Posts

Showing posts from February, 2025

လိပ်ပြာတောင်ပံခတ်ခြင်း သီအိုရီ (Butterfly Theory)

 လိပ်ပြာတောင်ပံခတ်ခြင်း သီအိုရီ (Butterfly Theory) ရခိုင်ပြည်၏ စီးပွားရေးပြိုလဲမှုကို ကြည့်ပါက စကစ၏ စီးပွားရေးပိတ်ဆို့မှုသည်လည်း အဓိကအချက်များထဲတွင်ပါဝင်သည်။ သို့ရာတွင် စကစမွ စီးပွားရေးပိတ်ဆို့ခြင်းတစ်ခုတည်းကိုတော့ လက်ညိုးထိုးနေ၍မရပေ။ ဤသို့ပိတ်ဆို့မှုကို မည်သို့ကျော်ဖြတ်မည်ဆိုသည့် အစီအစဉ်မျိုးကို ရှာရပေလိမ့်မည်။ ULA/AA အနေဖြင့် စကစ၏ စီးပွားရေးပိတ်ဆို့မှုကို ရင်ဆိုင်နိုင်သော်လည်း သာမန်အောက်ခြေလူထုမှာကား ခံနိုင်ရည်မရှိနိုင်ချေ။ ဤအချက်သည် ရခိုင်ပြည်ဘက်မှ ပြည်မဘက်ကို စီးပွားရေးနှင့် အခြားအခြေခံအဆောက်အအုံများကို မှီခိုမှုအများအပြားရှိနေသောကြောင့်ဖြစ်သည်။ ထိုသို့မှီခိုနေရမှုများနေစေရန်လည်း နိုင်ငံရေးစနစ်အရ သွပ်သွင်းခြင်းခံထားရသည်။ ဤသည်များက လက်ရှိပေးထားချက်များပင်ဖြစ်သည်။  ရခိုင်ပြည်၏ စီးပွားရေးဂဏ္႑အတွက်  ရခိုင်ပြည်သူတစ်ဦးချင်းတွင် တာဝန်ရှိသည်။ ပြည်သူတစ်ဦး၏ တာဝန္ကို ကိုယ်စားပြု၍ စီမံခန့်ခွဲခွင့်အာဏာကို တက်လှမ်းလာသော ULA/AA တွင် တာဝန်နှစ်ဆ ပိုရှိသည်။  လက်ရှိစစ်ရေးအခြေအနေတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ULA/AA သည် လူထုကို ဝန်ဆောင်မှုမပေးနိုင်သေးပေ။ ဝန်ဆောင်မှုမ...

ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင်လူ့အဖွဲ့အစည်း -6 လက်ဝါးကြီးအုပ်စနစ် ဖြစ်ပေါ်သနည်းဆိုသည်ကို ဆက်လက်ဖေါ်ပြပါမည်။ ဥပမာ ရပ်ရွာ ဒေသတစ်ခု၌ အမဲအတွက် လေလံဆွဲသည် ဆိုပါစို့။ အမှန်တကယ် လေလံ ဝင်ဆွဲမည့်သူတွင် ထိုအမဲကို ၎၏ ကိုယ်ပိုင်သွင်းအားစုဖြင့် ထုတ်လုပ်နိုင်သော အခြေအနေရှိ/မရှိကို ဆန်းစစ်ရမည်ဖြစ်သည်။ လူပိန်းနားလည်အောင် ပြောရပါလျှင် အမဲလေလံဆွဲမည့်သူတွင် ကိုယ်ပိုင် အမဲ၊ ဝက် မွေးမြူရေး ရှိသလားဟူသော အခ်က္ကို အရင်ဆန်းစစ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အျခားသူ၏ သွင်းအားစုဖြင့် မွေးထားသော အမဲ၊ ဝက်များကို ဝယ္ကာ ရောင်းမည်ဆိုပါက လေလံ၏ တရားနည်းလမ်း မကျတော့ချေ။ အဘယ်ကြောင့်ဆိုသော် လေလံမဆွဲသော သူတစ်ဦးက သူ့၏ သွင်းအားစုဖြင့် မွေးမြူထားသော အမဲ၊ ဝက္ကို သူဖာသာသူ ရောင်းချခွင့်ရှိသည်။ ထိုရောင်းချခွင့်အား လေလံအောင်သူက မောင်ပိုင်စီးသလို ဖြစ်သွား၍ ဖြစ်သည်။ အမဲ၊ဝက် ကို အမှန်တကယ်မြေပြင် အခြေအနေတွင် ရပ်ရွာအနေအထားအရ ဆီလျော်သော ဈေးနှုန်းတစ်ခုကို သတ်မှတ်၍ ထိုဈေးနှုန်းအတိုင်း မည်သူမဆို ရောင်းချခွင့် ပေးသင့်သည်။ တစ်ခုသာရှိသည်။ ရပ်ရွာအနေအထားအရ ဈေးနှုန်းသတ်မှတ်သည့် အာဏာပိုင်သည် အမှန်တကယ် အမဲ၊ ဝက် ဝယ္လိုအား ဈေးနှုန်း၊ သွင်းအားစု ...

ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

ထုတ်ကုန်မ့ဲ သို့မဟုတ် ထုတ်ကုန်နည်းသော ရခိုင်လူ့အဖွဲ့အစည်း-5 - ဘဏ်အဆင့်မဟုတ်လျှင်တောင် ငွေသားကုန်ခမ်းပြတ်မှုကို ဖြေရှင်းရန် ULA/AA၊ APRG တွင် ငွေသားသိုလှောင်ထားနိုင်မှုနှင့် ထိုသိုလှောင်ထားသော ငွေကြေးအား လူထုထံ အပံအပိုးပေးနိုင်သော ဒေသန္တရ ယန္တယားများ တည်ဆောက်နိုင်ပါမည်လား။ - အိန္ဒိယ၊ ဘင်္ဂလားတို့နှင့် ကုန်စည်ဖလှယ်နိုင်သော ဈေးကွက် ဖြစ်လာနိုင်မည်လား။ - ရခိုင်ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်း ဝယ်လိုအားမြင့်မားမှုကို ဆောင်ရွက်နိုင်မည်လား စသည့် တို့အား လက်ရှိအကဲဖြတ်လျှင် ဖြစ်နိုင်ရန်ခက်သည်ဟု ဝမ်းနည်းစွာ ကောက်ချက်ချရပါလိမ့်မည်။ လက်ရှိတွင် ULA/AA သည် ရခိုင်ပြည်၏ လက်ရှိ စီးပွားရေးဆိုင်ရာ လုပ်ရပ်များတွင် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သွင်းအားစုများဖြစ်သော - အရင်းအနှီးငွေကြေးအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု - လုပ်အားအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု - နည်းပညာအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု - ကုန်ကြမ်းပစ္စည်းအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု - ကုန်ထုတ်ပစ္စည်းကိရိယာအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု - သယ်ယူပို့ဆောင်ရေး အပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု - ဈေးကွက်အပေါ်တွင် အရင်းအနှီး ...

ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

 ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင်လူ့အဖွဲ့အစည်း-4 ဤသုံးချက်တွင် လက်တွေ့ဆန်သည့် ရခိုင်ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းဝယ်လိုအား မြင့်မားမှုကို ဆောင်ရွက်နိုင်မည်လား ဆိုသည့်အချက်ကို ပထမ ဆန်းစစ်ကြည့်မည်ဆိုလျှင် - ရခိုင်ပြည်တွင်း မည်သည့် ကုန်ထုတ်လုပ်မှုများရှိပါသနည်း ဆိုသည့်ဘက်ကို ပြန်ကြည့်ရန်လိုအပ်သည်။ ယေဘူယျအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း တို့ရှိကြသည်။ စိုက်ပျိုးရေးကိုကြည့်ပါက ဆန်စပါးစိုက်ပျိုးရေးသည် အဓိက ဖြစ်သည်။ ဆန္စပါး စိုက်ပျိုးရေး၏ သွင်းအားစုနှင့် ဈေးကွက် တို့၏ စီးပွားရေးဆိုင်ရာ လုပ်ရပ်များကို ကြည့်လျှင် လက်ရှိအာဏာပိုင်များသည်  - ငွေကြေးအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - လုပ်အားအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - နည်းပညာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - ကုန်ကြမ်းပစ္စည်းများဖြစ်သော မျိုးစပါး၊ ရေ ရရှိမှု၊ မြေသြဇာ၊ စိုက်ပျိုးမြေ၊ ကျွဲနွား စသည့် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - ကုန်ထုတ်ပစ္စည်းကိရိယာများဖြစ်သော လယ်ထွန်စက်၊ ရိတ်သိမ်းစက်၊ လောင်စာဆီ၊ လုပ်ငန်းသုံး ပစ္စည်းများ စသည့် အရင်းအနှီး အပံအပိုးမည်မျှရှ...

ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

 ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင် လူ့အဖွဲ့အစည်း-3 ရခိုင်ပြည်၏ လက်ရှိ စီးပွားရေးဆိုင်ရာ လုပ်ရပ်များတွင် အာဏာရှိသူများသည် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သွင်းအားစုများဖြစ်သော - ငွေကြေးအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - လုပ်အားအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - နည်းပညာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - ကုန်ကြမ်းပစ္စည်းအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - ကုန်ထုတ်ပစ္စည်းကိရိယာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ - သယ်ယူပို့ဆောင်ရေး အပေါ်တွင် အရင်းအနှီးအပံအပိုး မည်မျှရှိပါသနည်း။ - ဈေးကွက်အပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း ဆိုသော အချက်များက လက်ရှိ ရခိုင်ပြည်၏ စားဝတ်နေရေးကို အဖြေပေးပါလိမ့်မည်။ ရခိုင်ပြည်၏ လက်ရှိငွေကြေးအခြေအနေ ရခိုင်တွင် ဘဏ်လုပ်ငန်းများ မလည်ပတ်၍ ငွေသားပြတ်လတ်လာကြောင်း၊ kpay၊ waypay စသည့် online အေဂျင်စီများမှ ယခင်ထက် 3 ဆ မြင့်တက်နေကြောင်း Development Media Group မြ (7-4-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။ ငွေသားပြတ်လတ်လာခြင်းအား ကုန်ထုတ်လုပ်မှုနှင့် တိုင်းတာနိုင်သည်။ သကြားမထုတ်လုပ်နိုင်သောသူသည် သကြားထုတ်...

ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

 ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင် လူ့အဖွဲ့အစည်း-2 အခြေခံသဘောတရား (1) ထုတ်ကုန်မြင့်သော လူ့အဖွဲ့အစည်းသည် ချမ်းသာသည်။ ထုတ်ကုန်မ့ဲသော လူ့အဖွဲ့အစည်းသည် ဆင်းရဲသည်။  အခြေခံသဘောတရား (2) သကြားမထုတ်လုပ်နိုင်သောသူသည် အခြားလူထုတ်လုပ်ထားသော သကြားကို ဝယ်ရသည်။  အခြေခံသဘောတရား (3)  သွင်းအားစုနှင့် ဈေးကွက်သည် စီးပွားရေးဆိုင်ရာ လုပ်ရပ်များဖြစ်သည်။ အစိုးရများသည် ပြည်သူလူထု၏ စီးပွားရေးဆိုင်ရာ လုပ်ရပ်တစ်ခုချင်းစီကို အကာအကွွယ်နှင့် အရင်းအနှီး အပံံအပိုးမ်ား ပေးရန်တာဝန်ရှိသည်။ နိုင်ငံတကာ အဖွဲ့အစည်းများက လက်ရှိ ရခိုင်ပြည်၏ စီးပွားရေးကို မည်သို့ ခန့်မှန်းထားကြပါသနည်း။ ကမ်ဘာဘဏ်၊ ကုလသမဂ္ဂ မြ ပြောပြ နေသော လက်ရှိရခိုင်ပြည်၏ စီးပွားရေး အခြေအနေ လက်နက်ကိုင်ပဋိပက္ခတင်းမာမှုမြင့်တက်နေကာ ဘဝများနှင့် အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေကြောင်း၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက်ကိုထိခိုက်ကာ စီးပွားရေးမရေရာမှူကို ဖြစ်စေသည်ဟု ကမ်ဘာဘဏ်မှ ဒီဇင်ဘာလတွင် ထုတ်ပြန်ထားကြောင်း ဧရာဝတီသတင်းဌာနမှ  (22-12-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများက ရခိုင်ပြည်နယ်ရဲ့စီးပွားရေးသည် လုံးဝ...

ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

 ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း၊ ထုတ်ကုန်နည်းပါးလွန်းသော လူ့အဖွဲ့အစည်း -1 ကုန်ထုတ်လုပ်မှုများသော လူ့အဖွဲ့အစည်းတစ်ခုသည် ချမ်းသာသည်။ လူသားသမိုင်းကို ပြန်ကြည့်လျှင် ကျောက်ခေတ်ကာလသည် ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်းဖြစ်သည်။ ကျောက်ခေတ် လူတွင် မည်သည့် ကုန်ထုတ်လုပ်မှုမှ မရှိ။ အစာအတွက်လည်း ထုတ်ကုန်မရှိ၊ အဝတ်အထည်အတွက်လည်း ထုတ်ကုန်မရှိ၊ နေရန်အတွက်လည်း ထုတ်ကုန်မရှိ။ အစာအတွက် ထုတ်ကုန်မရှိ၍ အမဲထွက်လိုက်ရသည်။ ဝတ်ရန်အဝတ်အထည်မရှိ၍ ရာသီဥတုဒဏ်ခံရသည်။ နေစရာမရှိ၍ ကျောက်ဂူများတွင်နေရသည်။ ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်းသည် စားဝတ်နေရေးခက်ခဲ ပင်ပန်းသော လူအဖွဲ့အစည်းဖြစ်သည်။ မြေရှင်ပဒေသရာဇ်ခေတ်ကို ရောက်လာသောအခါ အစာအတွက် လူသည် စိုက်ပျိုးရေးကို လုပ်တတ်လာသည်။ မွေးမြူရေးလုပ်တတ်လာသည်။ စိုက်ပျိုးရေးမှ သီးနှံ့ ထုတ်ကုန်ကိုပေးသည်။ မွေးမြူရေးမှ အသား၊ သားရည်၊ အေမွး စသည့်ထုတ်ကုန်ကိုပေးသည်။ ထုတ်ကုန်ရှိလာသောအခါ ကျောက်ခေတ်ကလောက် စားဝတ်နေရေး မပင်ပန်းတော့ချေ။  ရခိုင်လူ့အဖွဲ့အစည်းသည် ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော လူအဖွဲ့အစည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူ့အဖွဲ့အစည်းသည် ဆယ်စုနှစ်များစွာ ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်...

အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1

 အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1 8- နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားအခွင့်အရေး (Citizenship and Citizen Rights) နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်၍ (7-2-2024) ရက်နေ့ BBC ၏ အင်တာဗျူးတွင် " ရိုဟင်ဂျာပဲ ခေါ်ခေါ်၊ ဘင်္ဂလီပဲ ခေါ်ခေါ် ရခိုင်ပြည်သားတစ်ယောက်ဆိုရင် နိုင်ငံသားအခွင့်အရေးက ရရ မွာပဲ" ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါသည်။  ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် 15 တွင် "လူတိုင်းသည် နိုင်ငံသား ဖြစ်ရန် အခွင်အရေးရှိပြီး ၎င်းတို့်၏ နိုင်ငံသားဖြစ်မှုအပေါ်မည်သူကမျှ ပိတ်ပင်တားဆီးခွင့်မရှိကြောင်း ပြဌာန်းထားပါသည်။ - နိုင်ငံသားတိုင်းသည် ဥေပဒ၏ ရှေ့တွင်တူညီသော အခွင့်အရေးရှိသည်။ - နိုင်ငံသားတိုင်းသည် မိမိ၏အတွေးအမြင်၊သတင်းအချက်အလက်များကို လြတ္လပ္စြာ လူအများနှင့် ဆက်သွယ်ဆောင်ရွက်ချပြနိုင်သည်။ - အစိုးရများ၊နိုင်ငံများသည် လူ့အခွင့်အရေးအပေါ်တွင် ကန့်သတ်ပိတ်ပင်ခွင့်မရှိပါ။ - ဒီမိုကေရစီ၏ အနှစ်သာရအချက်များဖြစ်သော ရွေးကောက်ပွဲအခင်းအကျင်းများ၊ လူ့အခွင့်အရေးကို လေးစားမှုများ၊ လွတ်လပ်ခွင့်တန်ဖိုးများကို ရရှိခွင့်ရှိသည်။ နိုင...

အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1

 အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1 7-အားလုံးပါဝင်ပတ်သက်မှု/ အားလုံးအကျုံးဝင်မှု ရက္ခိတလမ်းစဉ် အပေါ် ဒုတိယပိုင်းကာလ ဖွင့်ဆိုမှုဖြစ်သော (7-2-2024) ရက်နေ့ BBC နှင့်အင်တာဗျူးတွင် ရက္ခိတအိပ်မက်၊ ရက္ခိလမ်းစဉ် ကို အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ပိုမို၍ အဝိုင်းအဝန်းကျယ်ပြန့်လာသည့်သ ဘောကို အေ အေ ခေါင်းဆောင်ပိုင်းမှ ပြောကြားခ့ဲသည်။ အဆိုပါအင်တာဗျူးတွင် ပါရှိသော ပြောကြားချက်အရ ရက္ခိတလမ်းစဉ်သည် ရခိုင်ဒေသရှိ ရခိုင်လူမျိုးတစ်ခုတည်း ဗုဒ္ဓဘာသာတစ်ခုတည်းကို ကိုယ်စားပြုသော အသုံးအနှုန်းမဟုတ်ကြောင်း၊ ရခိုင်ဒေသမှာနေထိုင်သော လူမျိုးမခွဲ ဘာသာမခြဲ လူမျိုးပေါင်းစုံအတွက် လွတ်လပ်သော၊ တရားမ်ွတ သော၊  ကြီးသည်ငယ်သည် မခွဲခြားဘဲငြိမ်းချမ်းတဲ့ အနာဂတ္ကို အတူတကြ ဖန်တီးသော လူမျိုးရေးအမြင်ထက်ကျယ်ပြန့်တဲ့အတွေးအခေါ်လမ်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုပါသည်။  အဆိုပါ အင်တာဗျူးအရ အားလုံးပါဝင် ပတ်သက်မှု/ အားလုံးအကျုံးဝင်မှု ကို ရက္ခိတအိပ်မက်၊ ရက္ခိတလမ်းစဉ် ဘက်မှ လက်ခံထားသည်ကိုတွေ့ရသည်။  အားလုံးပါဝင်ပတ်သက်မှု/ အားလုံးအကျုံးဝင်မှု သည် နိုင်ငံတကာစံနှုန်းတစ်ခုလည်းဖြစ်သည်။ ကုလသမဂ္ဂ၏ (ICCPR) စာချု...

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

 အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1 ရက္ခိတအိပ်မက်၊ ရက္ခိတလမ်းစဉ်ဟူသည် အဘယ်နည်း။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဟူသည် အဘယ်နည်း။ အာရကန် အခေါ်အဝေါ်၏ လွမ်းခြုံမှုသည် အဘယ်နည်း။ အာရက္ခ အခေါ်အဝေါ်၏ လွမ်းခြုံမှုသည် အဘယ်နည်း။ အချုပ်အခြာအာဏာဟူသည် အဘယ်နည်း။ 1-ရက္ခိတအိပ်မက် ရက္ခိတအိမ်မက်ဟူသည် ရခိုင်ပြည်၏ အချုပ်အခြာအာဏာကို မျှော်ရည်တွေးမှုဖြစ်သည်။ တချိန်က သမိုင်းတလျောက်ထွန်းကားခ့ဲသော ရခိုင်ပြည်ဆိုသော နေရာဒေသသည် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည် နိုင်သော အတိပ်ကိုပိုင်ဆိုင်ခ့ဲဖူးသည်။ ပညာရေး၊လူမှုရေး၊စီးပွားရေး အဖက်ဖက်မှ နှိမ့်ကျနေသော အခြေအနေအောက်မှ ပိုမိုကောင်းမွန်သော အနာဂတ်ကိုရရှိရန်ရခိုင်ပြည်အတွက် လိုအပ်သော လုပ်ပိုင်ခွင်မှာ အချုပ်အခြာအာဏာ ဖြစ်သည်။ (hints: https://youtu.be/k1u4lo5ZYF8?si=60bSBVLGIsbeEYk2 ) 2-ရက္ခိတလမ်းစဉ် (ပထမ ပိုင်းကာလ ဖွင့်ဆိုချက်) ရက္ခိတလမ်းစဉ်ဟူသည် ရခိုင်တို့၏ ကိုယ်ကံကြမ္မာကိုယ် ဆုံးဖြတ်ဖန်တီးခွင့်ကို ဆိုလိုရင်းဖြစ်ကြောင်း (22-3-2019) ရက်နေ့ BBC နှင့် အင်တာဗျူးတွင် ဗိုလ်မှုးကြီးကျော်ဟန်က ဖြေဆိုခ့ဲသည်။ (7-12-2017) ရက်နေ့တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင...

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?

  Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely? Can war crimes in Arakan (Rakhine) state area  be justly handed alone by ULA/AA? My opinion on this case is ULA/AA won't give for all victims of war crimes. Some of cases committed by ULA/AA members can be handed by themself alone. Another cases committed by Myanmar Military won't be handed by ULA/AA without international supports. Because of reasons that even though war crimes cases had occurred in Arakan (Rakhine) state, some victims and doers of war crimes are  legally existentially outside of ULA/AA's control area. We have a hope on ULA/AA to preventingly protect war crimes in Arakan (Rakhine) State. Because there are benifits for not only civilians in Arakan (Rakhine) State but also civilians in South Asia and Asean regions if ULA/AA preventively protect war crimes. By positive side of view, ULA/AA have accountability to protect for everybody from facing war crimes in Araka...


 စစ်ရာဇဝတ်မှုနှင့် ULA/AA ရခိုင်ပြည်အတွင်း ဖြစ်ပွားသော စစ်ရာဇဝတ်မှုများကို ULA/AA သည် တကိုယ်တည်းကိုင်တွယ်နိုင်ပါမည်လော။ မိမိ၏ အမြင်တွင်တော့ အားလုံးသော စစ်ရာဇဝတ်မှုများကို ULA/AA သည် တကိုယ်တည်းကိုင်တွယ်နိုင်မည်မထင်ပါ။ ULA/AA အဖွဲ့ဝင်များကိုယ်တိုင် ကျူးလွန်ခ့ဲသည့် ရာဇဝတ်မှုများကိုတော့ ULA/AA သည်ကိုင်တွယ်နိုင်ပါလိမ့်မည်။ သို့ရာတွင် ဥပဒေကြောင်းအရ အထူးသဖြင့် ULA/AA ၏ ထိမ်းချုပ်မှုနှင့် နယ်မြေ၏ အပြင်ဘက်တွင်ရှိနေသော မြန်မာ့စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များမှ ကျူးလွန်ခ့ဲသော ဖြစ်ရပ်များနှင့် မူဆလင်အကြမ်းဖက်များ ကျူးလွန်ခ့ဲသော ဖြစ်ရပ်များကိုတော့ ULA/AA သည် နိုင်ငံတကာ အကူအညီ မပါဘဲ တစ်ကိုယ်တည်းကိုင်တွယ်နိုင်ရန်ကား ဖြစ်နိုင်ရန်မရှိပါ။  ရခိုင်ပြည်အတွင်း စစ်ရာဇဝတ်မှုများအား တားဆီးကာကွယ်ရန် ကိစ္စနှင့်ပတ်သက်၍ ULA/AA အပေါ် မိမိတို့အနေဖြင့် မျှော်လင့်ချက်ထားပါသည်။ ULA/AA ၏ စစ်ရာဇဝတ်မှုကို တားဆီးကာကွယ်မှုသည် ရခိုင်ပြည်ထဲရှိ ပြည်သူအတွက်သာမက တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာပြည်သူများအတွက်ပါ အကျိုးရှိသည်။ အပြုသဘောဘက်မှ ချဉ်းကပ်ပါက ရခိုင်ဒေသအတွင်းရှိ မည်သူကိုမဆို စစ်ရာဇဝတ်မှုမှ ကာကွယ်ပေးရန် ULA/...

ပင်လယ်ပြင်နှင့် ရခိုင်ရိုးမ-1

 ရခိုင်ပြည်အနေဖြင့် ကိုယ်ပိုင်အချုပ်အခြာအာဏာကို ထူထောင်နိုင်သော သမိုင်းခေတ်ကာလများတွင် ပင်လယ်ပြင်နှင့် ရခိုင်ရိုးမကို စိုးမိုးထားနိုင်သည်ကို တွေ့ရသည်။ ထိုခေတ်ကာလတလျောက် ရခိုင်ဘုရင်များသည် ပုံစံအမျိုးမျိုးဖြင့် ပင်လယ်ပြင်နှင့် ရခိုင်ရိုးမကို စိုးမိုးနိုင်ရန် အားထုတ်ခ့ဲကြသည်။ ထိုသို့အားထုတ်ရာတွင် ဒေသန္တရအာဏာခွဲဝေမှုကိုပါ ပေါင်းစပ်ကျင့်သုံးသွားကြသည်။  ရခိုင်ပြည်၏ အချုပ်အခြာအာဏာကို ထူထောင်ခ့ဲပြီးသည်နှင့် ထိုအချုပ်အခြာကို ကာကွယ်ရန်မှာ ပင်လယ်ပြင်နှင့် ရခိုင်ရိုးမကို တည်ငြိမ်အောင်ထိမ်းချုပ်ထားနိုင်မှု မည်မျှလောက်ရှိ၏၊ မရှိ၏ ဆိုသည့်အချက်က တိုင်းတာနိုင်သည်။ ရခိုင်အချုပ်အခြာအာဏာအပေါ် စစ်မက် ပြုလိုသောသူများသည် ရိုးမတောင်ကိုဖြတ်၍လာသည်။ ပင်လယ်ပြင်ကို ဖြတ်၍လာသည်။  ကာကွယ်ရေးဆိုင်ရာရှူဒေါင့်အရ ရိုးမတောင်နှင့်ပတ်သက်၍ ရခိုင်ပြည်ကို ထိုးစစ်ပြုရန်ဝင်လာသောသူကို ရခိုင်ဘက် ရင်ဆိုင်ဟန့်တားနိုင်ရန် အားသာချက်များရှိပါသည်။  ပင်လယ်ပြင်ဆိုင်ရာ ရင်ဆိုင်မှုတွင်တော့ ရခိုင်ပြည်အတွက် စိန်ခေါ်ချက်များစွာရှိနေနိုင်သည်။ ကမ်းပေါ်မှသာစောင့်ကာ ပင်လယ်ပြင်ကို စောင့်ကြည့်၍ ရင်ဆိုင်နေရသော အခြေအနေမျိုးတွင်သာရှိ...