မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၄

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၄


၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ အရ သတ်မှတ်ချက် မူဘောင်များ


၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ (The Land Acquisition Act, 1894) မှာ  ဗြိတိသျှ- အိန္ဒိယ ကိုလိုနီနယ်များတွင် လူပါးဝရန် ရေးဆွဲခ့ဲသော္လည္း ဗြိတိသျှများအနေဖြင့် လူသားဆန္ခ့ဲသော  အချက္များလည္း ရှိခ့ဲသည္။ 


အကယ်၍ အာဏာပိုင်တစ်ရပ်သည် ၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေကို ကျင့်သုံးသည်ဟု ဆိုလာသည်နှင့် ထို ဥပဒေ မူဘောင်ထဲကသာ ဆောင်ရွက်ရတော့မည် ဖြစ်သည်။ ထို ဥပဒေမူဘောင်ကို ကျော်လွန်၍ လုပ်ချင်သလို လုပ်နေ၍ မရတော့ပေ။


၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ အရ အာဏာပိုင်များကို ဤသို့ ဘောင်ခတ်ထားပါသည်။


၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေကို ကျင့်သုံးသည်ဟု အများသိအောင် ကြေ င​ြာ သော အာဏာပိုင်တရပ်သည် မြေကို ရုတ်တရက် ထင ထင်သလို သိမ်းခွင့်မရှိပေ။ မြေသိမ်းလိုပါက ထိုအာဏာပိုင်အနေဖြင့် ပြုလုပ်ရမည် အချက္များ ရှိနေသည်။



မြေတိုင်း၊ ကန့်ကွက်လွှာခေါ်၊ စိစစ်၊ မြေသိမ်းအမိန့်ထုတ်၊ လျှော်ကြေး 


၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ ပုဒ်မ ၄ (Section 4) အရ  မြေတိုင်းတာ စစ်ဆေးခြင်းဆိုင်ရာ အမိန့်ကြော်ငြာပေးရသည်။ ပုဒ်မ ၅ (က) (Section 5-A) အရ အသိမ်းခံရသူဘက္မှ ကန့်ကွက်နိုင်ရန် အချိန်သတ်မှတ်ချက် ပေးရသည်။ ထိုကန့်ကွက်ချက္များကို စိစစ်ပြီးနောက် ပုဒ်မ ၆ အရ မြေသိမ်းရန် အမိန့်ထုတ်ပြန်ရသည်။  ပုဒ်မ (၁၁) (Section 11) အရ လျှော်ကြေးငွေ ပမာဏကို သတ်မှတ်ရသည်။ အတိုကောက်အား ဖြင့် မြေတိုင်း၊ ကန့်ကွက်လွှာခေါ်၊ စိစစ်၊ မြေသိမ်းအမိန့်ထုတ်၊ လျှော်ကြေး ဆိုသည့် အဆင့်များကို ဖြတ်သန်းရသည်။


ဤသို့ လုပ်ငန်းစဉ်များကို အဆင့်လိုက် မဖြတ်သန်းဘဲ မြေတိုင်းတာမှု ကြေ ငြာချိန်ကပင် လျှော်ကြေးကိစ္စအား အဆင့်ကျော်ကာ တစ်ဧက သိန်း ၈၀ ဖြင့် လက်ဦးမှု ယူသတ်မှတ်မှုသည် အညာအတာ မ့ဲရာ ရောက်လွန်းနေသည်။ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ သတ်မှတ်ထားသော လုပ်ငန်းစဉ် အဆင့်များကို အကွက်ကျော်ရိုက်လျှက် လူထု၏ ရပိုင်ခွင့်ကို ထိန်းချုပ် အနိုင်ကျင့်သည့် သဘောဖက်ကို ရောက်နေသည်။ ထိုသို့ လုပ်ထုံးလုပ်နည်းအရ လျှော်ကြေးကိစ္စအား မြေတိုင်းတာရန်ကြော်ငြာသည့် အချိန်ကပင် လက်ဦးရန် ကြိုးစားခြင်းသည် လူထု၏ ရပိုင်ခွင့် ဖြစ်သော် ပုဒ်မ ၂၃ နှင့် ပုဒ်မ ၁၈ တို့အား ကြိုတင် ပိတ်ပင် မှုလည်း ဖြစ်သည်။ အဘယ်ကြောင့် အာဏာပိုင်များက  ထိုသို့ ပြုလုပ်ကြသနည်း ဆိုသော် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ မြေသိမ္းလိုသော္လည္း ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ ပေးရမည့် လျှော်ကြေးကိုတော့ မပေးချင်၍ ဖြစ်သည်။ ဥပဒေဟူသည် အပြစ်ကို ကျူးလွန်မှ ချိုးဖောက်သည်မဟုတ်၊ ဤသို့ အစီအစဉ်တကျ လုပ်ရမည်ဟု ပြဌာန်းထားမှု မလိုက်နာဘဲ ကွက်ကျော်လုပ်ခြင်းသည်လည်း ချိုးဖောက်ရာ မြောက်နေပြီ ဖြစ်သည်။



၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ ၏ လျှော်ကြေးဆိုင်ရာ မူဘောင်


၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ (The Land Acquisition Act, 1894) အရ မြေသိမ်းဆည်းခံရသူများအား  လျော်ကြေးပေးရန်အတွက် သတ်မှတ်မှုတွင်  မြေတန်ဖိုးတစ်ခုတည်းကိုသာ ကြည့်၍ သတ်မှတ်ရသည် မဟုတ်ဘဲ  နစ်နာမှုအမျိုးမျိုးအတွက်ပါ  တွက်ချက်ပေးရသည်။  ပုဒ်မ ၂၃ (Section 23) တွင်  လျော်ကြေးငွေ သတ်မှတ်ရာ၌ ထည့်သွင်းစဉ်းစားရမယ့် အချက် (၆) ချက်ကို အတိအလင်း ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၂၃ သည် အာဏာပိုင် အဖွဲ့ ၏ လျှော်ကြေးသတ်မှတ်ခွင် (ပုဒ်မ ၁၁) အား စိတ်ထင်သည့်အတိုင်း မဖိနှိပ်စေရန် အာဏာပိုင်အဖွဲ့ကို ပြန်လည် ထိန်းချုပ်ထားသော ပုဒ်မ ဖြစ်သည်။ ထို ပုဒ်မ ၂၃ အရ 


၁- မြေ၏ လက်ရှိ ကာလပေါက်ဈေး (Market Value) အတိုင်း လျှော်ကြေးပေးခြင်း၊ ကာလ လက်ရှိပေါက်စျေးအား သတ်မှတ်ရာတွင် ပုဒ်မ (၄) (Section -4 ) မြေသိမ်းဆည်းကြောင်း ပထမဆုံး အစိုးရထုတ်ပြန်သော အမိန့်ကြော်ငြာစာ  ထွက်ပေါ်လာတဲ့နေ့တွင်  ရှိနေသော အဆိုပါမြေ၏ ပေါက်ဈေးကို အခြေခံတွက်ချက်ရသည်။


၂- သီးနှံနှင့် သစ်ပင်များ ပျက်စီးဆုံးရှုံးမှု အတွက် လျှော်ကြေးပေးခြင်း၊ မြေသိမ်းယူသောအချိန်တွင္ အဆိုပါမြေပေါ်ရှိ စိုက်ပျိုးထားသော သီးနှံ၊ သစ်ပင် သို့မဟုတ် အဆောက်အအုံ ရှိနေပါက အဆိုပါ အရာဝတ္ထုပစ္စည်းများအတွက် နစ်နာကြေး ကိုပါ ထည့်သွင်း တွက်ချက်ရသည်။


၃- မြေခွဲခြားခံရမှုကြောင့် နစ်နာမှု (Severance) အတွက် လျှော်ကြေးပေးခြင်း၊ မိမိပိုင်ဆိုင်သော မြေကွက်ကြီးထဲကမှ တစ်စိတ်တစ်ပိုင်းကို ဖြတ်ကာ အသိမ်းခံရသောကြောင့် ကျန်ရစ်သော မြေကွက္မှာ တန်ဖိုးကျဆင်းသွားမှု သို့မဟုတ် အသုံးမဝင်တော့မှုကြောင့် ပေးရသည့် နစ်နာကြေး ဖြစ်သည်။


၄- အခြားပိုင်ဆိုင်မှုများ ထိခိုက္မှု အတွက် လျှော်ကြေးပေးခြင်း၊ မြေသိမ်းယူမှုကြောင့် မိမိ၏ အခြားရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည္း သို့မဟုတ် ရပိုင်ခွင့် ဝင်ငွေတစ်ခုခု ထိခိုက်ပျက်စီးသွားပါက ပေးရမည့်နစ်နာကြေး ဖြစ်သည်။


၅- နေရာပြောင်းရွှေ့စရိတ် အတွက် လျှော်ကြေး ပေးခြင်း၊ မြေသိမ်းခံရမှုကြောင့် မိမိ၏ နေအိမ် သို့မဟုတ် လုပ်ငန်းခွင်ကို အခြားတစ်နေရာသို့ မဖြစ်မနေ ပြောင်းရွှေ့ရသောအခါ ကုန်ကျမည့် စရိတ်စကများ အတွက် လျှော်ကြေး ဖြစ်သည်။


၆- လုပ်ငန်းအမြတ်အစွန်း လျော့နည်းမှု အတွက် လျှော်ကြေးပေးခြင်း၊ နေရာပြောင်းရွှေ့ရသော အချိန်အတောအတွင်းတွင် မိမိလုပ်ကိုင်နေသော လုပ်ငန်းခွင် ရပ်တန့်သွားရ၍ ဝင်ငွေ/အမြတ်အစွန်း လျော့နည်းနစ်နာမှု အတွက် ပေးရသည့် လျှော်ကြေး ဖြစ်သည်။


၇- ဆုံးရှုံးခံရန် သဘောတူညီမှုအတွက် အထူးဆုကြေး (Solatium) ၁၅% ပေးခြင်း၊ အထက်ပါအချက်များ တစ်ခုချင်းစီ တွက်ချက်ရလာသော (စုစုပေါင်း မြေတန်ဖိုး) အပေါ်တွင် မြေအား မမြတ်နိုးဘဲ  လက်လွတ်ပေးရမှု (Compulsory Nature of Acquisition) အတွက် နှစ်သိမ့်မှုအနေဖြင့် နောက်ထပ် ၁၅ ရာခိုင်နှုန်း (15%) အား အစိုးရက အပိုဆောင်း ပေါင်းထည့်ပေးရသေးသည်။


ဥပမာ - နစ်နာမှုအားလုံးအတွက် နံပါတ် (၁) မှ (၆)ထိ တွက်ချက်ရသော မြေတန်ဖိုးမှာ သိန်း ၁၀၀ ရှိသည်ဆိုလျှင်  အတင်းအဓမ္မသိမ်းယူခံရမှုအတွက် "လက်လွတ်ပေးရန် သဘောတူမှု" အတွက်  ၁၅% ဖြစ်သော (၁၅ သိန်း) ထပ်ပေါင်းပြီး စုစုပေါင်း လျော်ကြေးငွေ ၁၁၅ သိန်း ပေးရမည် ဖြစ်သည်။


လျော်ကြေးတွက်ချက်ရာတွင် ထည့်မတွက်ရမည့်အချက်များ 

ဥပဒေ ပုဒ်မ ၂၄ (Section 24) အရ 


- မြေသိမ်းခံရသူ၏ မလိုလားအပ်သော စိတ်အနှောင့်အယှက်ဖြစ်မှု (သို့) အနာဂတ်တွင် ရနိုင်ခြေရှိသော မှန်းဆဝင်ငွေ။

- မြေသိမ်းပြီးနောက်ပိုင်းမှ ထိုမြေပေါ်တွင် ပြုလုပ်သော အစိုးရစီမံကိန်းကြောင့် မြေတန်ဖိုး တက်လာမည့်အချက်။

- မြေသိမ်းမည်ဟု အမိန့်ထုတ်ပြန်ပြီးခါမှ လျော်ကြေးပိုရလိုသဖြင့် မြေပေါ်တွင် တမင်သက်သက် အဆောက်အအုံဆောက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်မှု။

စသည့်အချက်များအား လျော်ကြေးတိုးတောင်းရန် အကြောင်းပြချက်အဖြစ် အသုံးမပြုခွင့်မရှိပေ။


 ၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေအရ လျော်ကြေးဟူသည် အထက်တွင် ဖော္ပြ ခ့ဲသော အချက် (၆) ချက် ဖြစ်သော  "ကာလပေါက်ဈေး + ဖြစ်ပေါ်လာမည့် နစ်နာမှုအားလုံး + ၁၅ ရာခိုင်နှုန်း နှစ်သိမ့်ကြေး" ကို ပေါင်းစပ်ပြီး ကော်လိတ်တော်အရာရှိ (Collector) ခရိုင်အုပ်ချုပ်ရေးမှု က ကွင်းဆင်းစစ်ဆေး ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။


ပုဒ်မ ၂၃ အရ လျော်ကြေးငွေ အသေးစိတ်တွက်ချက်ပုံ ဥပမာ


စီမံကိန်းတစ်ခုအတွက် ဦးအေး ပိုင်ဆိုင်သော လယ်မြေ (၅) ဧကထဲက (၂) ဧကအား အစိုးရမှ သိမ်းယူလိုက္သည်။ ထို ၂ ဧကပေါ်တွင် စပါးခင်း၊ သရက်ပင်အချို့ နှင့် နေအိမ်တစ်လုံးလည်း ပါနေသည်။ အာဏာပိုင်များသည် ဦးအေးအတွက် လျှော်ကြေးကို အောက်ပါ အတိုင်းသတ်မှတ် တွက်ချက်ရသည်။


က) မြေတန်ဖိုး (Market Value)-  အနီးနားက မြေအရောင်းအဝယ် စာချုပ်များ၊ ကာလပေါက်ဈေးအရ တစ်ဧက သိန်း ၅၀၀ ဆိုလျှင် ၂ ဧကအတွက် = သိန်း ၁၀၀၀။

ခ) သီးနှံနှင့် အဆောက်အအုံတန်ဖိုး- ပါသွားသော နေအိမ်တန်ဖိုး- သိန်း ၁၀၀၊ သရက်ပင် တနှစ် အသီးထွက်နှုန်း တန်ဖိုး နှင့် အပင်၏ သစ်သားတန်ဖိုး= သိန်း ၂၀၊ စပါးခင်းထွက်နှုန်း ကာလတန်ဖိုး  = သိန်း ၄၀) ဖြစ်၍ စုစုပေါင်း- သိန်း ၁၆၀

ဂ) မြေဖြတ်တောက်ခံရမှု နစ်နာကြေး (Severance)- ၅ ဧကထဲမှ ၂ ဧက အလယ်ကနေ ဖြတ်သိမ်းလိုက်၍ ကျန်ခဲ့သော ၃ ဧကမှာ  ပုံသဏ္ဍာန်ပျက်၍ စိုက်ပျိုးရခက်သွား၍ ကျန်မြေ၏ တန်ဖိုးကျဆင်းမှု (ဥပမာ = ယခင်က တစ်ဧက သိန်း ၅၀၀ အား အခုအခါ သိန်း ၃၀၀ ဖြင့် လျော့ရောင်းရမည့် အခြေအနေမျိုး ရှိပါက ကျသွားသော တန်ဖိုး= သိန်း ၂၀၀ ( ၃ ဧက ဆိုပါလျှင် သိန်း ၆၀၀)

ဃ) နေရာပြောင်းရွှေ့စရိတ်နှင့် လုပ်ငန်းပျက်ပြားမှုအတွက် လျှော်ကြေး- အိမ်ပြောင်းရမည့် သယ်ယူပို့ဆောင်ခ၊ လယ်ယာလုပ်ငန်း ခေတ္တရပ်ဆိုင်းသွားသော နစ်နာကြေး (ဥပမာ = သိန်း ၃၀)။


တွက်ချက္မှု -

ရပိုင်ခွင့် အားလုံးစုစုပေါင်း = ၁၀၀၀+ ၁၆၀+ ၆၀၀+ ၃၀ = ၁၇၉၀ သိန်း ကျပ် နှင့် 

ဥပဒေအရ ပေးရမည့် ၁၅% လက်လွတ်ခ အထူးဆုကြေး (Solatium) = ၁၇၉၀ ကျပ်၏ ၁၅ ရာခိုင်နှုန်း= ၂၆၈.၅ သိန်း ဖြစ်၍ 

ဦးအေး ရရှိမည့် စုစုပေါင်းလျော်ကြေး = ၁၇၉၀ သိန်း+ ၂၆၈.၅ သိန်း= ၂၀၅၈.၅ သိန်း ကျပ်


အကယ်၍ လျော်ကြေးငွေ နည်းလွန်းပါက ပုဒ်မ (၁၈) (Section 18) အရ တရားရုံးသို့  လွှဲပြောင်းလျှောက်ထားရမည် ဖြစ်သည်။  မြေသိမ်းခံရသူက ကော်လိတ်တော် သတ်မှတ်ပေးသော လျော်ကြေးငွေ ပမာဏအပေါ် မကျေနပ်၊ (နည်းလွန်းသည်ဟု) ဆိုလျှင် မြေပိုင်ရှင်သည် ကန့်ကွက်လွှာ တင်သွင်းပေးရသည်။  လျော်ကြေးအမိန့် ထုတ်ပြန်သောနေ့ (သို့မဟုတ်) နို့တစ်စာရသော နေ့ မှ စ၍ ဥပဒေက သတ်မှတ်ထားသော ရက်သတ္တပတ် ၆ ပတ် (သို့) ၆ လ အတွင်း ကော်လိတ်တော်ထံ "လျှော်ကြေးကိစ္စ တရားရုံး (District Court) သို့ လွှဲပြောင်းစစ်ဆေးပေးရန်"  ကန့်ကွက်လွှာ တင်ရသည်။ 

တရားရုံးမှ နှစ်ဖက်သက်သေများကို ပြန်ခေါ်စစ်ဆေးကာ လျော်ကြေးငွေ နည်းနေပါက လျော်ကြေးတိုးပေးရန် အမိန့်ချမှတ်နိုင်သည်။ တရားရုံးက ကော်လိတ်တော် သတ်မှတ်မှုထက် လျော်ကြေးငွေ ပိုပေးဖို့ ဆုံးဖြတ်ခဲ့ပါက အစိုးရက မြေကို စတင်သိမ်းယူသောနေ့မှ လျော်ကြေးငွေ အပြည့်အဝ ပေးချေေ သောနေ့ထိ ကြားကာလအတွက် တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း (6%) တိုးငွေကိုပါ ထည့်သွင်းတွက်ချက်ပြီး မြေပိုင်ရှင်ကို ပေးရသည်။



ကော်လိတ်တော် အခတ်ခံထားရသော မူဘောင်


၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ လျော်ကြေးပေးရန် အဆင့်ဆင့် ဆောင်ရွက်ရာတွင် အဓိက အပိုင်း (၃) ပိုင်း ကို ကော်လိတ်တော်သည် လိုက်နာရသည်။ 


ပုဒ်မ ၉ (Section 9) အရ နို့တစ်စာပေးပို့ရသည်။  မြေသိမ်းရန် အတည်ပြုသောအခါ  ကော်လိတ်တော်က မြေပိုင်ရှင်များ၊  အကျိုးခံစားခွင့်ရှိသူများကို "ဘယ်နေ့၊ ဘယ်အချိန်မှာ လျော်ကြေးငွေ ဘယ်လောက်တောင်းဆိုချင်လဲ၊ လာရောက်တင်ပြရန် ရက်ချိန်းနဲ့ နို့တစ်စာ" ပို့ ရသည်။ ထိုနောက် ကွင်းဆင်းစစ်ဆေးရသည်။ ကော်လိတ်တော်က မြေ တည်နေရာ၊ အကျယ်အဝန်း၊ မြေပေါ်မှာရှိ အဆောက်အအုံ၊ သစ်ပင်၊ သီးနှံများကို ကိုယ်တိုင် သို့မဟုတ် တာဝန်ခံအဖွဲ့ဖြင့် ကွင်းဆင်း စာရင်းကောက်ရသည်။ ထိုနောက် ပုဒ်မ (၁၁) (Section 11) အရလျော်ကြေးအမိန့်ချမှတ်ခြင်း (Collector's Award ) ကို လုပ်ရသည်။ ထိုသို့ လုပ်သည့်အခါ နှစ်ဖက်တင်ပြချက်များ၊ ကာလပေါက်ဈေးများကို စိစစ်ကာ ကော်လိတ်တော်က "ဒီမြေကွက်အတွက် စုစုပေါင်း လျော်ကြေးငွေ ဘယ်လောက်ပေးမည်" ဆိုသော အတည်ပြုအမိန့် ( Collector's Award) ကို ထုတ်ပြန်ရသည်။ ထိုသို့ အမိန့်ထုတ်ရန် အထက္ တွင္ ဖော်ပြခ့ဲသော လျှော်ကြေးတွက်ချက္မှု ပုဒ်မ (၂၃) ကို ကော်လိပ်တော် လိုက်နာရသည်။ ၎င်း၏ အမိန့်ကို မြေသိမ်းခံရသူက မကြေနပ်ပါက ကော်လိပ်တော်ကိုယ်တိုင် တရားရုံးကို မြေသိမ်းခံရသူ ကိုယ်စားအမှုတင်ပေးရသည်။


အရေးပေါ်အခြေအနေတွင် မြေသိမ်းခြင်း (Section 17 - Urgency Clause)


၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေအရ ပုံမှန်ဆိုလျှင်  အထက်တွင် ဖောျပွခ့ဲသော အဆင့်များအကုန်ပြီးမှ မြေကို အစိုးရက လက်ရောက်ရယူခွင့်ရှိသည်။ သို့ရာတွင်  ရေကြီး၊ ကမ်းပြို၊ အခြေခံအဆောက်အအုံများ  အရေးပေါ်ပြင်ရန် လိုအပ်နေသော  "အလွန်အရေးကြီးသော အခြေအနေ" မျိုးတွင် 

အစိုးရက ကြေညာချက်ထုတ်ပြီး ၁၅ ရက္အက​ြာတွင် လျော်ကြေး အပြီးအပြတ် မသတ်မှတ်ရသေးခင် မြေကို အရင်ဝင်သိမ်းခွင့် ပြုထားသည်။ ထိုသို့သိမ်းပါက  ယာယီအားဖြင့် တွက်ချက်ထားသော လျှော်ကြေးငွေ၏ ၈၀ ရာခိုင်နှုန်းအားမြေပိုင်ရှင်ထံ ချက်ချင်း ကြိုတင်ထုတ်ပေးရရန်  ပြဋ္ဌာန်းထားသည်။ ပြီးမှသာလျှင် လျှော်ကြေးကိစ္စ ဆက်ရှင်းရသည်။ 


တစ်ခုသော အချိန်တုန်းက စျေးဝယ်လျှင်တောင် သေနတ် ကိုင်ပြီး စျေးမဆစ်ရန် အောက်ခြေကို ညွှန်ကြားခ့ဲဖူးသော အဖွဲ့အစည်းတစ်ခုသည် ယခုမူကား တစ်ဧက သိန်း ၅၀၀ ပေါက်နေသောမြေအား သိန်း ၈၀ ပေးနေကြလေပြီ.....။


ဆက်ရန်


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်