လူမျိုးစုများ ရပ်ရွာကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် မူဝါဒ လေဟာနယ်
လူမျိုးစုများ ရပ်ရွာကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် မူဝါဒ လေဟာနယ် အုပ်ချုပ်ရေးအား အ ကောင်အထည်ဖော်ရာတွင် လူမျိုးစုငယ်များနှင့် မတူကွဲပြားသော ဘာသာရေးအုပ်စုများနှင့် ပတ်သက်၍ မည်သို့ဖော်ဆောင်မည်နည်း။ ------------------------------------------- ULA/AA ၏ ပြည်တွင်းပြည်ပ မီဒီယာမ်ားကို ဖြေကြားချက်များအား လေ့လာကြည့်ရာတွင် ULA/AA ဖော်ဆောင်မည့် အာရက္ခပြည်အုပ်ချုပ်ရေးဖြစ်စဉ်တွင် လူနည်းစုများကိုပါ ပါဝင်လာအောင် ဆောင်ရွက်နေသည်ဟု ဆိုထားသည်။ ULA/AA အနေဖြင့် မြေပြင်တွင် လူမျိုးစုရေးရာ ကော်မတီနှင့် မူဆလင်ရေးရာ ကော်မတီများကို ဖွဲ့ထားသည်ဟု ဆိုသည်။ ထိုက့ဲသို့ လူမျိုးစုနှင့် မူဆလင်ရေးရာ ကော်မတီများကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မိမိလူမျိုးစုအလိုက် မိမိရပ်ရွာဒေသကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် အတွက် ဖြစ်သည်ဟု ULA/AA ဘက်မှ ဆိုထားသည်။ ULA/AA ဘက္ က လူနည်းစုငယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖော်ဆောင်မှုတွင် လမ်းဖွင့်ပေးမှုများရှိနေ သော်လည်း လူနည်းစုများအနေဖြင့် မှန်းဆရခက် ချဉ်းကပ်ရခက်နေ သော အနေအထားမျိုးတွင်သာရှိနေ သေးသည်။ ဤ တွင် ULA/AA ၏ လက်ရှိအ ကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လူနည်းစုမ...