မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၉

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၉


ကမ္ဘာဘဏ် (World Bank) တှင် ပတ်ဝန်းကျင်နှင့် လူမှုရေးစံနှုန်းတွေ (ESS 1 ကနေ 10 အထိ) ကို စီမံကိန်းဖော်ဆောင်သူများ မလိုက်နာ၍ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုရှိလာပါက တိုင်ကြားနိုင်သော ယန္တရား (Grievance Redress Mechanisms) အဆင့်ဆင့်ကို ဖွဲ့စည်းထားသည်။ ကမ္ဘာ့ဘဏ်တွင် ထိုသို့တိုင်ကြားနိုင်သော  အဆင့် (၂) ဆင့် ရှိသည်။


စီမံကိန်းအဆင့် တိုင်ကြားမှုယန္တရား (Project-Level GRM)

ကမ္ဘာဘဏ်၏ စည်းကမ်းအရ ဘဏ်ကချေးငွေဖြင့် ဆောင်ရွက်သော စီမံကိန်းတိုင်းတွင် ဒေသခံများ တိုင်ကြားနိုင်သော ရုံး သို့မဟုတ် စနစ် (Project-level GRM) တစ်ခု မဖြစ်မနေ ထားရှိရသည်။ ဒေသခံများဘက်မှ  စီမံကိန်းတာဝန်ယူအကောင်အထည်ဖော်သော အစိုးရဌာန သို့မဟုတ် ကုမ္ပဏီ၏ စီမံကိန်းရုံးကို တိုင်ကြားနိုင်သည်။ စီမံကိန်းအဆင့် တိုင်ကြားမှုယန္တရား (Project-Level GRM)၏ အားသာချက္မှာ ပ​ြဿနာဖြစ်သော ​ေနရာနှင့် တိုက်ရိုက်သက်ဆိုင်နေ၍ လျင်မြန်စွာ အလွယ်တကူ ဖြေရှင်းပေးနိုင်သည်။ အားနည်းချက္မှာ တစ်ခါတရံ စီမံကိန်းတာဝန်ရှိသူများဘက္မှ ဘက်လိုက်ခြင်း သို့မဟုတ် တိုင်ကြားချက်ကို လျစ်လျူရှုထားခြင်းမျိုးရှိနေတတ်သည်။စီမံကိန်းအဆင့် (Project-level GRM) တွင် တိုင်ကြားသော်လည်း အဆင်မပြေခြင်း၊ မလုံခြုံခြင်း၊ တိုင်ကြားပါက အသက်အန္တရာယ်စိုးရိမ်ရခြင်းများ ရှိပါက ဝါရှင်တန်ဒီစီရှိ ကမ္ဘာဘဏ်ဌာနချုပ်၏ သီးခြားလွတ်လပ်သော  ဌာနချုပ်အဆင့် ကာကွယ်ရေးတိုင်ကြားမှုစနစ် (World Bank Accountability Mechanism)ကို တိုက်ရိုက်တိုင်ကြားနိုင်သည်။ ကမ္ဘာဘဏ်ဌာနချုပ်အဆင့် ကာကွယ်ရေးတိုင်ကြားမှုစနစ်တွင်  အဓိက အဖွဲ့ (၂) ဖွဲ့ ရှိသည်။

က။ စစ်ဆေးရေးအဖွဲ့ (The Inspection Panel)

ခ။ အငြင်းပွားမှုဖြေရှင်းရေးဝန်ဆောင်မှုအဖွဲ့ (Dispute Resolution Service - DRS) တို့ဖြစ်သည်။


စစ်ဆေးရေးအဖွဲ့ (The Inspection Panel)မှာ ကမ္ဘာဘဏ်၏ စီမံခန့်ခွဲသူများနှင့် လုံးဝမပတ်သက်သော သီးခြားလွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသော အဖွဲ့ဖြစ်သည်။ တိုင်ကြားချက်ရောက်လာပါက  ကမ္ဘာဘဏ်ကိုယ်တိုင် ကွင်းဆင်း၍ ချမှတ်ထားတဲ့ မူဝါဒများကို စီမံကိန်းတွင် လိုက်နာရန် ပျက်ကွက်ခြင်းဟုတ်၊ မဟုတ် ဥပဒေကြောင်းအရ  စုံစမ်းစစ်ဆေးတော့သည်။  ပျက်ကွက်ကြောင်း တွေ့ရှိပါက ဘဏ် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ထံ အစီရင်ခံစာတင်ပြပြီး ပြဿနာကို ပြန်လည်ကုစားရန် အစီအစဉ် (Action Plan) ဆွဲခိုင်းတော့သည်။

အငြင်းပွားမှုဖြေရှင်းရေးဝန်ဆောင်မှုအဖွဲ့ (Dispute Resolution Service - DRS)မှာအပြစ်ရှာခြင်းမျိုးမဟုတ်ပေ။ ထိခိုက်နစ်နာသူ ဒေသခံပြည်သူများနှင့် စီမံကိန်းတာဝန်ရှိသူ အစိုးရ၊ကုမ္ပဏီ ကြားတွင် ဘက္မလိုက်သောညှိနှိုငျးပေးသူ (Mediator) အဖြစ် ဆောင်ရွက်သောအဖွဲ့ဖြစ်သည်။ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း၍ ပြဿနာအား အဆင်ပြေပြေ ဖြေရှင်းနိုင်ရန် ကူညီပေးသော သဘောဖြစ်သည်။ 

စီမံကိန်းအကောင်အထည်ဖော်ရာတွင် စည်းကမ်း မလိုက်နာမှု (Non-compliance) ရှိနေသည်ဟု စုံစမ်းမှုရလဒ်များက ဖော်ပြနေပါက ကမ္ဘာဘဏ် ဘက္မှ အရေးယူမှုများကို ဆောင်ရွက်လာသည်။

-သတ်မှတ်ထားသော စံနှုန်းများအတိုင်း ပြန်မပြင်မချင်း စီမံကိန်းအား ချေးငွေ ဆက္မထုတ်ပေးတော့ဘဲ ဖြတ်တောက်ကာ ငွေထုတ်ပေးမှု ယာယီဆိုင်းငံ့ခြင်း (Suspension of Disbursement)

- အခြေအနေ အလွန်ဆိုးရွားကာ ပြုပြင်ရန် ပျက်ကွက်နေပါက စီမံကိန်းအား လုံးဝရပ်ဆိုင်းပစ်ကာ ချေးငွေစာချုပ်ကို ဖျက်သိမ်းခြင်း (Cancellation)

-စည်းကမ်းမလိုက်နာသော ကန်ထရိုက်တာ သို့မဟုတ် ကုမ္ပဏီများကို နောက်နောင် ကမ္ဘာဘဏ်စီမံကိန်းများတွင် ပါဝင်ခွင့်မရအောင် ပိတ်ပင်ကာနာမည်ပျက်စာရင်းသွင်းခြင်း (Blacklisting) စသည့် ပုံစံများဖြင့် အရေးယူလေ့ရှိသည်။


စံနှုန်းဖောက်ဖျက္မှုကြောင့် နိုင်ငံတကာငွေကြေး၊ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ဝင်ရောက်စွက်ဖက် အရေးယူခ့ဲရသော ဖြစ်စဉ်တစ်ချို့ကို ဖော္ပ​ြလိုက္ပါသည္။


၁။ စွမ်းအင်နှင့် ရေအားလျှပ်စစ်စီမံကိန်းများ


ကင်ညာနိုင်ငံ - အိုလကာရီယာ ရေနွေးငွေ့လျှပ်စစ်စီမံကိန်း (Olkaria Geothermal Project)

၁၉၈၁ ခုနှစ်တွင် ပထမဆုံးစက်ရုံ (Olkaria I) ကို စတင်လည်ပတ်ခဲ့ပြီး နောက်ပိုင်းတွင် Olkaria II, III, IV, V စသဖြင့် အဆင့်ဆင့် တိုးချဲ့တည်ဆောက်ခဲ့ရာ လက်ရှိအချိန်ထိ စီမံကိန်းအသစ်များ ဆက်လက်တိုးချဲ့နေဆဲ ဖြစ်သည်။ Olkaria V အဆင့်တစ်ခုတည်းအတွက်တင် ဒေါ်လာသန်း ၄၀၀ ကျော် ကုန်ကျခဲ့သည်။ ကမ္ဘာ့ဘဏ် (World Bank)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (EIB)နှင့် ကင်ညာအစိုးရ (KenGen) တို့ ပူးပေါင်း၍ ငွေကြေးအကူအညီပေးခ့ဲသည္။ စီမံကိန်းနယ်မြေထဲတွင် မာဆိုင်း (Maasai) တိုင်းရင်းသား မျိုးနွယ်စုများအပေါ် ကမ္ဘာ့ဘဏ် စံနှုန်းများနှင့်မညီဘဲ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခဲ့သည်။ ဒေသခံများအတွက် ပေးသော ရွှေ့ပြောင်းနေရာသစ်မှာ အသက္မွေးဝမ်းကျောင်းလုပ်ရန် အဆင်မပြေသည့်အပြင် သောက်သုံးရေပင် အခက်အခဲ ဖြစ်လာခ့ဲသည္။ ဒေသခံများက ကမ္ဘာ့ဘဏ်၏ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Inspection Panel) ထံ တိုင်ကြားခဲ့သည်။ စစ်ဆေးချက်အရ စံနှုန်းများ ချိုးဖောက်ထားကြောင်း ပေါ်ပေါက္ ခ့ဲသဖြင့္ ကမ္ဘာ့ဘဏ်က စီမံကိန်းအတွက် ပေးရန် ရန်ပုံငွေများကို ချက်ချင်းဆိုင်းငံ့ (Suspend) ပစ်လိုက်တော့သည်။ အစိုးရဘက္မှ ဒေသခံများကို စံနှုန်းအတိုင်း အိမ်ရာ၊ လမ်း၊ ရေ၊ မီး ကောင်းကောင်းမွန်မွန် ပြန်လည်နေရာချထားပေးပြီးမှသာ စီမံကိန်းကို ဆက်လုပ်ရန် ချေးငွေများ ပြန်လည္ချပေးခ့ဲသည္။


အာဂျင်တီးနားနှင့် ပါရာဂွေး - ယာစီရီတာ ရေအားလျှပ်စစ်စီမံကိန်း (Yacyret Hydroelectric Project)

၁၉၈၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ပထမဆုံးတာဘိုင် စတင်လည်ပတ်ခဲ့သည်။ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးရန် အချိန်ကြာမြင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှသာ ရေမျက်နှာပြင်အမြင့်သတ်မှတ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းနိုင်ခဲ့သည်။ ကမ္ဘာ့ဘဏ် (World Bank)၊ အမေရိကတိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ် (IDB) နှင့် အာဂျင်တီးနား၊ပါရာဂွေး နှစ်နိုင်ငံအစိုးရများက ငွေကြေးမတည္ခ့ဲသည္။ ကနဦးခန့်မှန်းခြေထက် အဆမတန်ပိုမိုသွားခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ဝန်းကျင်အထိ ရှိခဲ့သည်။ ဆည်ရေလှောင်တမံကြောင့် ပါရာဂွေးနဲ့ အာဂျင်တီးနားနယ်စပ်က လူပေါင်း ထောင်ချီ မြေယာဆုံးရှုံးကာ ရွှေ့ပြောင်းခဲ့ရသည်။ ဘဏ်နှစ်ခုလုံး၏ မလွှဲမရှောင်သာ ရွှေ့ပြောင်းခြင်း (Involuntary Resettlement) ဆိုင်ရာ စံနှုန်းများကို သေချာမလိုက်နာခဲ့ပေ။ လျော်ကြေးပေးမှု ကြန့်ကြာကာ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ပေးမှုလည်း မရှိခ့ဲချေ။ ဒေသခံအဖွဲ့အစည်းများ၏ ကန့်ကွက်တိုင်ကြားမှုကြောင့် ဘဏ်များမှ စုံစမ်းစစ်ဆေးရေးအဖွဲ့လွတ်ကာ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုအခါ စံနှုန်းများ အကြီးအကျယ် ချိုးဖောက်ထားမှုကို တွေ့လာရသည်။ ဘဏ်များက ချေးငွေအသစ် ထပ်ပေးမည့်အစီအစဉ်များကို ရပ်ဆိုင်းကာ  လူထုကို ဘဝပြန်လည်ထူထောင်ပေးရန် အစိုးရနှစ်ခုကို ရာဇသံ ဖိအားပေးခ့ဲရသည္။ အကျိုးဆက်အနေဖြင့် စီမံကိန်းကြီးတစ်ခုလုံး နှစ်ပေါင်းများစွာ ကြန့်ကြာသွားခဲ့သည်။


ချီလီ (Chile) - ပန်ဂီ ရေအားလျှပ်စစ်ဆည် စီမံကိန်း (Pangue Hydroelectric Project)

၁၉၉၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ပြီးစီးကာ လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိကကဏ္ဍဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) နှင့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများက ငွေကြေးမတည္ခ့ဲသည္။ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၅၀ သန်း ဝန်းကျင် ဖြစ်သည်။ ဆည်ကြောင့် ပက်ဝမ်ချီ (Pehuenche) အင်ဒီယန်းမျိုးနွယ်စု တိုင်းရင်းသားများ၏ ရိုးရာမြေယာများ ရေနစ်မြုပ်ပြီး အဓမ္မ ရွှေ့ပြောင်းခံခဲ့ရသည်။ ဒေသခံများကို ပေးသော နေရာသစ်မှာ အဆင်မပြေသည့်အပြင် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုပါ ပျက္စီးလာခ့ဲသည္။ နိုင်ငံတကာ ကန့်ကွက္မှုများကြောင့် ဘဏ်၏ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွတ္ခ့ဲရာ  (Jay Hair အစီရင်ခံစာ) ပေါ်ထွက္လာခ့ဲသည္။ ထိုအစီရင်ခံစာက စီမံကိန်းတစ်ခုလုံး ဘဏ်၏ ပတ်ဝန်းကျင်နှင့် လူမှုရေးစံနှုန်းများကို အကြီးအကျယ် ချိုးဖောက်ထားသည်ကို ဖော်ပြထားသည်။ သို့ဖြစ်၍ IFC က နောက်ထပ် ထုတ်ပေးမည့် ချေးငွေကိ ချက်ချင်းရပ်ဆိုင်း လိုက်ကာ စီမံကိန်းလုပ်သော ကုမ္ပဏီဘက္မှ ဘဏ်၏ စည်းကမ်းများကို ဆက်လက် မျက်ကွယ်ပြုနေသဖြင့် IFC က ရှယ်ယာနှင့် ရန်ပုံငွေ အားလုံးကို လုံးဝ ရုပ္သိမ္းသွားခ့ဲသည္။


ဗီယက်နမ်နိုင်ငံ - အလယ်ပိုင်းကုန်းမြင့် ဆည်စီမံကိန်းများ (Central Highlands Hydropower Projects)

၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ၂၀၀၀ ပြည့်လွန်နှစ်များအထိ ဆည်များကို  ဆက်တိုက်တည်ဆောက်ခဲ့သည်။ ယာလီရေတံခွန် Yali Falls ဆည် ကို ၁၉၉၃ခု နှစ်မှ ၂၀၀၂ ခုနှစ်အထိ တည်ဆောက်ခဲ့သည်။  ဗီယက်နမ်အစိုးရ (EVN) ၏ ရန်ပုံငွေအပြင် ရုရှား၊ ယူကရိန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ JICA တို့ထံမှ ချေးငွေနှင့် အကူအညီအချို့ ရယူခဲ့သည်။ ဆည်တစ်ခုချင်းစီအပေါ် မူတည်၍  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရှိခဲ့သည်။ လျှပ်စစ်ဓာတ်အားလိုင်းနှင့်  ဆည်များ တည်ဆောက်ရာတွင် တိုင်းရင်းသား လူမျိုးစု (Ethnic Minorities)များ၏ မြေယာပိုင်ဆိုင်မှုအပေါ် တရားဝင် စာရွက်စာတမ်းမရှိဟုဆိုကာ လျော်ကြေးမပေးဘဲချန်လှပ်ထားရန် ကြိုးစားခဲ့သည်။ ဘဏ်ဘက္မှ စံနှုန်းအတိုင်း စာရွက်စာတမ်းမရှိသော်လည္း ထိုမြေပေါ်တွင် အမှန်တကယ် နေထိုင်သူများကိုပါ အကာအကွယ်ပေးရမည်ဟု အလျော့မပေးဘဲ အရေးယူရန် ပြင်ဆင္လာခ့ဲသည္။ ဗီယက်နမ်အစိုးရဘက္မှ စီမံကိန်း မရပ်ဆိုင်းမခံရရန်  ပြည်တွင်း မြေယာဥပဒေ (Land Law) ကိုပါ နိုင်ငံတကာစံနှုန်းများနှင့် ညှိနှိုင်းကာ ပြင်ဆင်ပြောင်းလဲခဲ့ရသည်။


ကိုလံဘီယာနိုင်ငံ - အီတူအန်ဂို ရေအားလျှပ်စစ်ဆည် စီမံကိန်း (Hidroituango Dam Project)

၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ တည်ဆောက်ရေးကာလအတွင်း ၂၀၁၈ ခုနှစ်တွင် မြေပြိုမှုနှင့် ရေကြီးမှုအန္တရာယ်ကြီးများ ကြုံတွေ့ခဲ့ရသဖြင့် ကြန့်ကြာခဲ့ပြီး ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ပထမဆုံး တာဘိုင်များကို စတင်လည်ပတ်နိုင်ခဲ့ကာ လက်ရှိတွင် ဆက်လက် အချောသတ်နေဆဲဖြစ်သည်။ အမေရိကတိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ် (IDB) ချေးငွေ၊ ပြည်ပစီးပွားရေးဘဏ်များနှင့် ကိုလံဘီယာအစိုးရပိုင် EPM ကုမ္ပဏီ တို့မှ င​ွေ​ကြေးစိုက္ထုတ္ခ့ဲသည္။ မတော်တဆမှုများကြောင့် ကုန်ကျစရိတ် မြင့်တက်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံမှ ၆ ဘီလီယံ ကြား ရှိမည်ဟု ခန့်မှန်းရသည်။ ဆည်ရေလှောင်တမံကြောင့် မြစ်ဝှမ်းဘေး ဒေသခံ လယ်သမားများ၊ ရိုးရာရွှေကျင် လုပ်သားများ၏ မြေယာများကို သိမ္းဆည္းခ့ဲရာ IDB စံနှုန်းအတိုင်း လျှော်ကြေးမပေးခ့ဲပေ။ ရေကြီးမှုကြောင့် ကောက်ကာ (Cauca) မြစ်ဝှမ်းတစ်လျှောက် ဒေသခံ ပြည်သူထောင်ပေါင်းများစွာ အရေးပေါ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ဒေသခံများအတွက် စနစ်တကျ ပြန်လည်နေရာချထားပေးမှု (Resettlement) မရှိ၊ မြေယာနှင့် အသက္မွေးဝမ်းကျောင်း ဆုံးရှုံးမှုအပေါ် ထိုက်တန်သောနစ္နာကြေးအတွက္ ကြိုတင်ပြင်ဆင်မှု မရှိခ့ဲပေ။ ဆည်ပြိုကျနိုင်ခြေ အန္တရာယ်ကြောင့် ဒေသခံများမှာ အမြဲတမ်း ထိတ်လန့်ခြောက်ခြားစွာ နေထိုင်ခဲ့ရပြီး၊ စီမံကိန်းကို ကန့်ကွက်သော တက်ကြွလှုပ်ရှားသူများမှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဒေသခံများ၊ လူ့အခွင့်အရေးအဖွဲ့များမှ IDB အားတိုင္က​ြားခ့ဲသည္။ IDB မှ ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် စီမံကိန်းလုပ်ဆောင်သော Empresas Pblicas de Medelln (EPM) ကုမ္ပဏီအား ချေးယူထားငွေ ဒေါ်လာ ၄၅၀ သန်းခန့်ကို ကြိုတင်ကာလအတွင်း အပြည့်အဝ ပြန်လည်ပေးဆပ်ရန် IDB ဘဏ်ဘက်က ဖိအားပေးကာ စီမံကိန်းမှ နုတ် ထှက် ခဲ့သည်။ စီမံကိန်းမှ IDB ဘဏ် မနှုတ်ထွက္မီနှင့် နှုတ်ထွက်သည့် ကာလအတွင်းမှာ  စီမံကိန်းအကောင်အထည်ဖော်သူများကို ဒေသခံများအတွက် ပြန်လည်ကုစားရေး အစီအစဉ် (Action Plan)များ ချမှတ်ခိုင်းကာ ဖိအားပေးတော့သည်။


၂။ အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေးစီမံကိန်း


ပါပူအာနယူးဂီနီ - ကုန်းမြင့်ဒေသ တောင်ပေါ်လမ်းမကြီးများ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း (Highlands Region Road Improvement Investment Program)

စီမံကိန်းကို ကာလအပိုင်းအခြား (Tranches) အလိုက် ၂၀၀၉ ခုနှစ် ဝန်းကျင်တွင် စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ကျော်မှ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်အထိ ဘတ်ဂျက်အဆင့်ဆင့်ဖြင့် တည်ဆောက်ခဲ့သည်။အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အဓိကချေးငွေ ပံ့ပိုးပေးခဲ့ပြီး ပါပူအာနယူးဂီနီအစိုးရကလည်း ပူးတွဲစိုက်ထုတ်ခဲ့သည်။အဆင့်စုံ စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရှိသည်။ လမ်းဘေးရှိ ရိုးရာမျိုးနွယ်စုပိုင် မြေယာများကို သိမ်းဆည်းသောအခါ အစိုးရက ဒေသခံများ၏ မြေယာပိုင်ဆိုင်မှုစနစ်ကို မျက်ကွယ်ပြုကာ လျော်ကြေးကိုလည်း ထိုက်ထိုက်တန်တန် မပေးခဲ့ပေ။ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ADB ဘက်က လမ်းခင်းသော လုပ်ငန်းစဉ်များကို ခကျြခငြ်းရပ်ဆိုင်းခဲ့သည်။ ပစိဖိတ်ဒေသ၏ ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုကို ပြန်လည်စိစစ်ခိုင်းပြီး စံနှုန်းများအတိုင်း အကောင္အထည္ဖော္ခိုင်းခ့ဲသည္။ လူမျိုးစုများအား ပြန်လည်ကုစားမှု (Meaningful Consultation) များကိုဆောင်ရွက်ကာ လူထုနှင့် သေချာပြန်လည္ညှိ့နှိုင်းခ့ဲသည္။ လျော်ကြေးပေးအပ်ပွဲများကို ADB ကိုယ်တိုင် ကြီးကြပ်ပြီးမှ စီမံကိန်းကို ဆက္လုပ္ခ့ဲသည္။


တောင်အမေရိက (ဘရာဇီး) - ပိုလိုနိုရိုအက်စ်တေ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းမကြီးစီမံကိန်း (Polonoroeste/ Northwest Region Development Program)

၁၉၈၁ ခုနှစ်တွင် စတင်ခဲ့ပြီး မတ်တိုဂရိုဆိုနှင့် ရိုဒိုနီးယားပြည်နယ်များကို ဆက်သွယ်မည့် BR-364 လမ်းမကြီး ကတ္တရာခင်းခြင်းအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် အဓိက လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့ဘဏ် (World Bank) မှ အဓိက အမေရိကန်ဒေါ်လာ သန်းချီ ချေးငွေထုတ်ပေးခဲ့ပြီး ဘရာဇီးအစိုးရက ပူးတွဲရန်ပုံငွေစိုက်ထုတ်သည်။ စုစုပေါင်း စီမံကိန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ဝန်းကျင် ရှိခဲ့သည်။ အမေဇုန်တောထဲ လမ်းမကြီးဖောက်ရန် အစိုးရက လမ်းဘေးဝဲယာရှိ အင်ဒီယန်း (Indigenous) တိုင်းရင်းသား မြေယာများကို အကာအကွယ်မပေးဘဲ အဓမ္မသိမ်းဆည်းခြင်း၊ တောခုတ်ခြင်းတို့ကို ပ​ြုလုပ္ခ့ဲသည္။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်အဖွဲ့များနှင့် လူ့အခွင့်အရေးအဖွဲ့များက အပြင်းအထန် ကန့်ကွက္မှုကြောင့် ၁၉၈၅ ခုနှဈတှင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌကိုယ်တိုင် စီမံကိန်းအတွက် ချေးငွေအားလုံးကို ရပ်ဆိုင်း (Freeze) လိုက်သည်။ ဤဖြစ်ရပ်မှာ ကမ္ဘာ့ဘဏ် သမိုင္းတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးစံနှုန်း ချိုးဖောက္မှုကြောင့် ချေးငွေကို ပထမဆုံးအကြိမ် ထိပ်တိုက်ဖြတ်တောက်ခဲ့သော သမိုင်းဝင်ဖြစ်ရပ် ဖြစ်ပြီး၊ ထိုဖြစ်ရပ်ကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြေသိမ်းခြင်းဆိုင်ရာ မူဝါဒများကို  ပိုမိုတင်းကျပ်လာခဲ့ခြင်းဖြစ်သည်။


ကာဇက်စတန် - တောင်-မြောက် လမ်းပန်းဆက်သွယ်ရေးစင်္ကြံ စီမံကိန်း (South-West Roads Project)

၂၀၀၉ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့ပြီး ရုရှားနယ်စပ်မှ တရုတ်နယ်စပ်အထိ "Western Europe-Western China" စင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၁၅-၂၀၁၆ ခုနှစ်ဝန်းကျင်တွင် အဓိကအပိုင်းများ ပြီးစီးခဲ့သည်။ ကမ္ဘာ့ဘဏ် (World Bank) ထံမှ အဓိကချေးငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်အစိုးရ (JICA) တို့လည်း ပူးပေါင်းပါဝင်သည်။ ကမ္ဘာ့ဘဏ်က ပံ့ပိုးပေးသော အပိုင်းအတွက်တင် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ကျော် ရှိသည်။ လမ်းနယ်နိမိတ်အတွင်း ကျရောက်သော ဒေသခံ လယ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ မြေယာ၊ အဆောက်အအုံများကို သိမ်းဆည်းသောအခါ အစိုးရက ကမ္ဘာ့ဘဏ်၏ အစားထိုးစရိတ် (Replacement Cost) စံနှုန်းအတိုင်း မပေးဘဲ ဒေသတွင်း ကာလပေါက်ဈေးထက် အလွန်နည်းပါးသော လျော်ကြေးငွေကိုသာ ဖြတ်တောက် ပေးခဲ့သည်။ ထိခိုက်ခံရသူများက ကမ္ဘာ့ဘဏ်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ( Inspection Panel)ထံ တိုင်ကြားခဲ့သည်။ ကမ္ဘာ့ဘဏ်က လမ်းပိုင်းအချို့ ဖောက်လုပ်မှုကို ဆိုင်းငံ့ခိုင်း ခဲ့ပြီး၊ အစိုးရအနေဖြင့် ပြည်တွင်း မြေသိမ်း ဥပဒေကို ကျော်လွန်ကာ ကမ္ဘာ့ဘဏ်စံနှုန်းအတိုင်း လျော်ကြေးငွေ ထပ်မံဖြည့်စွက်ပေးရန်အတွက်  ဖိအားပေး အရေးယူခဲ့ရသည်။


ဆာမိုအာ - ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေးစီမံကိန်း (Land Transport Sector Procurement)

၂၀၀၀ ပြည့်လွန်နှစ်များ နောက်ပိုင်း (၂၀၀၇) ခုနှစ် မှ စတင်ကာ ၂၀၁၀ ကျော် ကာလများအထိ အဆင့်ဆင့် (Phase I, Phase II) အကောင်အထည်ဖော်ခဲ့သည်။ ကမ္ဘာ့ဘဏ် (World Bank) ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်း (IDA)၊ ဩစတြေးလျအစိုးရ (AusAID) နှင့် နယူးဇီလန်အစိုးရတို့မှ ငွေကြေး ကူညီထောက်ပံ့ခဲ့သည်။ စီမံကိန်းပမာဏအလိုက် ကနဦးတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ မှ သန်း ၄၀ ကြား ကုန်ကျခဲ့သည်။ ပစိဖိတ်ကျွန်းနိုင်ငံငယ် ဆာမိုအာ၏ မြေယာစနစ်မှာ ရိုးရာအကြီးအကဲများ ပိုင်ဆိုင်သော ဓလေ့ထုံးတမ်းမြေ (Customary Land) စနစ် ဖြစ်သည်။ လမ်းချဲ့ရန် မြေသိမ်းသောအခါ အစိုးရက ရိုးရာအကြီးအကဲများ၊ မိသားစု စုပေါင်းပိုင်ဆိုင်စနစ်များကို သေချာ ထည့်သွင်းမတွက်ချက်ဘဲ တရားဝင်အာဏာသုံး သိမ်းဆည်းရန် က​ြိုးစားခ့ဲသည္။ ဒေသခံများက ကမ္ဘာ့ဘဏ်၏ နစ်နာမှုတိုင်ကြားရေးစနစ် (Grievance Redress) ကို တိုင္က​ြားခ့ဲသည္။ ကမ္ဘာ့ဘဏ်မှ  စီမံကိန်း ရန်ပုံငွေကို ဆိုင်းငံ့ကာ လုပ်ငန်းများကိုရပ်တန့် လိုက်သည်။  အစိုးရဘက်မှ ရိုးရာစနစ်ကို အသိအမှတ်ပြုသော မြေယာလျော်ကြေးပေးမှု မူဘောင်အသစ် (Land Acquisition Resettlement Framework) ကို ကမ္ဘာ့ဘဏ်နှင့်အတူ ပြန်လည်ရေးဆွဲပြီးမှသာ စီမံကိန်းကို ဆက်လုပ်ခွင့် ရခ့ဲသည္။


ဗီယက်နမ် - ဟနွိုင်း မြို့ပြရထားလမ်းကြောင်း လိုင်း-၃ စီမံကိန်း (Hanoi Metro Rail System Project - Line 3)

၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ နည်းပညာနှင့် မြေယာလျော်ကြေး ပြဿနာများကြောင့် အကြိမ်ကြိမ်ကြန့်ကြာခဲ့ပြီး မြေပေါ်ပိုင်းလမ်းကြောင်း (Elevated section) ကို ၂၀၂၄ ခုနှစ်တွင် စတင်ပြေးဆွဲနိုင်ခဲ့ကာ မြေအောက်ပိုင်းလမ်းကြောင်းများကို ဆက်လက်တည်ဆောက်ဆဲဖြစ်သည်။ပြင်သစ်အစိုးရ၊ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (EIB) ထံမှ ခြေးငှမြေားရယူခ့ဲသညျ။ ကုန်ကျစာရိတ်မှာ ကနဦးခန့်မှန်းချက်ထက် များစွာမြင့်တက်ခဲ့ပြီး လက်ရှိတွင် စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ကျော် ရှိနေသည်။ မြေအောက်/မိုးပျံ ရထားလမ်းကြီး ဆောက်လုပ်ရာတွင် ဘူတာရုံမြား ဆောက်ရန် မြို့လယ်ကောင်ရှိ ဒေသခံ ပြည်သူများ၏ အိုးအိမ်နှင့် ဆိုင်ခန်းမြေနေရာများကို သိမ်းဆည်းခဲ့သည်။  ဗီယက်နမ်အစိုးရ၏ မြေယာလျော်ကြေးပေးမှုမှာ  ADB ၏  စံနှုန်းနှင့် မကိုက်ညီပေ။ ဆိုင်ခန်းပိုင်ရှင်များအား နေရာရွှေ့ပြောင်းခိုင်းရာတွင် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ပေးမှု (Income Restoration) အပိုင်းတွင် စံနှုန်းအတိုင်း မလုပ္ဆောင္ခ့ဲပေ။နစ္နာသူများက ADB ၏  နစ်နာမှုတိုင်ကြားရေးစနစ် (Accountability Mechanism) ထံ တိုင်ကြားခဲ့သည်။ ADB က  ချေးငွေထုတ်ပေးမှုကို ခေတ္တဆိုင်းငံ့ လိုက်သည်။ ထို့နောက် ADB က အစိုးရကို ဒေသခံများ၏ နစ်နာမှုများအတွက် "ပြုပြင်ပြင်ဆင်ရေး လုပ်ငန်းစီမံချက်" Corrective Action Plan) ကို မဖြစ်မနေ ရေးဆွဲခိုင်းပြီး၊ စံနှုန်းအတိုင်း လျော်ကြေးငွေ ထပ်မံဖြည့်စွက်ပေးခြင်းနဲ့ စီးပွားရေး ပြန်လည်ထူထောင်ပေးခြင်းများကို မျက်ခြေမပြတ် စောင့်ကြည့်ပြီးမှသာ စီမံကိန်းကို ရှေ့ဆက်ခွင့် ပြုခဲ့သည်။



၃။ သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြရွှေ့ပြောင်းနေရာချထားရေးစီမံကိန်းများ


အိန္ဒိယနိုင်ငံ - နာမာဒါ မြစ်ဝှမ်း ဆည်စီမံကိန်း (Sardar Sarovar - Narmada Dam Project)

၁၉၈၇ ခုနှစ်တွင် ပန္နက်ရိုက် စတင်တည်ဆောက်ခဲ့သော်လည်း ဒေသခံများရွှေ့ပြောင်းရမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကန့်ကွက်မှုများ၊ တရားရုံးအငြင်းပွားမှုများကြောင့် ဆယ်စုနှစ်ချီ ကြန့်ကြာခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင်မှ ဝန်ကြီးချုပ် မိုဒီက တရားဝင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ငွေကြေးအကူအညီကို ကနဦးတွင် ကမ္ဘာ့ဘဏ်က ကူညီရန် သဘောတူခဲ့သည်။ ဆည်ဆောက်ရန် ဒေသခံ တိုင်းရင်းသား သောင်းချီကာ ၎င်းတို့၏ မြေယာကို ဆုံးရှုံးခ့ဲရသောျလညျး  သေချာစနစ်တကျ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ ထှကျပေါျမလာခ့ဲပေ။ ဤသို့ဖြင့် ပြဿနာများဖြစ်ပွားလာခ့ဲသည္။ ကမ္ဘာ့ဘဏ်က ခန့်အပ်ထားသော သီးခြားလွတ်လပ်သော ကော်မရှင် (Morse Commission) က စစ်ဆေးချက်တွင်  စံနှုန်းများကို အစိုးရကော ဘဏ်ကိုယ်တိုင်ပါ ချိုးဖောက် ခ့ဲသည္ကိုတွေ့လာရသည္။  ဘဏ်က ချေးငွေများကို ရပ်ဆိုင်းရန် ပြင်ဆင်သောအခါ အိန္ဒိယအစိုးရက အရှက်ရပြီး ကမ္ဘာ့ဘဏ်ဆီက ချေးငွေကျန်ရှိသမျှကို  ပယ်ဖျက် လိုက်သည်။ လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့် ၁၉၉၃ တွင် ကမ္ဘာ့ဘဏ် နုတ်ထွက်သွားခဲ့သဖြင့် အိန္ဒိယအစိုးရနှင့် ပြည်နယ်အစိုးရများက ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ဆက်လက်ရုန်းကန်ကာတည်ဆောက်ခဲ့ရကာ အခက်အခဲများ လူမှုရေးမတည်ငြိမ်မှုများက ရှိနေ ခ့ဲသညျ။ စုစုပေါင်း စီမံကိန်းကုန်ကျစရိတ်မှာ ရူပီးငွေ ဘီလီယံချီ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံနီးပါး) ရှိခဲ့သည်။


ကမ္ဘောဒီးယားနိုင်ငံ - ဘိုးအန်ကတ် ကန်ဧရိယာ စီမံကိန်း (Boeung Kak Lake Resettlement)

၂၀၀၇ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရက ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ကန်ဧရိယာကို မြေဖို့ပြီး မြို့ပြဖော်ဆောင်ရန် နှစ် ၉၉ နှစ် ဂရန်ပေးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စတင်မြေဖို့ခဲ့ရာ ဒေသခံများ အဓမ္မရွှေ့ပြောင်းခံခဲ့ရသည်။ စီမံကိန်းအား ကမ္ဘာ့ဘဏ်၏ မြေယာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အစိုးရနှင့် ကုမ္ပဏီက ကန်ဘေးရှိ အိမ်ခြေ ၄,၀၀၀ ကျော် (လူဦးရေ ၂ သောင်းနီးပါး) ကို ကမ္ဘာ့ဘဏ်၏ ESS စံနှုန်းအတိုင်းမဟုတ်ဘဲ အတင်းအကျပ် အိမ်ဖျက်ခိုင်းကာ မတန်တဆ လျော်ကြေးအနည်းငယ်ဖြင့် မောင်းထုတ်ခဲ့သည်။ သို့ဖြင့်၍ ၂၀၁၀ ပြည့်လွန် ကာလများအထိ အငြင်းပွားမှုများ ပြင်းထန်နေခဲ့သညျ။ကမ်ဘောဒီးယား အာဏာရပါတီနှင့် နီးစပ်သော Shukaku Inc. ပုဂ္ဂလိကကုမ္ပဏီ နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့အချို့က ငွေကြေးစိုက်ထုတ်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်က ဒေသခံများနေရာချထားရေးအတွက် အကူအညီပေးရန် ကြိုးပမ်းခဲ့သည်။ ကမ္ဘောဒီးယားအစိုးရဘက္မှ မြေသိမ်းခံရသော ဒေသခံများနှင့် ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေးမှု မရှိမချင်း ကမ္ဘောဒီးယားနိုင်ငံအတွက် ပေးမယ့် ကမ္ဘာ့ဘဏ်၏ အခြား ချေးငွေသစ် အားလုံးကို လုံးဝရပ်ဆိုင်းကြောင်း၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌကိုယ်တိုင်က ကြေ ငြာခ့ဲသည္။ ကနဦး မြေငှားရမ်းခ သဘောတူညီချက္မှာ အမေရိကန်ဒေါ်လာ ၇၉ သန်း မျှသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် မြို့ပြစီမံကိန်း ဖွံ့ဖြိုးရေးကုန်ကျစရိတ်များ ထပ်မံရှိခဲ့သည်။ ကမ္ဘာဘဏ်၏ဒဏ်ခတ်မှုကြောင့် အစိုးရမှာ ဖိအားအောက္ရောကျခ့ဲရပြီး နောက်ဆုံးတွင် ဒေသခံအချို့ကို မြေကွက်ပြန်ပေးပြီး တရားဝင် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ထုတ်ပေးခဲ့ရတော့သည်။



ဥဇဘက်ကစ္စတန် - ရေရှည်တည်တံ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း (Sustainable Rural Development Project)

၂၀၂၁-၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့ပြီး အစိုးရ၏ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး မူဝါဒအရ ၂၀၂၅-၂၀၂၆ ခုနှစ် အထိ အဆင့်ဆင့် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသော စီမံကိန်းဖြစ်သည်။ အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ် (IsDB) နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ (IFAD) တို့မှ အဓိက ချေးငွေနှင့် ထောက်ပံ့ငွေ ပေးအပ္ခ့ဲသည္။ ကုန်ကျစာရိတ် ရန်ပုံငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် (ခန့်မှန်းခြေ ဒေါ်လာ ၃၃၈ သန်းဝန်းကျင်) လျာထားသည်။ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) က ရန်ပုံငွေပေးထားသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဒေသခံ လယ်သမားများ၏ မြေယာများကို လျော်ကြေးစနစ်တကျမပေးဘဲ သိမ်းဆည်းခဲ့သည်။အစိုးရက စိုက်ပျိုးမြေများကို အတင်းအကျပ် ပြန်လည်သိမ်းယူကာ တခွားသီးနှံပွောငျးစိုကျခိုငျးခ့ဲသညျ။  ဒေသခံများက ADB  တိုင်ကြားစာ န္တရား (Accountability Mechanism) ထံ တိုင္တန်းခ့ဲသည္။ ADB က စီမံကိန်း ရန်ပုံငွေ အချို့ကို ချက်ချင်းဆိုင်းငံ့ ခဲ့ပြီး အစိုးရဘက္မှ မြေသိမ်းခံရသူများကို စံနှုန်းအတိုင်း အစားထိုးမြေ သို့မဟုတ် လျော်ကြေး အပြည့်အဝ ပြန်ပေးရန် ဖိအားပေး ဖြေရှင်းခိုင်းခဲ့သည်။


ဆက်ရန်



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်