မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- နိဂုံး

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- နိဂုံး


 ဤအပိုင်းတွင် ဖွံ့ဖြိုးရေးစီမံကိန်းများ၌ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ အရေးယူချက္များ၊ လွဲချော္မှုများနှင့္ ကြွေးမြီထောင်ချောက္များဆိုင္ရာ ဖြစ်စဉ်များကို ဖော္ပြထားပါသည္။


၄။ သတ္တုတွင်း၊ စွမ်းအင်နှင့် အခြားအကြီးစားစီမံကိန်းများ


မက်ဒါဂတ်စကာနိုင်ငံ - အမ်ဘာတိုဗီ နီကယ်နှင့် ကိုဘော့ သတ္တုတွင်းစီမံကိန်း (Ambatovy Nickel Project)

၂၀၀၇ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပထမဆုံး စီးပွားဖြစ် နီကယ်ကို စတင်ထုတ်လုပ်နိုင်ခဲ့သည်။နိုင်ငံတကာလုပ်ငန်းစုကြီးများ (ဂျပန်နိုင်ငံ Sumitomo Corporation၊ ကနေဒါနိုင်ငံ Sherritt International နှင့် တောင်ကိုရီးယားလုပ်ငန်းစုများ) ၏ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နိုင်ငံတကာဘဏ်များ စုပေါင်းအဖွဲ့ (Consortium of international banks) က ချေးငွေပံ့ပိုးခဲ့သည်။ မက္ဒါဂတ်စကာ သမိုင်းတွင် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ဝန်းကျင်အထိ ရှိခဲ့သည်။ မက်ဒါဂတ်စကာကျွန်းပေါ်က အကြီးစား သတ္တုတွင်းစီမံကိန်းကြီးအား ကမ္ဘာ့ဘဏ်အုပ်စုဝင် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရန်ပုံငွေ စိုက်ထုတ်ခဲ့သည်။ သတ္တုတွင်းဆောက်ရန်နှင့် ပိုက်လိုင်းသွယ်ရန်အတွက် ဒေသခံ လယ်သမား ထောင်ပေါင်းများစွာ၏ မြေများကို သိမ္းယူခ့ဲသည်။ ပေးသော လျော်ကြေးငွေမှာ နည်းလွန်းပြီး ရွှေ့ပြောင်းပေးသော နေရာသစ်များတွင် လယ်ယာနှင့် သီးနှံ့ စိုက်ပျိုးမရသောမြေ (Poor Soil Quality) များသာ ဖြစ်နေ ခ့ဲသည္။ (IFC) ၏ သီးခြားလွတ်လပ်သော အကြံပေးအဖွဲ့ (CAO) က ဝင်ရောက်စစ်ဆေးခဲ့ရာ စီမံကိန်း၏ မြေသိမ်း၊ လူရွှေ့ပြောင်း နေရာချထားမှုများတွင် စံနှုန်းချိုးဖောက်ထား၍ ဘဏ်ဘက်က ထပ်မံထုတ်ပေးမည့် ချေးငွေအရစ်ကျများကို ဆိုင်းငံ့ ခဲ့သည်။ အစိုးရနှင့် ကုမ္ပဏီများကို ဒေသခံများအတွက် စိုက်ပျိုးရမည့် မြေယာကောင်းများ ပြန်ရှာပေးရန်နှင့် ရေရှည်အသက္မွေးဝမ်းကျောင်း သင်တန်းများ မဖြစ်မနေ ပေးရန် ရာဇသံပေး စေခိုင်းခဲ့ရတော့သည်။


ပီရူး (Peru) - ကာမီဆီယာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း (Camisea Gas Project)

၂၀၀၁ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ပထမအဆင့်ကို ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် တရားဝင် ဖွင့်လှစ်ကာ ဓာတ်ငွေ့များကို လီမာမြို့တော်သို့ ပိုက်လိုင်းဖြင့် ပို့လွှတ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဒုတိယအဆင့်များ ဆက်လက်တိုးချဲ့ခဲ့သည်။ Pluspetrol, Hunt Oil နှင့် SK Innovation စသည့် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများ၏ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ အမေရိကတိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ် (IDB) နှင့် နိုင်ငံတကာ ပို့ကုန်သွင်းကုန်ဘဏ်များက ငွေကြေးချေးငွေ ပံ့ပိုးပေးခဲ့သည်။ ကနဦးအဆင့် တည်ဆောက္မှုအတွက်တင် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ဝန်းကျင် ကုန်ကျခဲ့ပြီး နောက်ပိုင်း ကွန်ဆာဗေးရှင်းနှင့် တိုးချဲ့မှုများအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၄ ဘီလီယံ ထက္မနည်း ရှိခဲ့သည်။အမေဇုန်တောနက်ထဲမှ ပိုက်လိုင်းသွယ်တန်းသော စီမံကိန်းကြီး အစပိုင်းတွင် Inter-American Development Bank (IDB) နှင့် ကမ္ဘာ့ဘဏ်က ရန်ပုံငွေ စိုက်ထုတ်ရန် ပြင်ဆင်ခဲ့သေးသည်။  ပိုက်လိုင်းဖြတ်သန်းမည့် လမ်းကြောင်းရှိ ဌာနေတိုင်းရင်းသား မြေယာတွေကို သိမ်းဆည်းမှု၊ ပတ်ဝန်းကျင် ထိခိုက္မှု တို့တွင်နိုင်ငံတကာစံနှုန်းများကို လိုက်နာရန် စီမံကိန်းအကောင်အထည်ဖော်သူများက ပျက်ကွက်ခဲ့သည်။ ကမ္ဘာ့ဘဏ်၊ အမေရိကန် သွင်းကုန်-ပို့ကုန်ဘဏ် (US Ex-Im Bank) နှင့် နိုင်ငံတကာဘဏ်များက  ဒေါ်လာသန်း ရာချီ ချေးငွေလျှောက်ထားမှုကို လုံးဝ ငြင်းပယ် လိုက်တော့သည်။ အခြားနိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများကပါ ချေးငွေ ဆိုင်းငံ့ကာ သဘာဝပတ်ဝန်းကျင်နှင့် ဒသေခံများအတွက် မြေယာလျော်ကြေး ကိစ္စများကို စံနှုန်းအတိုင်း သေချာ ပြန်လည်ကုစားရန် ကာလရှည်ကြာ စောင့်ကြည့်စစ်ဆေးခြင်းများ ပ​ြုလုပ္ခ့ဲရသည္။


မက္ကဆီကို - အိုအာဆာကာ လေအားလျှပ်စစ်စီမံကိန်း (Oaxaca Wind Power Project / Marea Renovables)

၂၀၀၀ ပြည့်လွန်နှစ်များ နောက်ပိုင်းမှစ၍ အိုအာဆာကာပြည်နယ် Isthmus of Tehuantepec ဒေသတွင် လေအားလျှပ်စစ်ခြံကြီးများကို အဆင့်ဆင့် တည်ဆောက်ခဲ့သည်။ Marea Renovables စီမံကိန်းမှာမူ ၂၀၁၁-၂၀၁၂ ခုနှစ် ဝန်းကျင်တွင် စတင်ရန် ကြိုးပမ်းခဲ့သော်လည်း ဒေသခံ တိုင်းရင်းသားများ၏ ကန့်ကွက္မှုကြောင့် ရွှေ့ဆိုင်းပြင်ဆင်ခဲ့ရသည်။ အမေရိကတိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ် (IDB)၊ ကမ္ဘာ့ဘဏ်ခွဲ (IFC) နှင့် စပိန်ကုမ္ပဏီများ (ဥပမာ- Iberdrola၊ Acciona) အပါအဝင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ပါဝင္ခ့ဲသည္။ အိုအာဆာကာဒေသရှိ လေအားလျှပ်စစ်စီမံကိန်း စုစုပေါင်းအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရှိသည်။ (စီမံကိန်းတစ်ခုချင်းစီအလိုက် ဒေါ်လာသန်း ၂၀၀ မှ သန်း ၅၀၀ ကြား အသီးသီး ကုန်ကျခဲ့သည်)။ မက္ကဆီကိုတောင်ပိုင်း Oaxaca ပြည္နယ်တွင္ လက်တင်အမေရိက၌ အကြီးဆုံး လေအားလျှပ်စစ် တာဘိုင်ကွင်းပြင်ကြီး ဆောက်ရန် ပြင်ဆင္ခ့ဲသည္။ ဒေသခံ အင်ဒီယန်းဌာနေတိုင်းရင်းသား (Indigenous Peoples) များ၏ စိုက်ပျိုးမြေ၊ ငါးမွေး၊ ငါးဖမ်းစနစ်အသုံးပြု မြေယာများကို သိမ်းဆည်းခဲ့သည်။ သိမ်းဆည်းရာတွင်  ကမ္ဘာ့ဘဏ်၏ အခြေခံမူ ILO 169 အရ  FPIC (ကြိုတင်၍ အသိပေးပြီး လွတ်လပ်စွာ သဘောတူညီချက်ရယူခြင်း) မူဝါဒကို မလိုက်နာဘဲ မြေကို ကန်ထရိုက်စနစ်ဖြင့် အတင်းသိမ်းယူခဲ့သည်။ ဒေသခံ တိုင်းရင်းသားများကအပြင်းအထန် ကန့္ကွက္ဆန္ဒပြမှုကြောင့္ ဘဏ်များက စုံစမ်းစစ်ဆေးရေးအဖွဲ့များ စေလွတ္ခ့ဲရသည္။ စံနှုန်း ချိုးဖောက္မှုကြောင့္ IFC နှင့် IDB ဘဏ် ဘက္မှ ဒေါ်လာသန်းပေါင်း ရာချီချေးငွေအားလုံးကို ရပ်ဆိုင်းလိုက္သည်။ နိုင်ငံတကာ ရန်ပုံငွေ မရသောကြောင့် အဆိုပါ အကြီးစား စီမံကိန်းကြီးတစ်ခုလုံး လုံးဝ ပျက်စီးပြီး ရပ်ဆိုင်းသွားခဲ့ရသေးသည်။



အီဂျစ် - နိုင်းမြစ်ဝှမ်းစီမံကိန်းများနှင့် မြို့ပြချဲ့ထွင်ခြင်း / New Administrative Capital (မြို့တော်သစ်စီမံကိန်း)

ကမ္ဘာ့အကြီးဆုံး မြို့ပြစီမံကိန်းကြီးတစ်ခုဖြစ်ပြီး ကိုင္ရိုမြို့ အရှေ့ဘက်တွင် ၂၀၁၅ ခုနှစ်၌ စတင်တည်ဆောက်ခဲ့သည်။ ၂၀၂၀ ကျော်ကာလများမှစ၍ အစိုးရရုံးစိုက်ရာဌာနများကို တဖြည်းဖြည်း ရွှေ့ပြောင်းလျက်ရှိပြီး လက်ရှိအချိန်အထိ အဆင့်ဆင့် ဆက်လက်တည်ဆောက်ဆဲ ဖြစ်သည်။ အီဂျစ်စစ်တပ်နှင့် အိမ်ရာဝန်ကြီးဌာနတို့ ပူးပေါင်းထားသည့် ACUD ကုမ္ပဏီက အဓိက တာဝန်ယူသည်။ တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေးကုမ္ပဏီ (CSCEC) က ကူးသန်းရောင်းဝယ်ရေးဇုန် (CBD) အတွက် တရုတ်ဘဏ်များထံမှ ချေးငွေဖြင့် ကူညီတည်ဆောက်ပေးနေပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ထံမှ ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်သည်။ စီမံကိန်းတစ်ခုလုံး၏ စုစုပေါင်းကုန်ကျစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံမှ ဘီလီယံ ၆၀ ဝန်းကျင်အထိ ရှိမည်ဟု တွက်ချက်ထားသည်။ မြို့တော်သစ်စီမံကိန်း (NAC) အား အစိုးရက ကန္တာရမြေလွတ်ပေါ်တွင်သာ တည်ဆောက်နေသည်ဟု ဆိုထားသော်လည်း စီမံကိန်းနှင့် ဆက်စပ်သောလမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံနှင့် နိုင်းမြစ်ဝှမ်း တိုးချဲ့စီမံကိန်းများကြောင့် မြေပြင်တွင် ဒေသခံများ ဖိအားပေး ရွေ့ပြောင္းခံခ့ဲရသည္။ မြို့တော်သစ်နှင့် ကိုင်ရိုမ​ြို့ဟောင္းကို ဆက်သွယ်သော မိုနိုရထားလမ်း (Monorail) စီမံကိန်း၊ လမ်းမကြီးများ တိုးချဲ့ခြင်းနှင့် မြို့ပြအဆင့်မြှင့်တင်ရေး နယ္မြေများတွင္ ပါဝင်နေသော ရပ်ကွက်ဟောင်းတချို့မှ ပြည်သူများကို အစိုးရက "တရားမဝင် ကျူးကျော်သူများ" အဖြစ် သတ်မှတ်ပြီး ဖယ်ရှားခဲ့သည်။ ဖယ်ရှားခံရသူ အချို့ကို အစိုးရက မြို့ပြင်က အိမ္ရာတိုက္ ခန်းများတွင် နေရာပြန်ချပေးသည်ဟု ဆိုသော်လည်း ဒေသခံအများစုက နစ်နာကြေး လုံလောက်စွာမရခြင်း၊အသက္မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခြင်းတို့ ဖြစ်လာခ့ဲသည္။ မြို့တော်သစ်တည်ဆောက္မည့် မြေနေရာနှင့် ပတ်ဝန်းကျင်များရှိ မြေရိုင်းများအား စစ်တပ်ပိုင်အဖြစ် လွှဲပြောင်းပေးခဲ့ကာ မြေယာ ကိစ္စရပ်တွင် စစ်တပ်အာဏာ ကို ရောထွေးလိုက်သည်။ ထို့ကြောင့် ထိုနေရာများတွင္ရှိနေနိုင်သော ဒေသခံ ခြေသလုံးအိမ်တိုင် သိုးထိန်း ဘီဒိုအင်း (bedouin) လူမျိုးစုများမှာ ရိုးရာမြေယာပိုင်ဆိုင်အသုံးချမှုအား ဥပဒေအရ ဆုံးရှုံးခဲ့ရသည်။ အီဂျစ်နိုင်ငံ တစ်နိုင်ငံလုံး၏ ရေချိုလိုအပ်ချက် ၉၀% ကျော္အတွက္နိုင်းမြစ် (Nile River) တစ်ခုတည်းမှ ရယူနေရသည်။ လက်ရှိတွင် လူဦးရေ ထူထပ်လွန်း၍ ရေရှားပါးမှု အကျပ်အတည်း (Water Scarcity) နဲ့ ရင်ဆိုင်နေရသည်။ ဤ မြို့သစ္ စီမံကိန္းကြီးက ရေရှားပါးနေသော စိုက်ပျိုးရေးလုပ်ကိုင်သူ လယ်သမားများ၏ ရေဝေစုကို လုယူသလို ဖြစ်နေသည်။  နိုင်းမြစ်ရေ မလုံလောက္မှုအပေါ် ဖြေရှင်းရန် အီဂျစ်အစိုးရက ပင်လယ်နီ (Red Sea) က ရေကို သန့်စင်ပြီး မြို့တော်သစ်ဆီ ပို့ပေးရန် စီမံကိန်းမှာလည်း ကုန်ကျစရိတ် အလွန်ကြီးမားကာ နိုင်ငံကို စီးပွားရေးအရ ပိုမို ကြွေးမြီပိစေမည်ဖြစ်သည်။ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေသော အီဂျစ္ တွင္ သာမန်ပြည်သူတွေ လက်လှမ်းမမီနိုင်သော ဇိမ်ခံမြို့ပြကြီးကို ဒေါ်လာ ဘီလီယံချီ သုံးစွဲတည်ဆောက်နေခြင်းဖြစ်သည်။ မြို့တော်သစ်စီမံကိန်းသည် ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများ၏ တိုက်ရိုက်ချေးငွေဖြင့် လည်ပတ်နေခြင်း မဟုတ်သောကြောင့် ESS မူဝါဒအရ တရားဝင် အရေးယူခံရမှု မရှိပါ။ သို့သော်လည်း တိုင်းပြည်၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေသည့်အတွက် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ၏ စီးပွားရေးအရ စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဝေဖန်ကန့်ကွက်ခြင်းများကိုမူ အပြင်းအထန် ရင်ဆိုင်နေရဆဲ ဖြစ်သလို အချိန်မရွေး ပဋိပက္ခများဆီကို ပြန်လှည့်သွားနိုင်သော အခြေအနေတွင္ရှိနေသည္။


သီဟိုဠ်- ဟမ်ဘန်တိုတာ ဆိပ်ကမ်း စီမံကိန်း (Hambantota Port) 

ဟမ်ဘန်တိုတာ ဆိပ်ကမ်း စီမံကိန်းမှာ သီရိလင်္ကာ၏ အထင်ရှားဆုံးနှင့် သင်ခန်းစာအယူရဆုံး စီမံကိန်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ချေးငွေ၊ တရုတ်ကုမ္ပဏီများ၏ အကူအညီဖြင့် သမ္မတ ရာဂျာပက်ဆာ၏ ဇာတိမြေတွင္ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းနှင့် ၎င်းပတ်ဝန်းကျင် စက်မှုဇုန်အတွက် ဧကသောင်းချီ မြေယာများကို အစိုးရက သိမ်းဆည်းခဲ့ရာ ဒေသခံ လယ်သမားများ၊ ကျေးရွာသားများနှင့္ ဘုန်းတော်ကြီးများက အပြင်းအထန် ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး သွေးထွက်သံယိုမှုများအထိ ရှိခ့ဲသည္။ ဟမ်တန်တိုတာ ဆိပ်ကမ်း စီမံကိန်းမှ အစိုးရ ရလိုက်သည်မှာ နိုင်ငံတကာ ဖိအားနှင့် အကျိုးဆက် ကြွေးမြီထောင်ချောက္ (Debt-Trap) သာဖြစ်သည္။ စီမံကိန်းကနေ ဝင်ငွေမရ၊ တရုတ်ကို အကြွေးပြန်မဆပ်နိုင်သောအခါ IMF အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများက သီရိလင်္ကာကို စီးပွားရေးအရ ဖိအားပေးတော့သည်။ နောက္ဆုံးတွင္ ဟမ်ဘန်တိုတာဆိပ်ကမ်းနှင့် ပတ်ဝန်းကျင်မြေများကို တရုတ်ကုမ္ပဏီထံ (၉၉ နှစ်) ငှားရမ်းပြီး အကြွေးဆပ်ခဲ့ရသည်။ ဤအချက်က တရုတ်၏ "မြှောက်ပင့်အကြွေးတင်ထောင်ချောက် သံခင်းတမန်ခင်း (Debt-Trap Diplomacy)"၏ သားကောင်အဖြစ် သီဟိုဠ်ကို မြင်နိုင်သည်။ 


သီဟိုဠ်- ကိုလံဘို ဆိပ်ကမ်းမြို့တော် စီမံကိန်း (Port City Colombo)

ကိုလံဘို ဆိပ်ကမ်းမြို့တော် စီမံကိန်း (Port City Colombo) မှာကိုလံဘိုမြို့ ကမ်းလွန်ပင်လယ်ပြင်ကို မြေဖို့ပြီး ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးမြို့တော်သစ်ကြီး အဖြစ် ဒေါ်လာ ၁.၄ ဘီလီယံစီမံကိန်းကြီး ဖြစ်သည်။ ပင်လယ်ရေအောက် သဲတန်ချိန် သန်းပေါင်းများစွာကို စုပ်ယူပြီး မြေဖို့သည့်အတွက္ ကမ်းရိုးတန်း ဂေဟစနစ် ပျက်စီးခြင်း၊ ငါးဖမ်းကွက္များ ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ဒသေခံများနှင့္ ညှိနှိုင်းမှုမရှိဘဲ လုပ်ဆောင်ခဲ့၍ အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။  ၂၀၁၅ ခုနှစ်တွင် အစိုးရအပြောင်းအလဲ ဖြစ်သည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စံနှုန်း (EIA) မကိုက်ညီမှု၊ နိုင်ငံတကာ ဥပဒစေံနှုနျးမြားနှင့် မညီညွတ်မှုကြောင် နိုင္ငံတကာနှင့် ပြည္်တွင္းဖိအားအောက်တွင္ စီမံကိန်းကို တစ်နှစ်နီးပါး တရားဝင် အမိန့်ထုတ်ပြီး ရပ္ဆိုင္းခဲ့ရသည်။ နောက်ပိုင်းမှ စာချုပ်အသစ်ပြန်ချုပ်ပြီး ဆက်လုပ်ခွင့်ရခ့ဲခြင်းဖြစ်သည်။ စီမံကိန်းများ အကောင္အထည္ဖော်ရာတွင္ ဆန္ဒပြသူများကို နှိမ်နင်းခြင်း၊ အတင်းအကျပ် မြေသိမ်းခြင်း စသည့် လူ့အခွင့္အရေးချိုးဖောက္မှုများကြောင့္ သီရိလင်္ကာတစ်နိုင်ငံလုံးအပေါ် အရေးယူမှု ကို အီးယူ (EU) က ပြုလုပ္တော့သည်။  ဥရောပသမဂ္ဂ (EU)က  သီရိလင်္ကာက ဥရောပကို တင်ပို့သော အထည္အလိပ္နှင့် ကုန်ပစ္စည်းများအပေါ် ပေးထားသော GSP+ အခွန်သက်သာခွင့်ကို နှစ်ရှည်လများ ရုပ်သိမ်းကာ အရေးယူခဲ့သည်။ ဤအချက်က သီရိလင်္ကာ စီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်စေ ခ့ဲရသည္။


ဘိုလီးဗီးယား- ကိုချာဘမ်ဘာ ရေအရေးအခင်း (Cochabamba Water War - ၂၀၀၀ ခုနှစ်)

ဤပြဿနာမှာ မြေသိမ်းဆည်းခြင်းထက် " ရေ အရင်းအမြစ်သုံးစွဲမှု ဆိုင်ရာ အခြေခံဝန်ဆောင်မှုများ ကို ပုဂ္ဂလိကပိုင်ပြုခြင်း" ကြောင့် ဖြစ်ပွားခဲ့သော လူထုအုံကြွမှု ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ဖိအားပေးမှုဖြင့် ဘိုလီးဗီးယားအစိုးရသည် ကိုချာဘမ်ဘာမြို့ရှိ ရေပေးဝေရေးစနစ်ကို နိုင်ငံခြားကုမ္ပဏီတစ်ခုထံ ရောင်းချခဲ့သည်။ ကုမ္ပဏီက ရေခွန်နှုန်းထားကို အဆမတန် မြှင့်တင်လိုက်သဖြင့် ဆင်းရဲသားလူထုမှာ ရေမဝယ်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားသည်။ လူထုက လမ်းမပေါ်ထွက် ဆန္ဒပြကြရာမှ အကြမ်းဖက္မှုများ ဖြစ်ပွားခဲ့ပြီး အစိုးရအနေဖြင့် ပုဂ္ဂလိကပိုင်ပြုခြင်းကို ရုပ်သိမ်းခဲ့ရသည်။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ (IMF/World Bank) အနေဖြင့် ဒေသခံလူထု၏ လူမှုဘဝနှင့် လက်တွေ့အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မူဝါဒများကို အတင်းအကျပ် ပုံသွင်းခြင်းသည် ကြီးမားသော လူမှုရေးမတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ကမ္ဘာ့အဆင့်တွင် နာမည်ပျက်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။


ဘိုလီးဗီးယား- TIPNIS လမ်းမကြီး စီမံကိန်း (၂၀၁၁ ခုနှစ်)

ဤစီမံကိန်းမှာ ဘိုလီးဗီးယားတွင်  "မြေသိမ်းဆည်းခြင်းနှင့် အခြေခံအဆောက်အအုံ စီမံကိန်း" တို့နှင့် တိုက်ရိုက်သက်ဆိုင်သော စီမံကိန်း ဖြစ်သည်။ အစိုးရက တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (TIPNIS) ကို ဖြတ်သန်းမည့် အဝေးပြေးလမ်းမကြီးတစ်ခုကို ဖောက်လုပ်ရန် စီစဉ်ခဲ့သည်။ ဤလမ်းမကြီး စီမံကိန်းက တိုင်းရင်းသားလူမျိုးများ၏ ဘိုးဘွားပိုင်မြေများကို ထိခိုက်စေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမည်ဟု ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ အစိုးရက လူထု၏ သဘောတူညီချက္မယူဘဲ အဓမ္မတည်ဆောက်ရန် ကြိုးပမ်းသဖြင့် ကြီးမားသည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ၏ အာရုံစိုက္မှုကို ရရှိခဲ့သည်။ နောက်ဆုံးတွင် အစိုးရအနေဖြင့် လမ်းမကြီးစီမံကိန်းကို ဆိုင်းငံ့ခဲ့ရပြီး၊ တိုင်းရင်းသားများ၏ မြေယာအခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေဖြင့် အကာအကွယ်ပေးရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။


ဤ ဖြစ်စဉ်များက ရခိုင်ဒေသအတွက္ အချောင်နှိုက် စီးပွားရေးဒဏ်ရာနှင့္ မြေယာဆိုင်ရာ ကျိမ်စာမသင့်စေရန် တနည်းတဖုံ အထောက်အကူဖြစ်စေလိမ့်မည္ဟု .........။


ပြီး

Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်