အမေရိကန်TIP အစီရင်ခံနောက်ပိုင်း ဘင်္ဂလားဒေရှ့် လူကုန်ကူးအချို့ကို ဖမ်းဆီးပြလာ
အမေရိကန်TIP အစီရင်ခံနောက်ပိုင်း ဘင်္ဂလားေဒရှ့် လူကုန်ကူးအချို့ကို ဖမ်းဆီးပြလာ ဘင်ျဂလားဒေရှ့်နိုင်ငံရဲ့ လူကုန်ကူးခံရမှု အစီရင်ခံစာ (TIP) ကို အမေရိကန် နိုငျငံနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါအစီရင်ခံစာထဲမှာ ၂၀၂၄ခု နှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဘင်္ဂလားေဒရှ့်က လူကုန်ကူးခံမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေ ပါပါတယ်။ အဆိုပါအစီရင်ခံစာထွက်လာပြီးနောက်ပိုင်း ဘင်္ဂလားေဒရှ့် အာဏာပိုင်တွေဘကျက လူကုန်ကူးခံရမှုတွေကို တိုက်ဖျက်မှုအချို့ရှိလာပါတယ်။ အောက်တိုလာလထဲမှာ လူကုန်ကူးခံရသူ ၁၀၉ လောကျကို ဘင်ျဂလားဒေရှ့်အာဏာပိုင်တွေက ကယ်တင်ထားနိုင်တယ်လို့သိရပါတယ်။ အဆိုပါအစီရင်ခံစာထွက်လာပြီး အောက်တိုဘာလ ၃ ရက်နေ့က ဘင်ျဂလားကမ်းခြေ စောင့်တပ်နဲ့ ရေတပ်တို့ပူးပေါင်းပြီး ဘဟာရ် ခဟြာရာတောင်ကုန်းတဝိုက်မှာ ရိုဟင်ဂျာ ၃၉ ယောကျကို လူကုန်ကူးသူတွေလက်ထဲက ကယ်ခ့ဲပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ ဘင်ျဂလားဒေရှ့် ကမ်းခြေစောင့်တပ်က ရိုဟင်ဂျာ အပါအဝင် ဘင်ျဂလားဒေရှ့်နိုင်ငံသား ၄၄ ယောက်နဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ရိုဟင်ဂျာ ၂၆ ယောက် ကို ကယ်ခ့ဲပါတယ်။ ကယ်တင်ခံရတ့ဲ လူဦးေရဟာ ...