတ်ဘက်ပြုဆောင်ရွက်ခြင်း မိတ်ဖက်ပြုဆောင်ရွက်ခြင်း (Partnership)  ကုလသမဂ္ဂယန္တယားစနစ်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုကူညီရေးလုပ်ငန်းစဉ် (UNDAF)က့ဲသို့ ယန္တယားများအား ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော အခြားအဖွဲ့အစည်းများ၊နယ်မြေများနှင့်လည်း ထိတွေ့မိတ်ဖက်ပြုဆောင်ရွက်နိုင်သည်အထိ ကျယ်ပြန့်ရန်လိုသည်။ ထိုပြင် နိုင်ငံတစ်နိုင်ငံ၏ တပြည်လုံးအဆင့် ကနဦးအစီအစဉ်များ၊ စဉ်ဆက္မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်ဆိုင်ရာ အစီရင်ခံစာမူဘောင်များ၊ ကမ္ဘာ့ဘဏ်ဉီးဆောင်သည့် ဆင်းရဲ့မွဲတေမှုလျော့ချရေး မဟာဗျူဟာစာတမ်းများ (PRSPs) များစသည်တို့တွင်လည်း ကုလသမဂ္ဂယန္တယားများသည် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော အခြားအဖွဲ့အစည်းများ၊ နယ်မြေများနှင့်လည်း မိတ်ဖက်ပြုဆောင်ရွက်နိုင်သည်အထိ ကျယ်ပြန့်ရန်လိုသည်။ ကုလသမဂ္ဂယန္တယားစနစ်တွင် အဖွဲ့အစည်း၏ စွမ်းရည်ကွာဟချက္များကို ဖြည့်ဆည်းနိုင်ရန် ကမ္ဘာလုံးဆိုင်ရာလွမ်းခြုံအဆင့်၊ ဒေသတွင်းနိုင...

မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၂

 မြေ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ-၁၂ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက္မှတ်စု B.6. Enhance System-wide Capacity to Address the Land-Conflict Nexus ခ.၆။ မြေယာနှင့်ပဋိပက္ခကြားဆက်စပ်မှုများကို ကိုင်တွယ်နိုင်သော ယန္တယားများ၏ စွမ်းဆောင်ရည်ကို တိုးတက္မှုရှိစေခြင်း ကုလသမဂ္ဂယန္တယားစနစ်အတွင်းတွင်ပင် နိုင်ငံရေးနယ်ပါယ်ထဲမှလည်းကောင်း၊ နည်းပညာနယ်ပါယ်ထဲမှလည်းကောင်း မြေနှင့် ပဋိပက္ခကိစ္စရပ်များကို ကိုင်တွယ်ရန် စွမ်းဆောင်ရည်မှာကွာဟချက္များရှိနေပါသည်။ မြေနှင့် ပဋိပက္ခများကို နိုင်ငံရေးနယ်ပါယ်နှင့် နည်းပညာနယ်ပါယ်ထဲမှ ကိုင်တွယ်ရန် ကျယ်ပြန်သော အမြင်နှင့် နှိုင်းယှဉ်သုံးသပ် အဖြေထုတ်မှုများ လိုအပ်ပါသည်။  ကုလ အထွေထွေအတွင်းရေးမှုး၏ အထူးကိုယ်စားလှယ်များ၊ လက်ထောက်အထူးကိုယ်စားလှယ်များ၊ ဌာနေညှိ့နှိုင်းရေး ကိုယ်စလှယ်များ၊ လူသားချင်းစာနမှုဆိုင်ရာ ညှိ့နှိုင်းရေးကိုယ်စားလှယ်များမှာ တပြည်လုံးအရ ကျွမ်းကျင်သူများနှင့် ထိစပ်မှုရှိသည်။ အဆိုပါပုဂ္ဂိုလ်များတွင် မြေနှင့် သက်ဆိုင်သောပဋိပက္ခအား ဝင်ရောက်စွက်ဖက်ရန်၊ ကိုင်တွယ်ဆောင်ရွက္မှုပြုရန်အတွက် ဆော်ဩရန် စသည်တို့အတွက် အရင်းအမြစ်များ၊ န...